လှတစ်မျက်နှာ (စ-ဆုံး)
ဂျာနယ်ကျော်မမလေးလှမြတ်သက်မူ၏ အမည်ရင်းမှာ မလှမူဖြစ်သည်။ ကောလိပ်ကျောင်းသို့ ရောက်သည့်နှစ်တွင် ကောလိပ်ကျောင်း၌ မူမူဟု အမည်တွင်ကာ မူမူဟူ၍ လူသိ သူသိများခဲ့၏။ မယ်တက္ကသိုလ် အရွေးခံရသည့်နှစ်၌ တိုင်းသိပြည်သိ သတင်းစာထဲတွင် ပုံနှိပ်စာလုံးနှင့် နာမည်ဖော်ပြ ကြေညာအံ့ဆဲဆဲ သတင်းထောက်များကို လှမြတ်သက်မူ ဟူ၍ စိတ်တိုင်းကျ နာမည်ရှည်ကြီး ဖြည့်စွက်မှည့်ပေးလိုက် လေ၏။ …