November 10, 2025
Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် မဟာမြိုင်တောစခန်း

စာစဉ်(၄)(၁)ကုလားအဘိုးကြီးရာဗီ၏ ခေါ်ဆောင်မှုနှင့် မမယ်ဖြူတစ်ယောက် မဟာမြိုင်တောကြီးအတွင်းသို့ ရောက်ရှိလာခဲ့တော့သည်။ မဟာမြိုင်တောကြီးမှာ မဟာမြိုင်ဆိုသည့် အမည်အတိုင်းပင် သစ်တောသစ်ပင်များမှာ တစ်ပင်နှင့်တစ်ပင်၊ တစ်ကိုင်းနှင့်တစ်ကိုင်း ယှက်တင်နေကာ သစ်ရိပ်ကြောင့် နေပျောက်ပင်မထိုးဖောက်နိုင်အောင် နက်ရှိုင်းလှလေသည်။ သစ်ကြီးဝါးကြီးများမှာအလွန်မြင့်မားစွာ ပေါက်ရောက်နေကြသကဲ့သို့ ပင်ခြေမြေပြင်တွင်လည်း ချုံနွယ်ပိတ်ပေါင်းများက တိုးမပေါက်နိုင်အောင် ခပ်စိပ်စိပ်ပေါက်နေပြန်သည်။ ညနေစောင်းအချိန်တွင် အဘိုးကြီးရာဗီနှင့် မမယ်ဖြူတို့မှာ မဟာမြိုင်တောအုပ်ကြီးအစပ်သို့ …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့်် တော်ကောက်ခံမိဖုရား

စာစဉ်(၃)(၁)မမဲတူတစ်ယောက် အမဖြစ်သူအား ချစ်ရသူရွာစားမင်း မောင်ကံတင့်နှင့် သဘောမတူဘဲ ရွာအပြင်သို့ပြေးထွက်လာခဲ့သည်။ ရွာအပြင်သုဿန်ဇရပ်ကြီးပေါ်တွင်ထိုင်လိုက်ပြီး တစ်ယောက်တည်းငိုကြွေးနေမိသည်။“မရဘူး၊ မောင်ကြီးကံတင့််က ငါ့ကိုချစ်ခဲ့တာ၊ အမမယ်ဖြူကိုချစ်ခဲ့တာမဟုတ်ဘူး”မမဲတူမှာ ငိုကြွေးနေရင်း အမဖြစ်သူအား အသားလွတ်နာကျည်းနေမိသည်။“ဒါနင့်ကြောင့်ပဲ၊ နင့်ကြောင့် ဒီလိုဖြစ်နေခဲ့ရတာ၊ နင်သာရုပ်မချောဘူးဆိုရင် ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး၊ နင်တို့ကိုရအောင်ခွဲမယ်၊ နင်တို့ကိုရအောင်ခွဲမယ်”မမဲတူမှာအကြံအစည်များထုတ်နေပြီးနောက် အကြံတစ်ခုရသွားသဖြင့် ရွာအပြင်လမ်းအတိုင်းတစ်ယောက်တည်းခရီးဆက်လာမိသည်။ညကအတော်ညည့်နက်နေပြီဖြစ်သည်။ ခုနစ်စင်ကြယ်ပင်အမြီးထောင်နေသည့်အချိန်ဖြစ်သည်။ မြိုင်သာရွာစားကြီး သေဆုံးသည့်အတွက်ကြောင့် …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် မမဲတူ

စာစဉ်(၂)(၁)ထိုနောက်ပိုင်းတွင်တော့ မောင်ကံတင့်မှာ လူယုံတော်မောင်ရွှေခဲအား အခေါ်လွှတ်ကာ မမယ်ဖြူနှင့်အချိန်းအချက်လုပ်ဆောင်စေသည်။ မမဲတူက လူယုံတော်မောင်ရွှေခဲလာသည့်အခါ မမယ်ဖြူယောင်ဆောင်ကာ လက်ခံတွေ့ဆုံပြီးနောက် ရွာပြင်ခပ်လှမ်းလှမ်းတွင် အချိန်းအချက်ပြုလေသည်။ ဖက်လိပ်ရွာမြောက်ဘက် တောတန်းကလေးအနီးတွင် ထုံးဖြူဖြူလွမ်းစေတီကလေး တစ်ဆူရှိရာ ထိုနေရာသည် မောင်ကံတင့်နှင့် မမဲတူယောင်ဆောင်ထားသူ မမယ်ဖြူတို့ ချိန်းဆိုတွေ့ကြသည့် နေရာဖြစ်နေလေတော့သည်။ မမယ်ဖြူမှာတော့ ထိုအဖြစ်များကိုမသိဘဲနေလေ၏။တစ်ရက်တွင်တော့ ရွာမှကာလသားတစ်ဦးက မမဲတူတို့အိမ်ဆီသို့ရောက်လာခဲ့လေသည်။ …

Uncategorized

စုန်းမကြီးဒေါ်ပျင်း နှင့် မမယ်ဖြူ

စာစဉ် (၁)(၁)အချိန်အားဖြင့် မြန်မာသက္ကရာဇ် ၁၂၄၂ခုနှစ်၊ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်းမှာ အထက်မြန်မာပြည်ကို အုပ်ချုပ်မင်းလုပ်နေသည့်အချိန်ဖြစ်သည်။ အထက်အညာဒေသတစ်နေရာတွင် ဖက်လိပ်ရွာဟုအမည်ရသည့် ရွာကြီးတစ်ရွာရှိလေသည်။ ဖက်လိပ်ရွာမှာ ရွာကြီးတစ်ရွာဖြစ်ကာ အိမ်ခြေသုံးရာကျော်ခန့်ရှိသည်။ ဖက်လိပ်ရွာအနီးတွင် မြေသြဇာကောင်းမွန်သည့် ကွင်းပြင်များတည်ရှိလေရာ ဖက်လိပ်ရွာသားများမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်း၊ ကျွဲနွားမွေးမြူခြင်းနှင့်် အထည်အလိပ်ရက်လုပ်ခြင်း၊ ဆီဆုံလုပ်ငန်းလုပ်ကိုင်ခြင်းများနှင့် အေးအေးချမ်းချမ်းအသက်မွေးမြူကြလေသည်။ညနေခင်းအချိန်တွင် ဖက်လိပ်ရွာအရှေ့ဘက်တွင်ရှိသည့်် …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် ရေယဉ်ကတော်

စာစဉ်(၃၇)(၁)ရှင်ထူးတစ်ယောက် ပုံတောင်ပုံညာတောင်တန်းကြီးတွင် ပုန်းအောင်းနေသည့်အချိန်တွင် တောင်ကြီးနှစ်လုံး၏အလယ်ရှိ ကျောရွာဟုအမည်ရသည့် ရွာကလေးတစ်ရွာအနီးတွင် ကျားဆိုးကြီးတစ်ကောင်သောင်းကျန်းနေလေသည်။ ကျားဆိုးကြီးမှာ ကျောရွာနှင့်အနီးတစ်ဝိုက် ရွာစဉ်များသို့လှည့်လည်ကာ လူသားများကိုတစ်နေ့တစ်ယောက်ကျဖမ်းဆီးစားသောက်နေလေရာ ရွာခံပြည်သူများမှာ အလွန်ကြောက်ရွံ့နေကြလေသည်။ရှင်ထူးပုံတောင်ကြီးပေါ်ရောက်နေသည့်အချိန်မှာပင် ထိုညတွင် ကျားကြီးမှာ ကျောရွာအားဝင်မွှေလေသည်။ ထိုကျားကြီးမှာ ကလေးမိခင်တစ်ဦး၏ အနောက်သို့အပြေးလိုက်လာခဲ့သည်။ ကလေးမိခင်မှာ တစ်နှစ်သားကလေးကို ရင်ခွင်တွင်ပိုက်လျှက် တောအုပ်အတွင်းတွင် လှည့်ပတ်ပြေးလွှားနေသည်ကို ရှင်ထူးကတွေ့ရှိသွားလေသည်။ …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် ငွေနန်းဆောင်မှလှို့ဝှက်ချက်

စုန်းမကြီးဒေါ်ပျင်းနှင့် ငွေနန်းဆောင်မှလှို့ဝှက်ချက်စာစဉ်(၃၉)(၁)နံနက်စာစားသည့်အချိန်တွင် မယ်ပျင်းနှင့် မယ်ပွင့်တို့မှာ စကားစမြည်ပြောဆိုနေကြသည်။ မယ်ပျင်းက စားသောက်နေသည့်မိန်းကလေးများကိုတစ်ချက်ဝေ့ကြည့်ကာ တစ်ယောက်ယောက်ကိုရှာဖွေနေပုံရသည်။ မိပွင့်ကတော့ ထမင်းနှင့်ဟင်းများကို အငမ်းမရစားသောက်နေရင်း“ဟဲ့ မယ်ပျင်း၊ နင်မစားဘဲ ဘာတွေလိုက်ရှာနေတာလဲ”“မဟုတ်ဘူးဟ၊ ညကတွေ့ခဲ့တဲ့ မိန်းကလေးတစ်ယောက်ကိုရှာနေတာ”“ဘယ်သူလဲ ဘယ်ကမိန်းကလေးလဲ”“သူ့နာမည်က မိပိန်တဲ့ဟ၊ ရုပ်ကတော့ ပိန်ပိန်ပါးပါးကလေးပဲ”ထိုအသံကြားသည့်အခါ မယ်ပွင့်မှာမျက်လုံးပြူးသွားသည်။ မယ်ပျင်းက တစ်ခုခုထူးခြားနေပြီမှန်းရိပ်စားမိလိုက်သည်မို့“ဘာလဲ မယ်ပွင့်၊ နင်ရော …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် မိပိန်

စာစဉ် (၄၀)(၁)မနက်မိုးလင်းသည်နှင့် စည်သံတစ်ချက်ကိုကြားလိုက်ရသည်။ မယ်ပွင့်ကပြေးလာသည့်အခါ မယ်ပျင်းမှာ သွားတိုက်မျက်နှာသစ်ပြီးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။ မယ်ပွင့်က ပြုံးလျှက်“တော်သေးတာပေါ့ မယ်ပျင်းရယ်၊ ဒီနေ့လည်း မနေ့ကလိုမျိုးနောက်ကျတော့မလားလို့”မယ်ပွင့်နှင့်အတူတူ မယ်ပျင်းက မနက်ခင်းစည်းဝေးသဘင်ထံသို့ လျှောက်လှမ်းလာခဲ့သည်။ စည်းဝေးခန်းသဘင်မှာ ငွေရောင်နန်းဆောင်ကြီး၏ အလယ်တည့်တည့်အခန်းကြီးတွင် ကျင်းပသည်ဖြစ်ပြီး မယ်ပျင်းကဲ့သို့ မိန်းကလေးအငယ်များမှာ တစ်ဆင့်နှိမ့်ထားသည့် ကြမ်းပြင်အောက်ဘက်ရှိ တစ်ယောက်ထိုင်သင်ဖြူးဖျာကလေးများခင်းကာ ကိုယ့်နေရာနှင့်ကိုယ်ထိုင်ရသည်။ သင်ဖြူးဖျာမှာတစ်ယောက်နှင့်တစ်ယောက်အကြား …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် ကျမ်းစာဝင်္ကပါ

စာစဉ်(၄၁)(၁)ကိုသင်နှင့် ကိုခင်တို့မှာ နယ်မြို့ကလေးတစ်မြို့သို့ခရီးထွက်သွားကြလေသည်။ ထိုမြို့ကလေးတွင်တော့ နာမည်ကြီးသိုက်ဆရာကြီးတစ်ဦးရှိသည်။ ထိုသိုက်ဆရာကြီးမှာ ဗမာလူမျိုးတစ်ယောက်မဟုတ်ဘဲ အိန္ဒိယနွယ်ဖွား ကုလားကြီးတစ်ဦးဖြစ်ကာ ဂျာဒူးဟုအမည်ရသည်။သိုက်နန်းအကြောင်းကိုပြောပြလိုက်သည့်အခါ ဆရာကြီးဂျာဒူးမှာ အလွန်စိတ်ဝင်စားသွားသည်။ ကိုသင်က ဖြစ်ပျက်ခဲ့သည့်အကြောင်းများကိုတစ်လုံးမကျန်ပြောပြပြီးနောက်“အဲဒါပါပဲဆရာကြီးရယ်၊ ကျွန်တော်ပြောတာတွေကို လူတွေက မယုံကြဘူးဆရာကြီး”ဂျာဒူးမှာ တွဲလောင်းကျနေသည့် မုတ်ဆိတ်မွှေးကြီးများကိုပွတ်သပ်နေရင်း ခေါင်းညိတ်ကာ“မောင်မင်းမယုံပေမယ့် ကျုပ်ကတော့ ယုံတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က အိန္ဒိယနိုင်ငံ …

Uncategorized

အောင်မြတ်သာနှင့် အချိန်နောက်ပြန်အင်း

++++++++++++++++++++++++++++++အချိန်ကား နတ်တော်လပြည့်ညသန်းခေါင်အချိန်…စိမ်းညှက်ညီအစ်မဘုရားနဲ့ မလှမ်းမကမ်းမှာရှိတဲ့ စေတီပျက်တစ်ဆူဘေးမှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ အင်းတစ်ချပ်နဲ့အလုပ်ရှုပ်နေခဲ့တယ်။သူတို့ဘေးမှာတော့ ဆံပင်ဖိုသီဖတ်သီနဲ့ လူတစ်ယောက်က ‌ဟောင်းနွမ်းနေပြီဖြစ်တဲ့ လွယ်အိတ်အဟောင်းတစ်လုံးကို ခေါင်းခုကာ လှဲလျောင်းနေခဲ့တယ်။အဲဒီအချိန် ခွန်းလှက အင်းစာရွက်ကို ကြည့်လိုက်ပြီး“ အစ်ကို… အင်းကိုအသက်သွင်းတဲ့ဂါထာက မှန်ရောမှန်ရဲ့လား”“ မှန်ပါတယ်ကွ… ဆရာပြောတုန်းက ငါသေချာလိုက်မှတ်ထားတာပါဟ”“ ဒါဖြင့် အင်းက အသက်မှမဝင်တာ၊ …

Uncategorized

နွေဦးကျက်သရေ

___________________ ဇော်ဂျီ(ကံ့ကော်မြိုင်စာတန်း)—နွေပေါက်လာတိုင်း ရွက်သစ်ရွက်နုများသည် ကျွန်တော်တို့ အိမ်အနီးရှိ ငုစပ်ပင်၌ အစီအရီ ထွက်လာကြသည်။ ကြည့်ရမြင်ရသောအခါ ဝမ်းသာစရာ ကောင်းသည်။ စိတ် နုပျိုလာသည်ဟုပင် ထင်ရလေသည်။ သို့ရာတွင် ကျွန်တော် တွေးနေမိသည်ကား ထွက်လာသော ရွက်သစ်ရွက်နုများ အကြောင်း မဟုတ်။ ထိုရွက်သစ်ရွက်နုများ ထွက်ရာဖြစ်သော ငုစပ်ပင်အောက်က ရေချမ်းစင် …