November 10, 2025
Uncategorized

ဆင်သမားနှင့်ကျားရဲတစ်ကောင်

ဆင်သမားနှင့်ကျားရဲတစ်ကောင် – ဖိုးကျော့စမ်းချောင်းတစ်ခုအနားရှိ အိုက်လောလူတို့ဆင်စခန်းမှာ တဲငါး လုံးသာရှိသည်။ ထိုတဲငါးလုံးတွင် ဆင်ဦးစီးမိသားစု ငါးစုနေထိုင်ကြသည်။ဆင်ဦးစီးတိုင်းသည် မနေ့က အလုပ်သိမ်း၍ စားကျက်သို့မောင်းလွှတ်လိုက်သော မိမိတို့၏ဆင်များကို ဤနေ့မနက်တွင် သူ့ဆင်ကိုယ့်ဆင် ရှာဖွေ၍ ရအောင်ပြန်ကောက်ကြရသည်။ ထို့ကြောင့် အလုပ်စခန်း စောဝင်နိုင်ရန် မိုးမလင်းမီကပင် ဆင်နောက်လိုက်ကြရလေသည်။“ပွဲနေ့ဝင် ဆင်ညကောက်” ဆိုသကဲ့သို့ အိုက်လောလူသည် …

Uncategorized

ထောင်ချောက်(စ-ဆုံး)

ဖိုးကျော့မုဆိုးကြီး ဦးဘာမျိုး ငှက်ဖျားထ၍ အိပ်ရာထဲလဲနေသည်မှာ တစ်ပတ်ခန့် ရှိသွားပြီ။ ဘယ်တော့ သက်သာမည်၊ ဘယ်တော့ တောတက်နိုင်မည်ဆိုသည်ကို မည်သူမျှ အတပ်မပြောနိုင်။ မုဆိုးကြီးကိုယ်တိုင်ကလည်း မသိ။ထို့ကြောင့် မုဆိုးသွေးပါသော မုဆိုးသားနှစ်ယောက်မှာ ယခင်ကလို သူ့အဖေနှင့် တောတက်မသွားရသဖြင့် ခြေယား လက်ယားဖြစ်နေကြသည်။အမှန်က ခြေယား လက်ယားဖြစ်၍သာ ဖြစ်နေကြသော်လည်း သူတို့နှစ်ယောက် …

Uncategorized

ကိုကြီးကျော်

ကိုကြီးကျော် (သို့မဟုတ်) မြန်မာနတ်တို့ရဲ့ ဆယ်လီတပေါင်းလရောက်ပြီဆိုရင် ကူနီနန်းက ကိုကြီးကျော်နတ်ပွဲစပြီ။ အဖေကျော်ဆီကို မြင်းခြံ ရေစကြို ပခုက္ကူ တကျောကလူတွေသာမကပဲ မုံရွာ တဝိုက်က ရေလည်ဆယ့်နှစ်ကျွန်းသားတွေအထိ ချီတက်ကြတယ်။ ရိုးရာကိုယုံသူတွေရော သေရည်ကို အပြတ်သောက်ချင်သူတွေပါ ပျော်ကြတဲ့ ကိုကြီးကျော်ရဲ့ ပခန်းကူနီနတ်နန်း။မြန်မာနတ်တွေက အတွင်းအပြင်(၃၇)မင်းမို့ (၇၄) ပါး ရှိတာ။ …

Uncategorized

ပန်းပဲမောင်တင့်တယ် (အစ/အဆုံး)

°°°°°°°°°°°°°°°°°°°°°°°ပုဂံခေတ် သေဉ်လည် ‌‌ကြောင်မင်း နန်းတက်နေချိန်မှာ တကောင်းနေပြည်တော်ကြီးကလည်း ထင်ရှားနေချိန်ဖြစ်လေသည်..။ အေးချမ်းသာယာတဲ့ ပုဂံမြို့လေးရဲ့အလှဟာ ဘာနဲ့မှ မလဲနိုင်…သာယာဖွယ် ၊ ငြိမ့်ညောင်းဖွယ် လှပတဲ့ အပြင် သာသနာလည်းထွန်းကားတဲ့ အချိန်ဆိုလည်း မမှားပေ..ဦးတင့်တော်နှင့် ဇနီးဒေါ်နော်တို့က ပန်းပဲပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသလို.. သားသာမီး ၃ ဦး ထွန်းကားလေသည်…ဦးတင့်တော်သည် ပန်းဘဲပညာထွန်းကားသလို …

Uncategorized

ဖွားချမ်းသာခေါ် အမေဂျမ်းနတ်

ဖွားချမ်းသာခေါ် အမေဂျမ်းနတ်စောရနက္ခ နဲ့ ဖွားတဲ့ တက်ခါးလေးရဲ့ ဇာတာကိုကြည့်ပြီး ဘုန်းတော်ကြီးက အင်း ဒီကလေးကတော့ ကြီးလာရင်သူခိုးဖြစ်မှာပဲ၊ ဖြစ်မဲ့အတူတူ ထမီခိုးသူခိုးအဆင့်တော့ အရောက်မခံနိုင်ဘူး ကြီးကြီးကျယ်ကျယ်ခိုးတဲ့ သူခိုးကြီးဖြစ်အောင်လုပ်ပေးရမယ်ဆိုပြီး လောကီအစီအရင်တစ်ခုကို ကိုယ်မှာထိုးပေးလိုက်ပါလေရော၊ အဲဒီအစီအရင်က ကြောင်ပျံအစီအရင်တဲ့၊ ဒီအစီအရင်အောင်သွားရင် ကြောင်တစ်ကောင်စာ အပေါက်လေးကိုတောင် တိုး၀င်နိုင်လို ငှက်ပျောရွက်ပေါ်မှာ တက်ပြီးအိပ်နိုင်လောက်တဲ့အထိ …

Uncategorized

ရှင်အဇ္ဇဂေါဏ(ဝေဒိဿရ ရသေ့)

မြန်မာမှန်ရင် နဂါးနီသီချင်းနဲ့တော့ မစိမ်းကြပါဘူး။ဒီသီချင်းထဲမှာပါတဲ့ ဘိုးဘိုးခေါင်နဲ့ ရှင်အဇ္ဇဂေါဏမတဲ့ကိန်းဆိုက်မည်ဆိုတဲ့ စာသားဟာ မြန်မာပြည်ကြီးရွှေမိုးငွေမိုးရွာခဲ့တဲ့ အတိတ်ကာလကို ထင်ဟပ်မြင်သာစေပါတယ်။ဒါ့ကြောင့် မြည်မာပြည်သူပြည်သား တွေကို မစခဲ့တဲ့ ဘိုးတော်နှစ်ပါးထဲမှာမှ ရှင်အဇ္ဇဂေါဏ အကြောင်းကို နှောင်းလူတွေဗဟုသုတရအောင်ပြောပြပေးသွားမှာဖြစ်ပါတယ်….။ရှင်အဇ္ဇဂေါဏသည် ဝေဒိဿရ ရှင်ရသေ့ဖြစ်ပြီး အလွန်ကြည်ညိုဖွယ်ရာကောင်း၍ ဓာတ်ခန်း(ဖိုထိုးရာနေရာ)တွင် ဓာတ်ခန်းကို ပိုင်နိုင်သော ဝိဇ္ဇာဓိုရ်ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သည်။ပုဂံထီးနန်းအစ သမုဒ္ဒရာဇ်မင်း၏ …

Uncategorized

အောက်လမ်းဘိုးထင် နှင့် လက်တွေ့သင်ခန်းစာ

(၃)အခန်း-၁ဦးအုန်းနှင့် မောင်ဘိုးထင် မနက်အစော ပေပင်ရွာထဲမှထွက်လာပြီး အင်ကြင်းရွာကိုသွားနေကြသည် ၊ ယခု‌တွင်တော့ မောင်ဘိုးထင် အကင်းပါသွားပြီဖြစ်သည် ၊ ထမင်းကို စစ်သုံးဟန်ကောချိုင့်ထဲထည့်ကာ လွယ်အိတ်ထဲ ထည့်လာသလို စစ်သုံး‌ေရဘူး နှင့်လည်း ရေထည့်လာသည် ၊ ထမင်းချိုင့်က တချိုင့်တည်းရှိသဖြင့် ဦးအုန်းအား ထမင်းထုပ်လာသည့်အကြောင်းပြောလိုက်သည်“အဘ ကျုပ်ထမင်း ထုပ်လာတယ် ဗျ”“ကောင်းတာပေါ့ကွာ …

Uncategorized

အောက်လမ်းဘိုးထင် နှင့် လက်ဦးဆရာ

(၂)အခန်း-၁အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်များအောက်ရှိ လှည်းလမ်းလေးဘေးမှ လူသွားလမ်းလေးတွင် လူနှစ်ယောက်လမ်းလျှောက်နေသည် ၊ အရွယ်ရောက်‌လုလု လူငယ်လေး မောင်ဘိုးထင်နှင့် အသက် ၃၀ ကျော် လူရွယ်တဦးတို့ဖြစ်သည် ၊ မောင်ဘိုးထင်သည် လွယ်အိတ်ကို လွယ်ထားပြီး ပုဆိုးဖြစ်ထုပ်ထား‌ေသာ အဝတ်အစား ထုပ်ကိုလက်မှဆွဲလို့ လမ်းလျှောက်နေရင်း“ခင်ဗျားတို့ရွာကလည်း မရောက်သေးဘူးလားဗျာ နေတောင်မွန်းတည့်နေပြီ ဘာမှလည်းမစားရသေးဘူး ““ငါ့ကောင် …

Uncategorized

အောက်လမ်း ဘိုးထင်၏ ဘဝအစ

အောက်လမ်း ဘိုးထင်၏ ဘဝအစမောင်တင်ဆန်း(၁)အခန်း-၁ဘဝ ……ဘဂုံးနဲ့ စပြီး ဝလုံးနဲ့ဆုံးသော နှစ်လုံးထဲသော ဗမာ စကားလုံးနှစ်လုံး၊ ကံကိုအစပြုလို့ ဘဝဆိုတာ ဖြစ်တည်လားပြီး ဘ၀ ကြောင့်ပဲ ဇာတိဆိုတဲ့ မွေးဖွားချင်ကို ရောက်ရှိကြရပါသည်။“အူဝဲ အူဝဲ”မွေးဖွားစ ကလေးတစ်ယောက်ရဲ့ငိုသံက လင်းကြက်တွန်ခါနီး အချိန်ခန့်တွင့် မှောင်မိုက်နေသော ပတ်ဝန်းကျင်ရှိ အိမ်လေးတလုံးဆီက အစပြုလို့ …

Uncategorized

မျက်ရည်ကျခြင်း အနုပညာ (စ-ဆုံး)

– ခင်ခင်ထူး( ၁ )အရင်က သာစည်ကို ကျွန်မ မရောက်ဖူးပါ။ များသောအားဖြင့် မီးရထားတစ်စင်းပေါ်မှ လှမ်းမြင်ရသောသာစည်ကိုသာ ငေးခဲ့ရတာ များပါသည်။ မီးရောင်ဝါတစ်ထိန်ထိန်နှင့် သာစည်။ ရန်ကုန် မန္တလေး မီးရထားကို ညနေပိုင်းတွေမှာစီးနေကျ ကျွန်မအဖို့ရာ သာစည်ရောက်တော့ မိုးချုပ်ပြီ။ မန္တလေးအပြန်ဆိုလျှင်တော့ နေရောင်ခြည်အောက်က သာစည်ကိုမြင်ရတတ်ပါ၏။ အဝေးကငေးခဲ့ရသောသာစည်ကို …