❝ ဝက်ကုန်း အသုံးမတည့်ပါ ❞
#ဆင်ဖြူကျွန်းအောင်သိန်းလှလှနွယ် နှင့် မေသဇင် ကို ငေး ကြည့် ရင်း က ရီးဆေးရိုး မှာ ရင်တွင်း သို့ ဆို့တက် လာ သယောင် ခံစား ရသည် ။ မြေးမကလေး မိမိထွေး ၏ ရှားပါးသော မိန်းကလေး သူငယ်ချင်းများကို မြင်ရသောကြောင့် …
#ဆင်ဖြူကျွန်းအောင်သိန်းလှလှနွယ် နှင့် မေသဇင် ကို ငေး ကြည့် ရင်း က ရီးဆေးရိုး မှာ ရင်တွင်း သို့ ဆို့တက် လာ သယောင် ခံစား ရသည် ။ မြေးမကလေး မိမိထွေး ၏ ရှားပါးသော မိန်းကလေး သူငယ်ချင်းများကို မြင်ရသောကြောင့် …
အတွဲ(၁) စာစဉ် (၅၇)(၁)“ဟာ၊ ဟုတ်ပါ့မလားကိုငွေတိုးရဲ့”“ဟုတ်ပါတယ်ဆိုအလတ်ကောင်ရ ဟုတ်သမှ တဟုတ်ဟုတ်နဲ့တောင်မြည်နေပါသေးတယ်ကွ”ကိုငွေတိုးက ရွှေမန်းတင်မောင်ဇာတ်ထဲက ဝန်ကြီးလေသံနဲ့ပြောတယ်ဗျ၊ ကျုပ်ကတော့ သူပြောတဲ့စကားကိုမယုံချင်ဘူး၊ လယ်တဲမှာ ကျုပ်တို့နှစ်ယောက်ငြင်းခုံနေကြတုန်း ဦးဘသာကြီးက ကြိမ်လုံးကြီးချိုင်းကြားငြပ်လို့ တဲထဲဝင်လာတယ်၊ လယ်တဲထဲရောက်တာနဲ့ ရေနွေးကြမ်းခရားအိုးကို အရင်ပြေးငှဲ့ပြီး ရေနွေးတစ်ခွက် ကောက်သောက်ထည့်လိုက်ပါရော။“ရေနွေးလေးသောက်လိုက်ရမှ နည်းနည်းအမောပြောသွားသလိုပဲဟေ့၊ ဒါနဲ့ငွေတိုး မင်းကိုမမြင်တာတောင် ကြာပါရောလား၊ ဘယ်ပျောက်နေတာလဲကွ”“ပျောက်ဆို …
အတွဲ(၁) စာစဉ်(၅၆)(၁)“ဟာ အလတ်ကောင်၊ စောစောစီးစီး ရောက်လာပုံထောက်တော့ ကိစ္စတော့ထူးပြီထင်တယ်”ဦးဘသာအိမ်ထဲကို ကျုပ်လှမ်းဝင်လိုက်တော့ ဦးဘသာက အိမ်ရှေ့ရေအိုးနားမှာ ဆောင့်ကြောင့်ထိုင်နေပြီး လက်ထဲမှာဆားတစ်ပုံပုံလို့ သွားတိုက်ဖို့လုပ်နေတယ်၊ ကျုပ်လည်း စိတ်ညစ်ညစ်နဲ့ ဦးဘသာတို့အိမ်အတက်အဆင်း လှေကားနားမှာထားတဲ့ သောက်ရေအိုးစင်ကနေ သောက်ရေတစ်ခွက် ခပ်သောက်လိုက်တယ်၊ သောက်ရေအိုးက ရေကချိုပြီးတော့ အေးနေတာပါပဲဗျာ။“ကိစ္စကတော့ တခြားမဟုတ်ပါဘူး ဦးဘသာ၊ အိမ်ကအမေပေါ့ဗျ”ဦးဘသာက …
အတွဲ(၂) စာစဉ်(၁၆)(၁)ဒီနေ့မနက်တော့ အမခင်ကြည်က ကျုပ်အနားကိုကပ်လာတယ်ဗျ၊ သူ့ပုံကြည့်ရတာ ခိုးကြောင်ခိုးဝှက်နည်းနည်းဆန်နေတယ်။ နောက်တော့အသံတိုးတိုးနဲ့“ဟဲ့ ရင်မောင်၊ အဖေဘယ်မှာလဲ”“ဆရာကြီးလား၊ ဘုရားရှိခိုးပြီး ပုတီးစိပ်နေတယ်ထင်ပါတယ်ဗျာ”ကျုပ်က အော်ကျယ်အော်ကျယ်ပြောလိုက်တော့“ဟဲ့ တိုးတိုးပြောစမ်းပါဟယ်၊ လာ ငါ့အနောက်လိုက်ခဲ့”အမခင်ကြည်က အိမ်နောက်ဘက်ကိုဝင်သွားပါရောဗျာ၊ ဒါနဲ့ကျုပ်လည်း သူ့အနောက်လိုက်လာခဲ့ရတယ်၊ အမခင်ကြည်က မီးဖိုချောင်နားရောက်တော့ ထမီကြားလိပ်ထားတဲ့ ပိုက်ဆံတစ်ရွက်ထုတ်လိုက်ပြီး“ရော့ ရင်မောင်၊ ရွာစွန်က အရီးအေးတို့အိမ်မှာ …
အတွဲ(၂) စာစဉ်(၁၄)(၁)ညက အိပ်ရာဝင်တာနောက်ကျခဲ့လို့ ဒီမနက်နေအတော်မြင့်မှ နှိုးတယ်ဗျာ၊ သူများအိမ်မှာအိပ်ရတာဆိုတော့ အားတောင်အားနာသွားတယ်၊ ကျုပ်နိုးတော့ နှင်းကြည်က ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးလုပ်နေတယ်။ ခြင်ထောင်ထဲက ကုန်းထွက်လာတဲ့ကျုပ်ကိုကြည့်ရင်း“ရင်မောင်၊ နင်တော်တော်အိပ်ပုတ်ကြီးတာပဲဟာ၊ ယောက်ျားဖြစ်ပြီး ဝီရိယမရှိဘူး”“အောင်မယ်၊ ညက အိပ်ရာဝင်တာနောက်ကျလို့ပါဟ၊ နင်ကလည်း ငါ့ကိုဆိုရင်ပြောဖို့ဆိုဖို့ချည်းပဲ”ခြင်ထောင်တွေ၊ အိပ်ရာတွေကို သိမ်းခေါက်ပြီးတော့ အိမ်အတွင်းခန်းထဲသွားထားလိုက်ရတယ်၊ ပြီးတာနဲ့ သွားတိုက်ဖို့အတွက် …
ဘုရားပျံဦးအောင်ရှိန်နှင့် ဘုရားပျံဂိုဏ်းသို့အဝင်စာစဉ်(၃၈)ရသေ့ကြီးနဲ့အတူတူကျုပ်လိုက်သွားမိတယ်ဗျ၊ ရသေ့ကြီးက သွားရင်းလာရင်းနဲ့ သူ့ပါးစပ်ကတံတွေးတွေကို လက်ညှိုးနဲ့ဆွတ်ပြီးတော့ သူ့လက်ဖျံမှာစာတွေရေးတယ်ဗျာ၊ ဒီလိုနဲ့အဲဒီနေရာနဲ့ မလှမ်းမကမ်းနေရာတစ်ခုကို သွားနေပါရောဗျာ၊ မကြာခင် စေတီကြီးတစ်ဆူကိုမြင်တွေ့လိုက်ရပါရော။“ဒါ ဘာစေတီလဲဟင်ရသေ့ကြီး”“ဓမ္မရာဇိက စေတီလို့ခေါ်တယ်”ဘုရားကြီးက တော်တော်ကြီးတာဗျ၊ ရွှေစည်းခုံဘုရားကြီးနဲ့တောင် ဆင်တူနေပါသေးတယ်၊ ညရောက်ပြီဆိုတော့ စေတီကြီးတစ်ခုလုံးက မှောင်အတိကျနေသဗျာ၊ ရွှေစည်းခုံနဲ့မတူတာကတော့ ဒီစေတီက မုခ်ငါးမုခ်ပါတယ်ဗျ။“ရသေ့ကြီး ကျုပ်တို့ဒီကိုဘာကိစ္စနဲ့လာတာလဲ”“ငါသစ္စာဆိုဖို့လာတာပေါ့ကွ”ဒါနဲ့ ရသေ့ကြီးနဲ့ကျုပ်နဲ့ …
ဆင်ဖြူကျွန်းအောင်သိန်းမိန်းမတစ်ယောက်၏ စူးစူးဝါးဝါး အော်ဟစ်လိုက်သံသည် ချိုးကူသံများကို ဖုံးလွှမ်းသွားလေ၏။နွေစပါးရိတ်နေသူများသည် ဆတ်ခနဲ ခေါင်းထောင်ကြ၏။လက်ပံပင်ထိပ်ဖျားမှ ခြေကားယား လက်ကားယားဖြင့် လူတစ်ယောက် လိမ့်ကျသွားသည်ကို ရိပ်ခနဲ မြင်လိုက်ကြရ၏။အချို့သည် တံစဉ်ကို ပစ်ချကာ ပြေးထွက်လာကြသည်။“အဲဒါ ဘယ်သူတုံး”“ဘယ်သူ ရှိရမှာတုံး။ ကြာပင်လှက သာဒွန်းပဲ ရှိမှာပေါ့”သာဒွန်းပဲ ရှိမှာပေါ့။ပုံသေစကားဖြစ်သည်။ မှို့ လက်ပံမှုန်များ လေတွင် …
ရွှေဘိုစောလွင်မြိုင်တောအလယ်မှာ(၁)မြေက်လေတစ်ချက် ဝှေ့လိုက်သဖြင့် သစ်ကိုင်းသစ်ခက်များ သိမ့်ခနဲ လှုပ်ရှားသွားသည်။လေထဲတွင် အအေးဓာတ်က ရောပါလာ၍ ကျောရိုးတစ်လျောက် စိမ့်တက်သွားသလို ခံစားလိုက်ရ၏။သည်လို ဆောင်း၏ အအေးဒဏ်ကို ခံနေကျမို့ စောထွန်းကျော် သိပ်မဖြုံလှ။နေဝန်းက တရိပ်ရိပ် မြင့်တက်လာနေပေမယ့် အအေးဓာတ်ကတော့ တောတစ်ခွင်လုံး စိုးမိုးနေဆဲ။ နေရောင်ခြည် မပက်ဖျန်းနိုင်သည့် နေရာများ၌ ငွေနှင်းရည်စက်တွေက သစ်ရွက်ဖားဖားကြီးတွေပေါ်ဝယ် …
ဗိုလ်လုံကျားသေချောင်းကျားသည် တိရစ္ဆာန်မုဆိုးဖြစ်ပြီး သားကောင်များကို ဖမ်းယူစားသောက်ခြင်းဖြင့် အသက်ရှင်ရပ်တည်နေသည့် သတ္တဝါပင် ဖြစ်ပါသည်။မုဆိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရသည့် လူမုဆိုးကြီးများသည် ကျားကို ဘဝတူ မုဆိုးဟု သတ်မှတ်ကြပြီး ပစ်ခတ်သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိကြပါသည်။ မလွဲမရှောင်သာသဖြင့် မိမိအသက်ကိုလုပြီး ပစ်ခတ်သတ်ဖြတ်ရသည်များလည်း ရံဖန်ရံခါ ရှိတတ်ကြပါသည်။သိပ္ပံပညာရှင်တို့၏ အယူအဆအရ လူတို့သည် “တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေး သီဝရီ”(Evolution …
———————————– သူ့နာမည်က ဖိုးစီ အသားက မဖြူမမဲ အရပ်က မရှည် မတို ရုပ်ရည်က မဆိုးမလှ သူရဲ အလှဆုံးနဲ့ အကောင်းဆုံးက စိတ်ထားပါ အသက်အားဖြင့် ၂၇ နှစ် အိမ်ထောင်မရှိ ရည်းစားဆို ဘာမှန်းမသိတဲ့ လူပျိုကြီး ဒါပေမဲ့ အိမ်ထောင်ရှိသူတွေထက်ပိုပြီး တာ၀န်ကြီးသူ ရောဂါသည် …