November 10, 2025
Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် သားရဲတွင်း

စာစဉ် (၄၂)(၁)ညရောက်သည့်အခါ မယ်ပျင်းအိပ်ပျော်နေသည့်အခိုက် ခေါ်သံတစ်ခုကိုနားထဲကြားရသည်။“မယ်ပျင်း၊ ဒီကိုလာ ငါ့ဆီကိုလာခဲ့”မယ်ပျင်းမှာ အိပ်နေရာမှထလိုက်ကာ ခေါ်သံကိုနားစွင့်နေမိသည်။“ငါ့ကိုခေါ်နေတာပဲ”မယ်ပျင်းက စူးစမ်းချင်သည်မို့ အိပ်ရာမှအသာထပြီး ခေါ်သံအနောက်သို့လိုက်လာခဲ့မိသည်။ ခေါ်သံမှာ ငွေရောင်နန်းဆောင်ကြီးအပြင်ဘက် ရွှေရောင်နန်းဆောင်ကြီးအပေါ်သို့ တက်သည့် လှေကားမှကြားနေရခြင်းဖြစ်သည်။ မယ်ပျင်းတစ်ယောက်လှေကားသို့ရောက်သည့်အခါ ခေါ်သံမှာ ရွှေရောင်နန်းဆောင်အဝင်တံခါးကြီးနောက်ကွယ်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။“မယ်ပျင်း၊ ဒီကိုလာ၊ မင်းကိုငါစောင့်နေတာကြာပြီ”မယ်ပျင်းမှာ ရွှေရောင်တံခါးကြီးအား လက်နှင့်ထိမည်ဟု လှမ်းရွယ်လိုက်စဉ်မှာပင် …

Uncategorized

မုဆိုးဖို(စ/ဆုံး)

…………… ကျုပ်ကတော့ ယုံကို မယုံနိူင်တော့တာ။ ဒီလိုကြီးဖြစ်သွားလိမ့်မယ် ဆိုတာကိုပေါ့။ ……. အဲဒီနေ့က နေ့ခင်းဘက် အလုပ်ထဲမှာ … ကျုပ် သူငယ်ချင်းမ ဝေဝေလွင်က ဖုန်းဆက်တယ်. “စိုင်းအောင် နင်ခုပြန်လာခဲ့တော့… ခင်ရူပါ ဆုံးပြီ… ကျုပ်..နားကြားများလွဲလေသလား… ခင်..သေပြီလို့ပြောလိုက်တာများလား.. တဖက်ကိုဘာမှပြန်မပြောနိူင်ပဲ.. ကစဉ့်ကလျားနဲ့ ကျုပ်အသိစိတ်တွေက .. …

Uncategorized

သိုက်မြုံ(စ/ဆုံး)

————- “မောင့်ကိုပြောစရာရှိတယ်” ဇနီးသည် စကားကြောင့် ကိုချစ်စမ်း စာဖတ်နေရာက “အင်း ပြောလေဝေ” “သမီးလေး အကြောင်း ပါမောင်” “သမီးလေး အကြောင်း ” ကိုချစ်စမ်း ကသံယောင်လိုက်၍မေးတော့.. “ဟုတ်တယ်မောင် သမီးလေးက အိမ်ထောင်ပြု ချင်ပြီတဲ့” “ဘယ်လိုဝေ ဘယ်လို” ဟုတ်သလိုလို မဟုတ်သလိုလို သူ့နားတွေက …

Uncategorized

ဝမ်းမနာသား(စ/ဆုံး)

—————– “ဆယ်သက်ဆယ်ကမ္ဘာမကပါ ခင်ရယ်” လို့မိုးပြောဂျိုးပြောနဲ့ပြောခဲ့တာ ယုံခဲ့မိပါတယ် ကိုလှငွေ။ သူ့စကားကို ယုံခဲ့မိလို့ အခုတော့ ခင့်နောက်မှာ အငယ်လေးတွေတန်းစီထားပြီး ခင်က မဟေသီခေါင်ချုပ်ဘဝကိုပဲ လက်ခံရတော့မှာပေါ့။ ရှင့်အသက်က မငယ်တော့ဘူးနော်။အခုနောက်ဆုံးတစ်ယောက်က ရှင့်သမီးအငယ်ဆုံးထက်တောင် ငယ်သေးတယ်ဆိုပဲ။ ခေတ်ကာလမကောင်းတဲ့ကြားမှာ အငယ်လေးတွေတစ်ယောက်ပြီးတစ်ယောက်ယူနိုင်တာကို အံ့သြမိပါရဲ့။ ရှင်ရှာဖွေပေးခဲ့သမျှကိုလည်း ကျွန်မလည်း လုံလုံလောက်လောက်သုံးခွင့်မရခဲ့။ အခုလို …

Uncategorized

တစ်မိုးအောက်မှာ(စ/ဆုံး)

———————— သားကနိုင်ငံခြားမှာအလုပ်သွားလုပ်ချင်တယ်လို့ပြောလာတယ်။ သူကပညာရေးမှာကံမပါလာဘူး။ ဆယ်တန်းကိုနှစ်နှစ်လောက်ဖြေပြီးမအောင်တော့ သူအတော်စိတ်ဓာတ်ကျလာတယ်။ သူ့သူငယ်ချင်းတွေနှင့်ဟိုအလုပ်လိုလို ဒီအလုပ်လိုလိုနဲ့အချိန်တွေသာကုန်လာတယ်။ အဆင်ကပြေမလာဘူး။ နောက်ဆုံးတော့ နိုင်ငံခြားထွက်မယ်အမေတဲ့။ အိမ်မှာကငွေပိုငွေလျှံမရှိပါ။ သူများဆီကလည်း အတိုးနဲ့မချေးငှားချင်ဘူး။ ချေးငှားလေ့ ချေးငှားထလည်း မရှိဘူး။ ဝင်ငွေနှင့် ထွက်ငွေ မျှတအောင်စားတယ်။ အကြွေးမတင်အောင် နေတယ်။ ကလေးတွေအဖေကလည်း အသောက်အစား လောင်းကစားကင်းတယ်။ ကွမ်းစားတာတစ်ခုပဲရှိတယ်။ …

Uncategorized

ရေစက်(စ/ဆုံး)

——— “အန် … အန်တီ …” နှင်းဆီပင်တွေ ရေဖျန်းနေရာက အသံကြားလို့ ဒေါ်ခင်တင့် လှည့်ကြည့်လိုက်မိတယ်။ ခေါ်တဲ့သူကို မြင် တော့ အလိုမကျစိတ်နဲ့ တစ်ချက် မျက်မှောင်တွန့်လိုက်မိပြန်တယ်။ “ရေ … ရေလေး တစ်ခွက်လောက် သောက် … သောက်ချင်လို့ပါ” “ဪ… ဒီမှာ …

Uncategorized

ဆုံးရှုံခြင်း(စ/ဆုံး)

  ————– ဒေါ်အေးရီသည်ဒီလကုန်ရင်စုငွေသုံးသိန်းထုတ် ရမည်ဖြစ်သဖြင့် ပျော်နေမိလေသည်။နေ့စဉ်စျေးဖိုးထဲမှ ချွေတာပြီး တစ်နေ့တစ်ထောင်စုထားရာ တစ်လတစ်ခါ ထုတ်ဖြင့် သူမလိုအိမ်ရှင်မများဆယ်ယောက်စုပေါင်းပြီး စုကြရာ ဒေါ်မြရီမှာနံပါတ်(၈)မို့နံပါတ်(၇)သမားထုတ် ပြီးသွား၍ ယခုသူမအလှည့်ရောက်တော့မည်ဖြစ်လေ သည်။ဈေးသွား၍မုန့်ဟင်းခါးသည်ရှေ့ကအဖြတ် ဟင်း ရည်နံ့ကလေးမွှေးနေလို့ ဗိုက်ဆာပြီးဝယ်စားချင်တာတောင် စားပဲခြိုးခြံချွေတာကာ နေခဲ့ရသော၊ရှိတဲ့ထမိန်လေးများ ဟောင်းနေလို့ ပါတိတ်အဆင်လှလှလေးမြင်ရင်တောင် မဝယ်နိုင်ပဲ စုထားရသောငွေလေးဖြစ်လေသည်။ စုငွေလေးထုတ်ပါကကွယ်လွန်သွားပြီဖြစ်သော …

Uncategorized

အထွေးမလေး(စ/ဆုံး)

———————- ဖိမှိတ်ထားသောမျက်လုံးအစုံဆီက ကော့ညွှတ်နေသောအထွေး၏မျက်တောင်လေးတွေကိုငေးကြည့်ရင်း အရီးမြသည် သက်တစ်ချက်ကိုဟင်းခနဲချမိသည်။အထွေးသည်အိပ်ယာထက်တွင်ဝေဒနာကို မချိမဆံ့ခံစားရင်း လှဲလောင်းနေ၏။ ပြားကပ်နေသောအထွေး၏ခန္ဓာကိုယ်သည် မွေ့ယာထဲတွင်မြုပ်၀င်လို့နေပါသည်။ ယခုမနက်အဖို့ အထွေးမျက်လုံးတွေ ဖွင့်မလာတော့ပါ။ အရီးမြသည် အထွေးကိုကြည့်ရင်း ရင်ဘတ်အစုံတို့စူးနစ်နာကျင်လာသည်။ဖြစ်နိုင်လျှင်အထွေးကို ထွေးပွေ့ကာအားပါးတရငိုချင်စိတ်သာရှိတော့၏။ သို့သော်အထွေးရှေ့မှာ အရီးမြ မျက်ရည်ကျမပြချင်ပါ။ ယခုချိန်မှာ အထွေးအတွက် အရီးမြပေးနိုင်သည်က စိတ်ခွန်အားသာရှိတော့သည်။အရိုးနှင့်အရေသာရှိတော့သည့်အထွေး၏ လက်ကလေးကိုအသာဆွဲယူရင်း အရီးမြသည် …

Uncategorized

နွေ၏အေးရိပ်(စ/ဆုံး)

——————— ကားပေါ်ကဆင်းဆင်းခြင်း လမ်းထိပ်ကအုတ်ခုံလေးဆီကျွန်မလှမ်းကြည့်လိုက်မိတယ်။ နေ့တိုင်းတွေ့နေကြနေရာလေးမှာ သမီးနှစ်ယောက်ကိုမတွေ့ရတော့ ကျွန်မရင်ထဲ ထိတ်ခနဲဖြစ်သွားလေရဲ့။ ခါတိုင်းဆိုကျွန်မပြန်ချိန်တိုင်းဒီအုတ်ခုံလေးမှာ သမီးနှစ်ယောက်ထိုင်စောင့်ပြီး ကျွန်မပြန်အလာကိုမျှော်နေကြပါ။ဒီနေ့မှ ကလေးနှစ်ယောက် ဘာလို့လာမကြိုလဲမသိပါဘူး။ အခုဆိုကလေးတွေ ကျောင်းပိတ်တာ ၃ လကျော်ပြီ။ ၃လ ကျော်လုံး တစ်နေ့မှ ကျွန်မသမီးလေးနှစ်ယောက် ကျွန်မကို လာကြိုမပျက်ခဲ့ဘူး။ ရပ်ကွက်ထဲက ကလေးတွေနှင့် အဆော့လွန်နေတာဖြစ်မှာပါလေလို့ …

Uncategorized

အိုစာမင်းစာ(စ/ဆုံး)

—————– “မေကြည်ရေ၊သွားတာလာတာ သတိနဲ့သွားနော်၊တလောက ဆရာမလေးတစ်ယောက် ကျောင်းသွားရင်း လမ်းမှာ မုဒိန်းကျင့်ခံရပြီး ဘဝဆုံးသွားတာ ဖတ်လိုက်ရလို့ပါ မိန်းမရယ်” “သြော်ကိုဆက်နောင်ရယ်၊ကျွန်မကို ဘယ်လိုလူက ဘာလုပ်ရဲမှာလဲ၊ကျွန်မ ဗလကိုကြည့်ပြီး ကပ်ရဲမှာတောင်မဟုတ်ဘူး၊ပြီးတော့ကျွန်မက အသက်ခြောက်ဆယ်နားနီးတဲ့ အဖွားကြီးပါ” “ဘာဖြစ်ဖြစ်၊သတင်းဖတ်ပြီး စိုးရိမ်လို့ပါမိန်းမရယ်၊ဟင်းဟင်းဟင်း” ကိုဆက်နောင်ကပြောပြီးတဟင်းဟင်းရယ်နေသည်။ “ကဲ၊အပြောလေးလျှော့ပြီး အလုပ်နဲ့သက်သေပြလိုက်ပါအုံး ယောင်္ကျားရေ” ဒေါ်မေမေကြည်က ဘေစင်ပေါ်မှာ …