August 10, 2025
Uncategorized

တောတွင်းသားနှင့် ငှက်ဖျားရောဂါ

ထောင်မှူးကြီးသိန်းဝင်းတောတွင်းသားနှင့် ငှက်ဖျားရောဂါတောနေလူတန်းစားများအတွက် အဓိကဖြစ်ပွားတတ်သော ရောဂါများမှာ ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါတို့ ဖြစ်ကြသည်။ ရွာသူရွာသား၊ တောတွင်းနေသူများအတွက် မဖြစ်မနေ ဖြစ်ပွားတတ်သည့် ရောဂါဆိုးကြီးများဖြစ်ကြပါသည်။ဝမ်းရောဂါကား ယင်နားစာနှင့် အမှည့်လွန်သစ်သီးများကို မစားဘဲ ရေကို ကြိုချက်သောက်ခြင်းဖြင့်ကာကွယ်နိုင်သည်။ ဖြစ်ပွားလာပါကလည်း တိုင်းရင်းဆေးနှင့် ခေတ်ပေါ်ဆေးများက ထိရောက်စွာ အချိန်တိုအတွင်း သက်သာပျောက်ကင်းအောင် ကုသနိုင်ပါသည်။ငှက်ဖျားရောဂါကတော့ ထိုသို့မဟုတ်ပါ။ …

Uncategorized

မြွေပွေး ပိုးထိခံရခြင်း

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)မြွေပွေး ပိုးထိခံရခြင်းနေရောင်ခြည်များက ဟိုတကွက် ဒီတကွက်နှင့် တောတွင်းသို့ ကျဆင်းလျက်။မျှော်လေတိုင်း မြင်မဆုံးစေသော တောင်တန်းနှင့် တောပြင်ကို ကျွန်တော်က မသိမသာကြည့်ရင်း ခရီးပြင်း ချီတက်ခဲ့ကြသည်။လှမ်းလိုက်တိုင်းပင် ခရီးပြင်း ချီတက်ခဲ့မှုကြောင့် ချွေးသီးချွေးပေါက်များမှာ ဒလဟော ယိုဆင်းနေတော့သည်။ဝှီးကနဲ အသံကြီးဖြင့် ရစ်တကောင်၏ အလန့်တကြား ပျံသန်းလိုက်မှုကြောင့် ကျွန်တော်တို့ မုဆိုး …

Uncategorized

ဝက်တစ် သမင်နှစ် ဂျီ ကြောင် ယုန်အဆစ်

ဝက်တစ် သမင်နှစ် ဂျီ ကြောင် ယုန်အဆစ်ပူစပ်စပ်နေရောင်၏ အတွေ့ အထိနှင့် တဟုန်းဟုန်း ဆောင့်တိုက်လိုက်သော လေရူးဒဏ်ကြောင့် အိပ်ပျော်နေရာက လန့်နိုးခဲ့ရသည်။ သို့သော် တစ်ညလုံး တောလည်ပြီး မိုးလင်းခါနီးမှ ရွာပြန်ရောက်ကြသဖြင့် အိပ်ရေးပျက်ပြီး မျက်လုံးများက ဖန်တွတွ ဖွင့်မရ။ဘေးနားမှ အဖွဲ့များလည်း တုံးလုံးပက်လက် မထကြသေး။ တချို့က …

Uncategorized

လူသွေးသောက် ကိုယ်ပျောက်အမဲကြီး

လူသွေးသောက် ကိုယ်ပျောက်အမဲကြီး(၁)“ဗျို့ … ကိုစံရေး … ကိုစံရေး ၊ ခင်ဗျားတို့ ယာထဲမှာ ကျွဲတွေ ရောက်နေတယ်ဗျို့….”အော်ဟစ်လာရောက် သတိပေးလိုက်သူမှာ မောင်ထွန်းဆိုသူ အသက် ၂ဝ ခန့်ရှိ လူပျိုကလေးဖြစ်သည်။မောင်ထွန်း၏ အသံကြောင့် ကိုစံရေးမှာ အိမ်တွင်းမှ ကိုင်းဓါးရှည်ကြီး ဆွဲထွက်လာသည်။“ဟေ… ဘယ်က ကျွဲအုပ်လဲကွ။ ဒီဘက် …

Uncategorized

မှိန်းမိတဲ့ငါး

မောင်ခြိမ့်မှိန်းမိတဲ့ငါးကွေ့ကွေ့ကောက်ကောက် ချောင်းကလေးတစ်လျှောက် လှေကလေးကို ရေစုန်တွင် လှော်လာခဲ့သည်မှာ တစ်နာရီခန့်ရှိပြီ။ သို့သော် မြစ်မကြီးနှင့် ဆုံတွေ့ရာ ချောင်းဝသို့ မရောက်နိုင်သေးပါ။ည ဆယ်နာရီခန့်သာ ရှိသေးသော်လည်း ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်လုံး တိတ်ဆိတ်မှုက ဖုံးလွှမ်းလျက်ရှိ၏။ ချောင်းကလေး ဘယ်ညာကမ်းနှစ်ဖက်တွင် ပေါက်ရောက်လျက်ရှိသော လမုပင်များ၊ မိုးမခပင်များ၊ သပြေပင်များတွင် မှိတ်ချည်လင်းချည်ဖြင့် ဟိုမှသည်မှ သွားလာရွေ့လျားနေသော …

Uncategorized

ကိုယ်ပျောက်ဘိုးဘိုးနှင့် တောကြောင်နက်သား

ကေ(တောင်တန်းပြာ)ကိုယ်ပျောက်ဘိုးဘိုးနှင့် တောကြောင်နက်သားပုံတောင်ပုံညာ ယောဒေသက တောခလွန်ဆိုတဲ့ တောကျောင်းလေး တစ်ကျောင်းမှာ ဘိုးတော်ဦးဒါနဆိုတဲ့ ဗိန္ဒောဆေးဆရာကြီးဟာ သက်သတ်လွတ်တွေပဲ မှီဝဲရင်း တောမှီဘိုးတော် လုပ်နေတာပေါ့။ ဘိုးတော် ဦးဒါနဟာ အရင်တုန်းကတော့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပါ။ဒါပေမဲ့ ဘိုးတော်ဦးဒါနက ဗေဒင်ဟော၊ ဇာတာဖွဲ့၊ ယတြာချေ၊ အင်းအိုင်လက်ဖွဲ့ စတဲ့ ဂမ္ဘီရပညာတွေကို လိုက်စားတယ်။ ဒီအလုပ်တွေက …

Uncategorized

သွေး

ယိမ်းနွဲ့လျှံသွေး(၁)နှစ်နှစ်ဆယ်ကြာမှ ပြန်ပေါ်လာသည့်အခွင့်အရေး . . . ။ ပြန်ပေါ်လာသည်ဟု ဆိုငြား သဘာဝပြဋ္ဌာန်းချက် ကြောင့် သူ့အလိုလို ပြန်ပေါ်လာခြင်းမျိုး မဟုတ်။ ကံတရားဖေးမမှုကြောင့် ပြန်ပေါ်လာရခြင်း။ဟုတ်သည်။ မနေ့ညက ကျွဲမ မိမဲတူမှ ကျွဲဖြူထီးကလေးတစ်ကောင် ပေါက်ဖွားသန့်စင်နိုင်ခဲ့၏။ ဤသို့ ကျွဲဖြူတစ်ကောင် မွေးဖွားပေါ်ပေါက်လာရခြင်းသည်ပင် ဤ”ဘရာပနာ”ကျွဲမျိုးတို့အတွက် ကံကောင်းခြင်းဟု …

Uncategorized

အလှည့်

ကျွန်းစဉ်မြေစောခက်အလှည့်လှမိုးတို့ မောင်နှမတွေ ဝက်ကလေးတွေကို ကြည့်လိုက်၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်နဲ့ အပျော်နဲ့အပြုံးတွေ သွန်ချနေကြတယ်။ ဝက်ကလေးတွေမှာ ဝဝကစ်ကစ်ကလေးတွေမို့ ချစ်စရာကောင်းမှကောင်း။အဖေကြီး ကိုထွန်းစိန်ဆိုရင် ပေါက်ခါစ ဝက်ကလေးတွေ အနေအထား မမှန်ခင် သေကြေပျက်စီးကြမှာစိုးလို့ တစ်ပတ်လုံးလုံး ပိုက်မလိုက်ဘဲ ဝက်ကလေးတွေကို ပြုစုပေးခဲ့တယ်။ အလုပ်က ပိုလာခဲ့ပြီမို့ အလတ်ကောင် လှမောင်ကိုလည်း …

Uncategorized

ရုက္ခရာဇာ

ထောင်မှူးကြီးသိန်းဝင်းရုက္ခရာဇာ၁၉၈၄ ခုနှစ်၊ ဇွန်လအတွင်း ဖြစ်သည်။ကော့သောင်း မိုးက တစိမ့်စိမ့်။ မိုးရွာသော်လည်း အိုက်စပ်စပ်။ကော့သောင်းမြို့တွင် ရန်ကုန်လို မိုးအတိတ်ကို စောင့်၍မရ။ သည်းရာက ဖွဲဖွဲရွာပြီး၊ ဖွဲရာက သည်း သည်းပြန်ရွာတတ်သဖြင့် ကော့သောင်းမြို့မိုးရာသီမှာ မိုးဥတုတစ်လျှောက်လုံး မိုးလုံးပတ်လည်ဖြစ်၍ နေပါတော့သည်။ကျွန်တော်တို့ အကျဉ်းဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိုးရွာသော်လည်း နားမနေနိုင်ပါ။ တာဝန်က …

Uncategorized

ဆတ်ပေါင်နှစ်ချောင်း

မောင်မြင့်မား (ဘိုကလေး)ဆတ်ပေါင်နှစ်ချောင်း“ဆရာလေး ဆရာလေး”“ဟာ စောအယ်စေး၊ ဩော် မုဆိုးကြီးတွေလဲ ပါတာကိုး။ ဘာကိစ္စများပါလိမ့်”စောအယ်စေးက-“ဟိုတစ်နေ့က ကျွန်တော်တို့ တောပစ်မထွက်မီ ဆရာလေးခေါ်လို ဆရာလေး အိမ်မှာတောင် ခဏဝင်ထိုင်ကြသေးတယ်လေ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာလေးပြောတဲ့ စကားတစ်ခွန်းကို သတိရနေလို့။ ဂရုစိုက်တာတောင် တောပစ်ထွက်ရင်း မကြုံဖူးတာတွေ တွေ့ခဲ့ရလို့ ဆရာလေးကို စောဂျိမ်းနဲ့ …