November 11, 2025
Uncategorized

အရေခွံလဲသည့် ရွှေမောက် (စ/ဆုံး)

———————————— “အိမ်ရှေ့မှာ ဆရာကြီးရောက်နေတယ်” သားအကြီးရွှေတောက်ရဲ့ အော်လိုက်သံကြောင့်မိခင်လုပ်သူဒေါ်ရွှေမြ သားအငယ်ကောင်ကိုကပျာကယာ စောင်အုပ်ပေးပြီး “အသံမထွက်နဲ့ လူလေးကြားလား” “အင်း” ပြောပြီး အိမ်ရှေ့သို့ အလျင်အမြန်ပြေး၍ထွက်လာလိုက်သည်။အိမ်ရှေ့မှာ သားတို့မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘညိုကိုမြင်လိုက်ရ၍ “ဆရာကြီး ကြွပါရှင် ကြွပါ ဘာကိစ္စများပါလိမ့်” “မောင်ရွှေမောက် ကျောင်းမတတ်တာ နှစ်ရက်ရှိနေပြီဘာဖြစ်လို့လဲလို့ လာမေးတာဒေါ်ရွှေမြရဲ့” “ဟိုဟိုနေနေမကောင်းလို့ပါ …

Uncategorized

ဒေါသနှင့်ကျိန်ဆဲခြင်း၏နောက်ဝယ်(စ/ဆုံး)

————————————————- ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးဖွဲ့ ထားခြင်းဖြစ်ပါသည်။ အညာဒေသရှိ မြို့ငယ်လေး တစ်မြို့တွင် ကိုသာထူးနှင့် မထားစိန် ဟူသော လင်မယားနှစ်ယောက် ရှိလေသည်။ သူတို့တွင် သားသမီးသုံးယောက်ထွန်းကားခဲ့လေရာ အကြီးဆုံးသမီးနှင့် အငယ်ဆုံးသမီးတို့ကား အိမ်ထောင်ကျပြီး ဖြစ်လေသည်။ အိမ်​ထောင်ပြုပြီးသော သမီးနှစ်ယောက် တို့သည် ၎င်းတို့၏ အိမ်ထောင်ဖက်များနှင့်အတူ …

Uncategorized

အိမ်နီးချင်း

မိုးမိုး(အင်းလျား)(ဆရာမရဲ့ပထမဆုံးဝတ္ထုတို)“မောင်ရေ…..ဟိုဘက်နှစ်အိမ်ကျော်က မုံ့ဟင်းခါးကြွေးတဲ့ ၊ လာဖိတ်တယ် ၊ မောင်ဝင်သွားလိုက်နော်”“ဟာ….မောင်နောက်ကျနေပြီ ၊ အေးပဲ သွားလိုက်ပါနော် ၊ ဒီနားက လူတွေနဲ့လည်း ရင်းနှီးသွားအောင် မိန်းမဆိုတော့ ပိုကောင်းတာပေါ့”ကျွန်မတို့ သည်ရပ်ကွက်ကို ပြောင်းလာသည်မှာ သိပ်မကြာသေးပေ။အနီးအနားမှ လူများနှင့်လည်း မရင်းနှီးလှသေး။ကျွန်မတို့လည်း စကားနည်း၍ သူတို့ကလည်း အရိပ်အကဲကြည့်၍ အဝေးမှသာ အကဲခပ်နေကြဟန် …

Uncategorized

ဘဝအမှောင် (စ-ဆုံး)

မိုးမိုး(အင်းလျား)အများတကာက ဘဝကို သုညနှင့် စသည်ဟု ဆိုကြပါလျှင် ကျွန်မဘဝကို အနုတ်နှင့် စခဲ့ရသည်ဟု ဆိုရပေဦးမည်။ကျွန်မ၏ အမေသည် ကျွန်မကို မွေးဖွားပြီးချိန်တွင် သေဆုံးခဲ့ရပြီး ကျွန်မ တစ်နှစ်သမီး မပြည့်မီပင် အဖေ ဆုံးပါးခဲ့သည်။ ထို့ကြောင့်လည်း ကျွန်မကို ‘ခိုက်တတ်သည်’ဟု ဆိုကာ မည်သည့်အဒေါ်၊ ဦးလေး၊ ဆွေမျိုးကမှ …

Uncategorized

ငွေမျက်နှာ(စ-ဆုံး)

•••••••••••ဦးဖိုးကျား“ဟေ့ကောင်မ-ညည်းကို ဟိုပိုက်ဆံဝါလားကြီးက ရစ်နေပါလားအေ့ညည်းတော့ ကော်တာပဲ”“အောင်မယ်-ဒီတဏှာရူး – ယစ်ထုပ်ကြီး – သေခါနီးကြီးကို ငါက ဘာလုပ်ရမှာလဲရုပ်ကြီးကလည်း ဖြစ်နေလိုက်တာ၊ ငှက်ပျောသီး ပျော့ပျော့ကို ခွေးနင်းထားသလိုပဲ။ ငါက ပိုက်ဆံကို ဂရုစိုက်တာ မဟုတ် ဘူးအေ့-သိရဲ့လား”“ညည်းက မကြွားပါနဲ့၊ ပိုက်ဆံဟာ ပိုက်ဆံအေ့၊ မှတ်ထား၊ ပိုက်ဆံရဲ့အားကို ညည်းတွေ့တော့မှ …

Uncategorized

စိတ်ထားတတ်လျှင် (စ-ဆုံး)

မိုးမိုး (အင်းလျား)နွဲ့မူအနေဖြင့် သည်တပွဲမှာ ခင်လေးအပေါ် ကောင်းကောင်းကြီး အနိုင်ရတော့မည်ကို သိလိုက်ပါသည်။ ဪ… ခင်လေး … ခင်လေး သူ့အပေါ် အမြဲ အနိုင်ယူတတ်သည့် ခင်လေး၊ သူတပါးအပေါ် နှုတ်ဖြင့် ဖြစ်စေ၊ ကိုယ်အမူအရာဖြင့် ဖြစ်စေ စီးပိုးအနိုင်ယူ လိုက်ရမှ ကျေနပ်တတ်သည့် ခင်လေး၊ စကားတခွန်းကို …

Uncategorized

ကာဖီ (စ-ဆုံး)

ဂျာနယ်ကျော်မမလေးဒေါ်လုံမကြီးသည် ရင်ကို ထုလေ၏ရင်ကိုထုရင်း “ ကိုဘိုးချက်ရေ…. အေ-ကိုဘိုးချက်ရဲ့ ” ဟု စိတ်ရှိလက်ရှိ ကုန်းအော်ပစ်လိုက်၏။ဒေါ်လုံမကြီး၏ အသံကို ကြားကြားသမျှသော အနီးအနားရှိ အိမ်နီးနားချင်းများသည် ဦးချက်ကြီး သေပါပကောဟု ချက်ချင်း သိကြရသည်။နေ၀င်ဖျိုးဖျအချိန်၌ ရုတ်တရက်ကြီး ဖုံးလွှမ်းသွားသော ငိုကြွေးသံသည် တစ်ရပ်လုံး ချောက်ချားထူပူသွားစေ၏။ လမ်းထောင့်က တိုက်အိမ်ကြီး၏ …

Uncategorized

ထိုအမော

ထိုအမော-ဂျာနယ်ကျော်မမလေး“အမယ်လေး မေမေရေ…လာပါဦး”ဖြူဖြူလင်းစိန် အလန့်တကြား အမယ်လေး တ,လိုက်သံကြောင့် ဒေါ်ဖြူဖြူနုသည် အခန်းထဲက ပြေးထွက်ခဲ့ရသည်။“သမီးလေးရေ… သမီးလေး”ဒေါ်ဖြူဖြူနုမှာ ထိတ်ပျာ ပူပင်လျက် သမီးထံသို့ ပြေးထွက်လာရင်း အသံပြန်ပေးလာသည်။“ဘာတုန်း သမီး၊ ဘာတုန်း”ဧည့်ခန်းရှိနံရံကပ်စားပွဲနား၌ ဖြူဖြူလင်းစိန်ကို တွေ့လိုက်ရသည်။ ဖြူဖြူလင်းစိန်၏ လက်ထဲ၌ ကိုင်ထားသော ဖိတ်စာခေါက်သည် လက်က လွတ်ကျသွားသည်။ သမီးနားသို့ …

Uncategorized

နှင်းဆီမွေ့ယာ(စ-ဆုံး)

__________________ခင်နှင်းယု“ညီညီဟာ လူ့ဘဝကို အမှောင်နဲ့စခဲ့တာပဲ ဆရာမ”ညီညီ၏ဖခင်သည် ဆရာမ ပထမဆုံးရောက်သည့်နေ့က ညီညီ့အကြောင်းကို ဤစကားနှင့်စခဲ့လေသည်။“သူ့ကိုတွေ့တဲ့အခါ ညီညီဟာ ဘယ်လိုလူကလေး လည်းဆိုတာ ဆရာမသိပါလိမ့်မယ်။ ကျွန်တော့် သားကလေးအပေါ်မှာ ဆရာမဟာ နားလည်နိုင်ပါစေ သည်းခံနိုင်ပါစေလို့ ဆုတောင်းပါတယ်ဆရာမ”“ကျွန်တော့်ခြံဝင်းမှာတော့ ဆရာမပျော်ပါလိမ့်မယ်။ ခြံနောက်မှာလည်း စမ်းချောင်းတခု စီးနေပါတယ်။ ကျွန်တော့် ခြံဝင်းကိုလည်း လာကြည့်ပါဦး။ …

Uncategorized

ထိုနေ့က မီးမလာပါ (စ-ဆုံး)

မစန္ဒာ“ကျွန်မ အလုပ်လုပ်တာ ဟိုးရှေ့က ကွန်ဒုံးကြီးမှာလေ”လူထူပြီ ဆိုလျှင် ဒေါ်ကုလားမက မျက်နှာကို မသိမသာလေး မော့ကာ ဂုဏ်တယူယူနှင့် ပြောတတ်လေသည်။“ကွန်ဒုံးမှာ ဆိုတော့ မီးပျက်မှာကို ပိုပြီး ကြောက်ရတယ်။ လစ်ထဲ ရောက်နေတုန်း မီးပျက်လို့ကတော့ ပိတ်မိနေရော။ မီးစက်နှိုးတယ် ဆိုပေမဲ့ ချက်ချင်းမရ။ လစ်ထဲမှာ ဆိုတော့ ဖုန်းကလည်း …