August 6, 2025
Uncategorized

ဖောက်ပြန်နေတဲ့မိန်းမ(စ/ဆုံး)

—————————– ကျွန်တော့်အမည်က ဟန်ထွန်း ။ တစ်ကိုယ်တည်းသမားပဲ ။ ဒါပေမဲ့အမေရှိတယ်။ ကျွန်တော့်အလုပ်က ရန်ကုန်မြို့ပေါ်မှာ TAXI ဆွဲတာ။ နေတာကတော့ ရွှေပေါက်ကံထဲမှာပဲ သားမိနှစ်ယောက် အိမ်ငှားပေါ့။ အုံနာကြေးလေး ပေးလိုက် ချို့ယွင်းသွားတဲ့ ကားအစိပ်အပိုင်းလေးတွေကို ပြုပြင်လိုက်ဆိုတော့ မငတ်ရုံပါပဲ။ ပုံမှန်ဖောက်သည်ရယ်လို့လဲ များများစားစားမရှိပါဘူး။ လေးငါးယောက်ပေါ့ ။ …

Uncategorized

အရင်လူ၏ ဝဋ်ကြွေး(စ/ဆုံး)

—————————— “သမီးဒီမှာခဏလာထိုင်ပါဦး မေမေ သမီးကို မေးစရာရှိလို့” ခိုင်ဝါ အလုပ်မှပြန်ရောက်ရောက်ခြင်း မေမေခေါ်သဖြင့် အခန်းထဲသို့ မဝင်သေးဘဲ မေမေ့နံဘေးမှကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ “သမီးအနောက်လမ်းထဲကို အသစ်ပြောင်းလာတဲ့ ဒေါ်ညွန့်တင်သားနဲ့ကြိုက်နေကြတယ်ဆို” “ဟုတ်တယ်မေမေ၊ မေမေကိုလမ်းထိပ်အသုပ်စုံဆိုင်က မတူးပြောလိုက်တာမလား” မတူးအသုပ်ဆိုင်ကလူစုံသလို အတင်းလည်းစုံသည်မို့ မနက်က မေမေအသုပ်သွားစားရင်းဖြင့် ခိုင်ဝါနှင့်ကိုသူရိန်စိုးတို့ ကြိုက်နေသည်ကို ကြားလာခြင်းဖြစ်မည်။ …

Uncategorized

ခိုလှုံရာရင်ခွင်(စ/ဆုံး)

  —————— မိစုက ကျွန်မရင်ခွင်ထဲသို့ တိုးဝင်ကာ တအိအိ ရှိုက်ငိုနေသည်။ မှတ်မှတ်ရရ သည်နေ့က ကျွန်မတို့အိမ်ကို မိစုရောက်လာတာ တစ်လပြည့်တဲ့နေ့ ဖြစ်သည်။ “မငိုပါနဲ့ကွယ်”ဟု ကျွန်မ မတားမိပါ။`မိစုရေ ငိုချလိုက်။ ထိန်းချုပ်ခဲ့ရတဲ့ မျက်ရည်တွေ ကုန်ခန်းသွားတဲ့ အထိသာ ငိုချလိုက်ပါ။’ မိစု၏ ကျောပြင်ကို ပွတ်သပ်အားပေးရင်း …

Uncategorized

ရင်တွင်းအမုန်း(စ/ဆုံး)

  ——————– “ဟာ…စိတ်ရှုပ်ရတဲ့ အထဲ …ဒီမိန်းမ ..ငါ နားညည်းလာပြီနော်” “ဟုတ်တာ မှန်တာပြောတော့ နားက ညည်းမှာပေါ့။ ကျွန်မလဲ မျိုသိပ်ရတာတွေ များနေပြီ။ ပြောရမှာပဲ။ လက်ကြောမတင်းတာ ထား။ အသိစိတ်လေးတော့ ရှိဦးမှပေါ့။ အဲ့ဒီ ပိုက်ဆံက နောက်နေ့ စျေးဖိုးရင်းရမှာ သိသိနဲ့ ရှင့်မို့လို့ …

Uncategorized

အမေနှင့်တူသောမိန်းမ(စ/ဆုံး)

—————————– စိုးသိမ်း စီစဥ်ထားတဲ့အတိုင်း သူ့ သူငယ်ချင်း သီဟ ရောက်လာတဲ့အခါ သီဟကို သူနှင့်အတူ ထမင်းဆိုင်တစ်ဆိုင်ကို ခေါ်ထုတ်ခဲ့လိုက်သည်၊၊ ထမင်းဆိုင်မှာ စားသောက်ပြီးသည်နှင့် နှစ်များစွာ ဝေးကွာနေသော သူ့သူငယ်ချင်း သီဟနဲ့ သူ စကားစမြည်ပြောဖြစ်ကြတယ်၊၊ ” သီဟ ” sorry ပါကွာ မင်းအတွက် …

Uncategorized

တစ်အူတုံဆင်း(စ/ဆုံး)

  ——————— *ဘာပြောတယ်ဆွေဆွေ.. ငါတို့မိသားစုကို မထောက်ပံ့ပါဘူးလို့ ကတိပေးမှ .. နင့်ရည်းစားက နင့်ကို လက်ထပ်နိုင်မယ်..ဟုတ်လား..* ကိုချစ်ဖေ၏အသံက မာကျောသွားသည်လား၊တုန်ရီနေသည်လား သူ့ဟာသူလည်း မဝေခွဲမိခဲ့ပါ။ ရင်ထဲ နင့်သွားသည်ကတော့အမှန်။ သူ၏တစ်ဦးတည်းသော ညီမလေးဆွေဆွေ၊ မိဘတွေ မျက်ကွယ်ပြုသွားခဲ့ချိန်က လူမမယ်အရွယ်လေးသာ ရှိသေးသော ညီမလေး။ ဒီညီမလေးကို လူပျိုပေါက် …

Uncategorized

လိုချင်ခဲ့သောကမ္ဘာ(စ/ဆုံး)

————————- “ဘာ! မူးလို့ မှားမိတာ…ဟုတ်လား..ဒါဆို.. မူးနေလို့ အသိစိတ် ပျောက်နေလို့ဆိုရင် နင် အရက် မူးနေတုန်း ချေးကျွေးရင် စားမှာလား…..” “နင် ..နင်..မမိုက်ရိုင်းနဲ့နော်…ခင်” “ဟား ဟား ငါ့ စကားက ရိုင်းသွားလို့လားဟ…အမှန်ပြောကြည့်တာလေဟာ…နင့်ရဲ့ မူးလို့ မှားသွားတာပါဆိုတဲ့ စကားကို ဆွေးနွေး အဖြေရှာကြည့်တာ” ခုနက …

Uncategorized

အောက်တန်းစား(စ/ဆုံး)

——————– “အမလေး သားရယ် ဒီလိုအောက်တန်းစားတွေ နေတဲ့ရပ်ကွက်ကိုမှ လာဆော့ရတယ်လို့ဆင်းရဲ တွေကူးကုန်ပါ့မယ်..” အိမ်ရှေ့ဘက်မှအမျိုးသမီးတစ်​ယောက်၏ ကျယ်လောင်စွာအော်ဟစ်ပြောဆိုသံကိုကြားရ သည့်အတွက် ချက်လက်စဟင်းအိုးကိုမီးနည်းနည်းပြန်လျော့ပြီး အိမ်ရှေ့ဘက်ကို ကိုမင်းထိုက်ထွက်လာခဲ့သည်။ ” သြော်..အစ်မပါလား။လာအိမ်ပေါ်တက်ပါဦးခင်ဗျာ” ” ရှင်ဟိုတစ်နေ့က ကျွန်မတို့အိမ်​ရှေ့ကရေမြောင်းလာဖော်ပေးတဲ့သူမလား ” ” ဟုတ်ပါတယ်အစ်မရယ်။ကျွန်တော်ကမင်းထိုက်ပါ။အစ်မတို့ရက်ကွက်ထဲကိုလှည့်ပြီး ခိုင်းတာအကုန်လှည့်လုပ်ပြီး အသက်မွေးနေသူပါ” မင်းထိုက်၏စကားကြောင့်အမျိုးသမီးသည်နှာခေါင်းတစ်ချက်ရှုံ့ကာ မျက်နှာကမတူမတန်အလိုမကျသည့်ပုံသို့ချင်းခြင်းပြောင်းလည်းသွား၏။ …

Uncategorized

သိန်းသုံးဆယ်တန်သား(စ/ဆုံး)

——————————— ကျုပ်နာမည်က ဦးသက်ဖေ အသက်က ၅၂ နှစ်စွန်းပြီပေါ့ ။ အလုပ်အကိုင်ကတော့ မိရိုးဖလာတောင်သူအလုပ်ပါပဲ။ အိမ်ရှင်မနာမည်က မခင်သိန်းတဲ့ ။ သားသမီးလေးယောက်နဲ့ အငယ်ဆုံးလေးကတော့ သမီးလေးပေါ့။ အကြီးဆုံးသားက ဘခက်တဲ့ ။ တလောလေးကပဲ သေသွားပြီ ။ သေသွားပြီဆိုတာ လွယ်လွယ်ပြောလိုက်တာတော့မဟုတ်ဘူး။ ကျုပ်သား ဘခက်က …

Uncategorized

စုန်းထီးကြီးဦးဘသာ နှင့် ရွာဦးကျောင်းက အုန်းမောင်းသံ

အတွဲ(၅) စာစဉ်(၁)ပန်ကြားချက်။ယခုဖော်ပြပါ ဦးဘသာအတွဲ(၅)တွင် ဦးဘသာ၏ ရှုထောင့်မှတင်ဆက်ပေးသွားမည်ဖြစ်ပါသည်။(၁)ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူးဗျာ၊ ကျုပ်နာမည်သာဒင်ပါ၊ လူတွေကတော့ ဘသာလို့ပဲခေါ်ကြတယ်၊ အသက်ကြီးပြီဆိုတော့ ဦးတပ်ပြီးတော့ ဦးဘသာပဲခေါ်ကြတယ်ဆိုပါတော့ဗျာ၊ အခုတလော ကျုပ်နေလို့ထိုင်လို့သိပ်မကောင်းဘူးဗျာ၊ နေလို့မကောင်းတာကလည်း ဘာရောဂါကြောင့်ရယ်လို့တော့မဟုတ်ပါဘူးဗျာ၊ အဓိကကတော့ စိတ်ကြောင့်ပါ၊ စိတ်ကြောင့်လို့ပြောရအောင်လည်း ကျုပ်ကစိတ်ရောဂါဖြစ်နေတာမဟုတ်ဘူးရယ်ဗျ။ ကျုပ်အိမ်ကိုဝင်ထွက်သွားလာနေတဲ့ ကျုပ်တူသားတစ်ယောက်လိုခင်မင်ရတဲ့ ခင်မောင်ဆိုတဲ့ကောင်လေးကြောင့်ပေါ့ဗျာ။ သင်္ကြန်ကျအပြီး သူ့ချစ်သူသေဆုံးသွားကတည်းက ရွာမှာမနေချင်တော့ဘူးဆိုပြီးထွက်သွားတဲ့ဒီကောင်လေးက …