November 10, 2025
Uncategorized

နတ်နဂါးအင်း (စ/ဆုံး)

မူရင်းရေးသူ_ ဆရာတာတေဘိုးရာစီက ဘန့်ဘွေးကုန်းကဗျ။ကျုပ်သူငယ်ချင်း သိန်းဇော်တို့နဲ့တောင်သားချင်းတော်တယ်။ဘိုးရာစီ ဆယ့်ငါးနှစ်သားလောက်ကရိုးမထဲမှာ မြွေလာဖမ်းတဲ့အလမ္မာယ်ဆရာတစ်ယောက်နဲ့တွေ့ပြီးတစ်ခါတည်း လိုက်သွားလိုက်တာ အသက်သုံးဆယ်မှရွာပြန်ရောက်လာတာဆိုပဲ။ပြန်ရောက်လာပေမယ့် ခဏပဲတဲ့ဗျ။သူအမေကို သူရှာလို့ရထားတဲ့ငွေတွေ လာပေးတာတဲ့။ငွေမှ မနည်းဘူးတဲ့ဗျို့။တစ်သောင်းကျော် နှစ်သောင်းနီးပါးတဲ့ဗျ။ဒီတုန်းက ငွေနှစ်သောင်းဆိုတာ နည်းတဲ့တန်ဖိုးမှ မဟုတ်တာ။ဘိုးရာစီရဲ့ အမေက ရွာမှာ တိုက်တွေဘာတွေ ဆောက်ပစ်ပြီးယာတွေမှ ဝယ်ထားလိုက်တာ လက်ညှိုးထိုးမလွဲဘဲတဲ့ဗျို့။ဘိုးရာစီ မြွေနိုင်ချက်တော့ဗျာ။ လမ်းမှာ သွားရင်းတွေ့တဲ့မြွေတိုင်း …

Uncategorized

ကန်တော်ကဝေမ (စ/ဆုံး)

မူရင်း _ ဆရာတာတေဆရာကြီး ဦးမင်းအောင်ရဲ့ကဝေတိုက်ပွဲတွေက ဆက်နေတာဗျ။ တာတေတောင် ရွာပြန်မရောက်တာ အတော်ကြာနေပြီ။ ဆရာကြီးဆီ ရောက်တော့မှပဲ လောကကြီးမှာ မှော်ပညာဆိုတာ တကယ်ရှိမှန်း သိလာတာဗျ။ ပြီးတော့ အလင်းမှော်ပညာသည်နှင့် အမှောင်မှော်ပညာသည်တွေအကြောင်းကိုလည်း သိလာတာဗျို့။လူတွေ ပြောပြောနေတဲ့ အထက်လမ်းနဲ့ အောက်လမ်းဆိုတာ ကိုယ်တွေ့ကြုံတော့မှပဲ တာတေ ယုံတော့တာဗျ။တာတေတို့ မြင်ဖူးတဲ့ …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် ဒေါ်ပျင်းမွေးပြီ

စာစဉ်(၈)(၁)မမဲတူမှာ မိမိအားကယ်တင်ခဲ့သည့် မီးလုံးကြီးအကြောင်းကိုတွေးနေမိလေသည်။ ထိုအခိုက်သူ့အနောက်မှ အသံတစ်ခုကိုကြားရသည်။ မမဲတူလှည့်ကြည့်လိုက်လေရာ မမဲတူ၏ ကိုယ်အစောင့်အကြပ်ဖြစ်နေလေသည်။“ရှင့်ကိုမတွေ့တာတောင် ကြာပေါ့ရှင်”“ဟုတ်တယ်၊ ငါမင်းကိုပြောစရာတစ်ခုရှိလို့လာတာ”“ဘာများပါလိမ့်”“မင်းကိုကယ်လိုက်တဲ့လူက တခြားလူမဟုတ်ဘူး၊ မင်းအမရဲ့ဗိုက်ထဲက မင်းရဲ့တူမ ကလေးလေးပဲကွ”မမဲတူမှာ မျက်လုံးပြူးသွားကာ“ကလေးက ကယ်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ပြီးတော့ မွေးလည်းမမွေးသေးဘူးနော်”“ဟုတ်တယ်၊ ဒီကလေးက ဝမ်းတွင်းပါကလေးပဲ”” မဟုတ်ဘူးနော်၊ ကျွန်မကြားဖူးတဲ့ ဝမ်းတွင်းပါဆိုတာကတော့ အမိဝမ်းထဲကထွက်ပြီး …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် အောက်လမ်းနောင်ကြီး

စာစဉ်(၇)(၁)မမဲတူတစ်ယောက် အမဖြစ်သူမမယ်ဖြူအား သတ်စေရန်အတွက် ဖက်လိပ်ရွာသုဿန်တွင်နေထိုင်ကြသည့် အောက်လမ်းနောင်ကြီးအား ရွာအတွင်းသို့လွှတ်လိုက်လေသည်။ အောက်လမ်းနောင်ကြီးမှာ ကိုယ်ရေပြားရောဂါရရှိနေသူဖြစ်သည်။ တစ်နည်းပြောရလျင် နူနာစွဲနေသူတစ်ဦးပင်၊ တစ်ကိုယ်လုံးရှိအသားများမှာ အနူပိုးကိုက်သဖြင့် ချိုင့်ခွက်များဗရပွဖြစ်နေသည်။ အသားနုသည့် ခြေလက်နှင့်မျက်နှာတို့မှာလည်း အသားများပုပ်ပွရိရွဲကာ လူရုပ်ပင်မပေါ်အောင်ရှိသည်။ နောင်ကြီးမှာ ဖက်လိပ်ရွာသားမဟုတ်သော်လည်း အကြောင်းတစ်ခုကြောင့် ဖက်လိပ်ရွာသို့ရောက်နေခြင်းဖြစ်သည်။နောင်ကြီးမှာ လက်တစ်ဖက်တွင်တောင် ခွက်စုတ်တစ်လုံးကို ကိုင်စွဲလျက် ဖက်လိပ်ရွာအတွင်းသို့ …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် မွေးရာပါရန်သူ

စုန်းမကြီးဒေါ်ပျင်းနှင့် မွေးရာပါရန်သူစာစဉ်(၆)(၁)မမယ်ဖြူမှာ လက်ဝတ်လက်စားများကို အထုပ်နှင့်ထုပ်ကာ ဖွက်လျက် ဖက်လိပ်ရွာအတွင်းသို့ အပြေးဝင်လာခဲ့လေသည်။ နှစ်များကြာမြင့်သွားသော်လည်း မမယ်ဖြူမွေးရပ်မြေ ဖက်လိပ်ရွာကလေးမှာ မည်သို့မှမပြောင်းလဲဘဲ ရှိမြဲအတိုင်းရှိနေခဲ့သည်။ မမယ်ဖြူတစ်ယောက် ဗိုက်ကြီးတကားကားနှင့်ပြေးလာသည်ကို ရွာသားများက မြင်တွေ့သည့်အခါ အလွန်အံ့သြကြသည်။“မယ်ဖြူပါလား၊ နင်ဘယ်ကိုသွားနေတာလဲ”“ဟုတ်ပမယ်ဖြူရာ၊ နင်ဘယ်တွေရောက်နေတာလဲ”မမယ်ဖြူမှာ ရွာသားများမေးသည်ကို မဖြေတော့ဘဲ အိမ်သို့သာအပြေးပြန်လာခဲ့လေသည်။ ကြီးဒေါ်ရှင်၏ ခြံဝိုင်းကလေးမှာ ယခင်အတိုင်းပင်ရှိနေလေသည်။ …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် ကဝေသားပိုက်

စာစဉ်(၅)(၁)ကုန်းဘောင်မင်းဆက်ကုန်ဆုံးသွားပြီဖြစ်သဖြင့် မင်းမိန့်ဖြင့် နှယ်နှင်ခံထားရသည့် မဟာမြိုင်တောကြီးအတွင်းမှ ကဝေကြီးများမှာ မိမိတို့ရပ်ရွာဇာတိမြေသို့ ပြန်ရတော့မည်ဖြစ်သဖြင့် အလွန်ပျော်မြူးနေကြသည်။ ကဝေကြီးများသာ ပျော်မြူးသည်မဟုတ်ဘဲ မမယ်ဖြူမှာလည်း ပျော်မြူးနေမိပြန်သည်။ သို့သော် မိမိ၏ယခုလက်ရှိအခြေအနေကိုတွေးတောကာ များစွာစိတ်မကောင်းဖြစ်မိလေသည်။“အခုအခြေအနေမှာ မောင်ကြီးကံတင့်က ငါ့ကိုမြင်ရင် သူပျော်ရွှင်သွားမယ်ဆိုပေမယ့် ငါ့ရဲ့လက်ရှိအခြေအနေကိုသိရင် သူဘယ်လိုမှ ပျော်ရွှင်နိုင်မှာမဟုတ်ဘူး၊ ယောက်ျားခုနစ်ယောက်ရဲ့ မိန်းမဖြစ်ခဲ့တယ်ဆိုတာ သိသွားရင် မောင်ကြီးကံတင့်က …

Uncategorized

ချစ်လွန်းလို ( စ / ဆုံး)

~~~~~~~~~~~~ရေးသားသူ…လွင်ဦးဟန်“ လွန်ခဲ့တဲ့ ၁၉၈၁ – ၈၂ခုနှစ်လောက်ကဆိုတော့ ကြာတော့ကြာပြီပေါ့ဗျာ။ ကြာခဲ့ပေမယ့်လည်း အခုအချိန်အထိမေ့လို့မရနိုင်တဲ့ အဖြစ်အပျက်တစ်ခုပါ။ အဲဒီတုန်းက ကျွန်တော်တို့အသက်က ဆယ့်ကိုးနှစ်ကျော် အရွယ်တွေပေါ့ ”“ ကျွန်တော်သိချင်ပါတယ် ကိုနေလင်းအောင် ”“ ပြောပြပါ့မယ်ဗျာ။ ပြောပြချင်လို့ ဆရာ့ကိုတွေ့ဖို့တောင်းဆိုခဲ့တာပါ ”“ ကျေးဇူးတင်ပါတယ် ကိုနေလင်းအောင်။ ဖြစ်ရပ်မှန်ဆိုတော့ ပိုပြီးစိတ်ဝင်စားပါတယ်။ …

Uncategorized

အောင်မြတ်သာနှင့်ဘုရားပျက်ကုန်း (စ/ဆုံး)

ရေးသားသူ…ဇေယန(ရာမည)” အရွယ်ကငယ်ငယ် အစွမ်းထက်တယ်ဘုရားကုန်းပေါ် ရောင်တော်လွှတ်ရင်ဖြင့်အိမ်တိုင်းစေ့ အလှူပေးနိုင်မယ့်သူဌေးရောက်လိမ့်မလေး…”ဟဲ့ အရူးသာကောင်း နင့်မလဲ တစ်နေ့တစ်နေ့ ဒီတဘောင်ပဲ ရွတ်နေတော့တာပဲ..လာ လာ ထမင်းနဲ့ဟင်းလာယူ..…..သူကတော့ ဒင်းကင်းရွာမှာ မသိတဲ့သူမရှိတဲ့ အရူးသာကောင်းပဲ..သူကရူးပေမယ့် မရိုင်းဘူးဗျကျုပ်တို့ ငယ်ငယ်ထဲက သူရောက်နေတာခုဆိုရင်.ကျုပ်တောင် အသက်၃၀ပြည့်တော့မယ်ငယ်ငယ်ကဆို အရူးသာကောင်းလာရင် ကလေးတွေပျော်ကြတယ်..ဘာဖြစ်လို့လဲဆိုတော့ သူကကျုပ်တို့စားချင်တဲ့ အသီးမှန်သမျှ ခူးပေးတာကိုး…..ဒါနဲ့ ကျုပ်တို့ရွာရဲ့ …

Uncategorized

ယင်းခဲတောနှင့် တစ်ပွဲစားမုဆိုး(စ-ဆုံး)

ထောင်မှူးကြီးသိန်းဝင်း[ ၁ ]ကျွန်ုပ်တာဝန်ထမ်းဆောင်ရသည့် ကသာမြို့မှာ အလွန်တရာ သာယာလှပသည်။ ကသာမြို့ကို နောက်ခံထားပြီး ဖက်ဆွတ်တောင်တန်း စိမ်းညို့ညို့ကြီးက မြို့အရေးကို ကလနားသတ်ထားသည်။ ဧရာဝတီမြစ်ကမ်းကို အမှီပြု၍ တည်ထားသော ကသာမြို့အား မြစ်ယံအတွင်းက မျှော်ကြည့်လိုက်လျှင် ပို၍သာယာသည်။မြို့ပတ်ကမ်းနားလမ်းတွင် ကသာမြို့၏ ကျက်သရေဆောင် မဟာလေးထပ်စေတီတော်၊ မြစေတီနှင့် ရွှေဂူကြီးဘုရားတို့ကို ရွှေရောင်တဝင်းဝင်းနှင့် …

Uncategorized

သမန်းကျားဒဏ္ဍာရီ

သမန်းကျားဒဏ္ဍာရီဖိုးကျော့“ဥသျှစ်ကုန်းမှာ ညက နွားတစ်ကောင်ကို သမန်းကျား ကိုက်သွား ပြန်ပြီတဲ့”မနက်မိုးလင်းသည်နှင့်တစ်ပြိုင်နက် သတင်းဆိုးက ရွာရိုးကိုးပေါက် ရောက်တော့သည်။အမှန်မှာ ဤသတင်းမှာ မဆန်းတော့၊ ခုတစ်လော နေ့စဉ်လိုလို တစ်ရွာမဟုတ် တစ်ရွာတွင် နွားတစ်ကောင်ကို သမန်းကျားကိုက်ပြန်ပြီ ဟူသော သတင်းကို ကြားနေရသည်။ကျားဆိုးများ သောင်းကျန်းတတ်သော နတ်တော်လမှသည် ယခု ပြာသိုလအထိ ရောက်လာ၏။ …