August 7, 2025
Uncategorized

ရေမျောက်

ပုသိမ်ရန်နောင်စိုးရေမျောက်ဆပ်သွားဖူးချုံတန်းများကြားထဲကနေ လှမ်းမျှော်ကာကြည့်လိုက်ရာ ဖြူလွလွသဲသောင်ပြင်၊ အုပ်သင်းဖွဲ့နေသည့် ကဏန်းနီကောင်များ၊ ရေကျချိန် ရေစစ်ချိန်မှာ ထိုးထိုးထောင်ထောင်ပေါ်နေလေ့ရှိသည့် ကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ချွန်းများ၊ ရှေ့ဆင့်နောက်ဆင့် မရပ်မနား တအိအိချီတက်လာနေသည့် လှိုင်းလုံးများ၊ လှိုင်းခေါင်းဖြူများ၊အနောက်ဘက်မိုးကုပ်စက်ဝိုင်းနှင့် ထိနမ်းနေသည့် ပင်လယ်ပြင်ပြာပြာကြီး။ကျွန်တော်နှင့် ကိုရွှေထွန်း သဲသောင်ပြင်ပေါ်ရောက်သွားတော့ ကဏန်းနီအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ရေစပ်လှိုင်းကြားထဲသို့ ပြေးဆင်းသည့် အကောင်တွေက …

Uncategorized

မုဆိုးအပြုံး

မောင်မြင့်မား(ဘိုကလေး)မုဆိုးအပြုံးချေ(ဂျီ)ဆိုသော အကောင်မျိုးက လန့်တတ်သည်။ ချေအီး ချေလန့် ဆိုသော စကားတောင် မုဆိုးလောကမှာ ကြားဖူးသည်။ အခုလည်း ဘယ်ကဘယ်လို ချေက လန့်လာသည်မသိ။ တောကောင် မရသေးသောကြောင့် စိတ်ညစ်နေရသည့်အထဲ စိတ်ပျက်လက်ပျက်နှင့် ထိုင်နေသော ကိုပွေးကို လန့်လာသော ‘ချေ’ က ဝင်တိုးသွားသောကြောင့် ကိုပွေးတစ်ယောက်မှာ ရှေ့ကို …

Uncategorized

လေသေနတ်နှင့် အမဲကြီးများ

လေသေနတ်နှင့် အမဲကြီးများ“အန်ကယ်မင်း … အန်ကယ်မင်း ရေးတဲ့ ဝတ္ထုတွေက တကယ့်အဖြစ်အပျက်တွေလား။ သားကောင်အမဲကြီး စိုင်၊ ပြောင် ပစ်တာတွေဆိုတာကရော တကယ်လား။ အန်ကယ်မင်း ရေးတာတွေကို ဖတ်ပြီး ကျွန်တော်တို့တော့ တော်တော်ကို အားကျမိတယ်ဗျာ”မုဆိုးဝါသနာပါပြီး လေသေနတ်သာ ပစ်နေရသော စိုးသန်းအောင်၊ ကျော်ကျော် နှင့် ဇော်ဇော် တို့ …

Uncategorized

ဘဝပြောင်းသွားသော ပိန္နဲသီး

မောင်မြင့်မား(ဗိုလ်ကလေး)ဘဝပြောင်းသွားသော ပိန္နဲသီးချွေးများက ရွှဲနစ်နေသည်။ တစ်ကိုယ်လုံးလည်း စပ်ဖျဉ်းဖျဉ်း ဖြစ်နေသည့်အပြင် ခြေကုန်အောင် လည်း လျှောက်လိုက်ရသည်။ညိုလုံးက နွားကိုဆွဲလာရင်း စိတ်ထဲက မကျေမနပ် ဖြစ်နေသည်။ အတော်ခြေရှည်သော နွားပေတကား။ ကုန်းတန်းတစ်လျှောက် နှစ်နာရီကျော်လောက်ရှာမှ သကောင့်သားကို တွေ့ရသည်။ တောကောင်မရှိသော အရပ်မို့သာ တော်တော့သည်။ နို့မို့ဆိုရင် ခြေရှည်သောနွား၊ ချိုနှင့် …

Uncategorized

ဒူးလေးငစိုး

ချမ်းမြအောင်ဒူးလေးငစိုးလက်ပံတောရွာလေးသည် အနောက်ရိုးမအနီး၌ တည်ရှိသော ရွာကလေးတစ်ရွာ ဖြစ်သည်။တောင် သူလယ်သမားအများစု နေထိုင်ကြသည်။ တောင်သူအလုပ်ပါးချိန်ဆိုလျှင် တောင်ပေါ်တက်၍ ဝါးခုတ်၊ ထင်းခုတ် ရောင်းကြသည်။အချို့ကမူ မုဆိုးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။မုဆိုးများထဲတွင် ဒူးလေး ငစိုးက နာမည်ကြီးသည်။ဟုတ်သည်။ ဒူးလေးငစိုး။သူ့နာမည် အပြည့်အစုံက မျိုးမင်းစိုး။ အသားဖြူဖြူ၊ အရပ်အမောင်းကောင်းသူ။ သူ့ကို အပြင်ပန်းကြည့်လျှင် မုဆိုးတစ်ယောက်ဟု …

Uncategorized

မုဆိုးနှင့်သားကောင် တောတောင်ကတစ်မှောင့်

မင်းရဲကျော်မုဆိုးနှင့်သားကောင် တောတောင်ကတစ်မှောင့်(၁)မြန်မာနိုင်ငံက ချစ်သော၊ မြန်မာနိုင်ငံတွင် မြစ်ဖျားခံကာ၊ မြန်မာနိုင်ငံတွင် အဆုံးသတ်လေသော မြန်မာ့သွေးကြောဖြစ်သည့် ဧရာဝတီမြစ်မင်းကြီးကား ထာဝရ တဒီးဒီး စီးဆင်းနေသည်။ထာဝရလှပနေသော မြစ်မင်းဧရာဝတီအား မြန်မာပြည်သူတွေ ချစ်၏။ ပြည်ပ ဧည့်သည်တော်များလည်းချစ်ကြ၏။မြစ်မင်း၏ ချစ်ခြင်းအား မြန်မာပြည်သူတွေ သိ၏၊ မြတ်နိုး၏။ ထာဝရရေကြည်၍ သဘာဝကိုမသွေဖည်သော မြစ်မင်း၏ စေတနာကြောင့် …

Uncategorized

ကုလားဘိုတီးနှင့် မိကျောင်းသိုက်

ပြည်ပန်းမိုးကုလားဘိုတီးနှင့် မိကျောင်းသိုက်ကုလားဘိုတီး နှစ်ထပ်ကွင်းကြောင် ချောင်းထဲ၌ မိကျောင်းတစ်ကောင် တွေ့ရသည်ဆိုသော သတင်းမှာ ဝါးတစ်ရာ တစ်ရွာလုံး ပျံ့နှံ့နေ၏။“ကိုဘိုတီးရယ်၊ ရှင့်ဥစ္စာ ဟုတ်မှလည်း လုပ်ပါတော်။ ဒီချောင်းကျဉ်းလေးထဲကို ရှင်ပြောတဲ့ မိကျောင်းမျိုး လာနိုင်ပါ့မလား။ ကျွန်မတော့ မယုံရေးချ မယုံဘဲ”ရှင်ငြိမ်းသာက နှစ်ထပ်ကွင်းကြောင်ချောင်းစ၌ ရခဲ့သည်ဆိုသော ငါးတန်ကြီးကို ခြင်းကြီးထဲ မနိုင်မနင်းထည့်၍ …

Uncategorized

မျိုးဖျက်တဲ့ပိုး

မောင်ခြိမ့်မျိုးဖျက်တဲ့ပိုးဝါလကင်းလွတ် သီတင်းကျွတ်ခဲ့ပြီ။မြန်မာပြည်အနှံ့ စိုးမိုးမင်းမူ ဘုရင်တစ်ဆူလုပ်နေခဲ့သော မုတ်သုံလေတို့ ဆုတ်ခွာသွားပြီ။မိုးအလွန် ဆောင်းအကူးကာလပေမို့ ကောင်းကင်တစ်ခွင်တစ်ပြင်လုံး ကြည်စင်၍နေလေသည်။ တိမ်ခြေ၊ မင်းလွင်မြူခိုးဝင်စ ခါသမယမို့ အပြာနုရောင် မိုးသားပြင်သည် ကြယ်အပေါင်းတို့ ဝန်းရံခလျက် တင့်တယ်စွာ ထွန်းပနေသော လမင်းကြီးနှင့် ပနံတင့်လှလေ၏။ဝိုင်းဝိုင်းစက်စက် လမင်းကြီးသည် ဖြူဝါဝါရောင်ခြည်များ သွန်းချလျက်ရှိသောကြောင့် ဖိုးနီတို့ ဇုက္ကနိရွာကလေးသည် …

Uncategorized

ကံဆိုးသူ

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)ကံဆိုးသူနေရောင်သည် အနောက်ရိုးမကျောပေါ်၌ မေးတင် အိပ်ငိုက်စ ပြုသည်။ နီကျင့်ကျင့်နေမင်း၏ မျက်နှာပြင်မှ ဖြော့တော့တော့ ရောင်ဝါတို့ကို လွှင့်နေတော့သည်။လျှိုဖြားထိပ် လယ်ကွင်းစဆီက အချီအချ တွန်ကျူးသော တောကြက်ဖတသိုက်၏ အသံမှာ ဝင်လုလု ဆည်းဆာအချိန်ကို သာယာသလောက် လွမ်းဘွယ်ဖန်နေတော့၏။သစ်တောက်ငှက်တကောင်သည် အိပ်တန်းတက်ခါနီး အစာရှာဖွေနေ၏။ သစ်ကိုင်းခြောက်ကြီးလို ချွန်တက်သွားသလောက် မာကြောသောနှုတ်သီးဖြင့် တဒုံးဒုံးခေါက်၍ …

Uncategorized

မိုးမခပင်အောက်က မိုးသောက်ယံ

ပုသိမ်ရန်နောင်စိုးမိုးမခပင်အောက်က မိုးသောက်ယံ“အဘိုး … အဘိုး … အဘိုး … အဘိုး”စူးစူးဝါးဝါး ကျယ်ကျယ်လောင်လောင် အော်ဟစ် အဘိုးတလိုက်သည့် အသံကြောင့် ဦးထိပ်သီးတစ်ယောက် သူ့ဘဝ၏ ငယ်စဉ်က အခန်းဆက် တံငါ ဇာတ်လမ်းတွဲများမှာ ရုတ်ခြည်းပင် ပျောက်ကွယ်သွားတော့သည်။စိတ်တိုသလို ဖြစ်သွားပြီး ငါနှင့်ပင် ကလော်တုတ်ချင်စိတ် ပေါက်သွားသည်။ သို့သော်လည်း …