August 6, 2025
Uncategorized

စုန်းထီးကြီးဦးဘသာနှင့် နွားကျောင်းသားမိုးစွေ

အတွဲ(၄) စာစဉ်(၇)(၁)နောက်နေ့ရောက်တယ်ဆိုရင်ပဲ ကျုပ်မှာခရီးသွားဖို့ ပြင်ရတော့တယ်ဗျ၊ ရွာနီးချုပ်စပ်သွားမှာဆိုတော့လည်း အဝတ်အစားများများမထည်တော့ဘူးပေါ့ဗျာ၊ လွယ်အိတ်တစ်လုံးထဲ အဝတ်အစားသုံးစံံုံလောက်ထည့်လိုက်ရင်ရပြီပေါ့၊ မနက်စာတောင်မစားရသေးဘူး ဦးဘသာကြီးက အိမ်ရှေ့ကိုရောက်ချလာတယ်ဗျ။“အလတ်ကောင်ရေ၊ နေမမြင့်ခင် စောစောသွားမဟေ့၊ ငါ့နွားကြီးလည်း ခဏထားခဲ့မကွ”ဦးဘသာအိမ်မှာကျန်နေတဲ့ နွားကြီးတစ်ကောင်ကို အိမ်မှာလာထားတယ်ဗျ၊ ကျုပ်လည်းပြင်ဆင်နေတာဆိုတော့ မပြီးသေးဘူးပေါ့ဗျာ၊ အဖေနဲ့ ဦးဘသာနဲ့ကတော့ စကားတွေပြောနေကြတယ်။ အမေကလည်း မီးဖိုချောင်ထဲကထွက်လာတယ်ဗျ။“ကျုပ်သားလေးကို အပ်ပါတယ်ဦးဘသာရယ်၊ …

Uncategorized

စုန်းထီးကြီးဦးဘသာနှင့် ရင်ထဲကပန်းတစ်ပွင့်

အတွဲ(၄) စာစဉ်(၆)(၁)“အသားတွေလတ်တယ်နော်၊ ယူကြအုံးမလား၊ အသားကောင်း၊ အသားလတ်၊ လျှော့လျှော့ပေါ့ပေါ့လည်း ပေးအုံးမှာတော့”မိန်းကလေးတစ်ယောက် ရွာလယ်လမ်းကနေ ခံတောင်းရွက်ပြီးတော့ အော်ဟစ်ရင်း လာတယ်ဗျ၊ အချိန်ကတော့ နေ့ခင်းကြောင်တောင်ကြီးရယ်၊ အကိုကြီးတို့ ယာခင်းကျဲတာကို ကျုပ်က လိုက်မသွားဘဲနေခဲ့တာကိုးဗျ၊ အိမ်မှာတော့ ဘယ်သူမှလည်းမရှိဘူးဗျ၊ ညီမနှစ်ယောက်ကလည်း ဘယ်သွားကြမှန်းမသိဘူး၊ အဖေကတော့ ထုံးစံအတိုင်း ရွာပတ်တယ်ပေါ့ဗျာ၊ ဆောင်းဆိုပေမယ့်လည်း …

Uncategorized

စုန်းထီးကြီး ဦးဘသာနှင့် ဘုရားဒကာ ဦးဘဖြူ

အတွဲ(၃) စာစဉ် (၁၄)(၁)ကျုပ်တို့မြန်မာတွေ ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်ဗျ၊ အပြောနဲ့အလုပ်နဲ့ မညီတဲ့သူဆိုရင်တော့ “ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား” လို့ပြောဆိုတတ်ကြတယ်မဟုတ်လားဗျာ။ ကျုပ်တို့ရွာမှာလည်း အဲဒီစကားနဲ့လိုက်တဲ့လူတစ်ယောက်ရှိတယ်ဗျ၊ အဲဒီလူကတော့ ဘုရားဒကာကြီး ဦးဘဖြူပဲ။ဘုရားတရားနဲ့ပတ်သက်လို့ကတော့ ဦးဘဖြူလောက်သိတဲ့လူ ရွာမှာမရှိဘူးဗျ၊ အသက်ကတော့ ခုနစ်ဆယ်ကျော်ပြီး ရှစ်ဆယ်နားတောင်ကပ်နေပါပြီဗျာ၊ လူက ခပ်ပုပု၊ အညာသားဆိုတော့ အသားကခပ်မဲမဲပေါ့၊ …

Uncategorized

စုန်းထီးကြီး ဦးဘသာနှင့် အမေ့ပါးက သနပ်ခါး

အတွဲ(၃) စာစဉ် (၁၃)(၁)အညာဒေသရဲ့ထွက်ကုန်ဆိုရင် သနပ်ခါးဆိုတာကလည်း မပါမဖြစ်ပဲဗျ၊ သနပ်ခါးဆိုတာက မြန်မာ့ရိုးရာ လိမ်းကျံစရာအလှကုန်လည်းဖြစ်၊ ဆေးဘက်လည်းဝင်တယ်ဆိုတော့ အထက်အညာသူပဲဖြစ်ဖြစ်၊ အောက်အကြေသူသာမက၊ ဟိုးတောင်တန်းပေါ်က ရှမ်းမတွေတောင်မှ သနပ်ခါးဆို လူတိုင်းကြိုက်တယ်မဟုတ်လားဗျာ။ ကျုပ်တို့ငယ်ငယ်တုန်းကဆို မွေးကတည်းက သနပ်ခါးလိမ်းပြီးကြီးလာကြတာပဲ၊ နွေရာသီလိုမျိုးဆို ကလေးကို ဖင်ကြားပါမကျန် သနပ်ခါးပွတ်ထားတတ်တာ၊ ဟော နည်းနည်းလည်းကြီးလာပြီဆိုပြန်တော့ သနပ်ခါးကိုသွေးသွေးပြီး …

Uncategorized

လူထူးဆန်းကြီး ဦးဘာထူး ( စ၊ ဆုံး)

ရေးသားသူ – ထမံ (တောင်ငူ)*******‘ ညှောင်…’ရုတ်တရက် ထွက်ပေါ်လာတဲ့ ကြောင်အော်သံကြောင့် မင်းခေါင်တစ်ယောက် မျက်ဝန်းများကို ဖျတ်ခနဲ ဖွင့်ကြည့်မိလိုက်တယ်။‘ ဟင်…’သူအိပ်စက်ရာ အိပ်ရာအထက်တည့်တည့်ဆီက ထုတ်တန်းဆီမှာ တောက်ပတဲ့ မျက်ဝန်းတစ်စုံက သူ့ဆီကို စူးစိုက်ကာ ကြည့်နေလေတယ်။မင်းခေါင် လန့်ဖျပ်ကာ ထထိုင်မိပြီး နံဘေးဆီက မီးတိုင်ကို ယူလို့ ထွန်းညှိလို့ …

Uncategorized

မြသစ်အသက် ၂၂ ( စ၊ ဆုံး)

မြသစ်အသက် ၂၂ ( စ၊ ဆုံး)ရေးသားသူ ထမံ(တောင်ငူ)********မင်းခေါင်တို့ အခြေပြုနေရာ မရှိခဏစေတီတော်ဆီမှာ ညကတည်းက တစ်ခါထဲ အခေါ်ရှိလာတဲ့ မခင်မှုန်တို့သားအမိပါ ရောက်ရှိနေကြတယ်။မနက်ခင်းအချိန်စောစောက တောင်အရိပ်ဆီမှာ မြူနှင်းတွေဆိုင်းလို့ လွမ်းစရာတကယ်ကောင်းလွန်းနေပါရဲ့။‘ မခင်မှုန်…ဒါက ကျုပ်ကိုတိုင်ထိုးထားတဲ့ ကောက်ညှင်းဆီထမင်းပါ။ မခင်မှုန်နဲ့ အမေတို့ စားကြပါဗျ…’တာနောကြီးရဲ့ ရက်ရောမှု။တစ်သက်နဲ့တစ်ကိုယ် တပ်မှူးဖြစ်သူအနားမှာသာ နေထိုင်ခဲ့ပြီး …

Uncategorized

ကျောက်တိုင်ရွာက ချစ်တီးမြင့်တင် ( စ၊ ဆုံး)

ကျောက်တိုင်ရွာက ချစ်တီးမြင့်တင် ( စ၊ ဆုံး)ရေးသားသူ ( ထမံ- တောင်ငူ)*******မနက်ခင်းအချိန်ဟာ နှင်းမြူစတို့ ခြုံလွှမ်းကာ ရှိနေတယ်။မင်းခေါင်နဲ့ ဦးဘထူးတို့ ဆရာတပည့်ဟာ ညတုန်းက အစီအရင် အောင်မြင်ခြင်းအပေါ် အလွန်အမင်း စိတ်ပျော်ရွှင်ခဲ့ကြရတာမို့ စကားတွေပြောကြရင်း၊ ရှေ့ဆက်ရမယ့် အစီအစဉ်တွေအတွက် တိုင်ပင်ခြင်းနဲ့ ဦးဘထူး ယူဆောင်လာတဲ့ ကောက်ညှင်းတွေကို …

Uncategorized

အောက်လမ်း ဘိုးထင်၏ ဘဝအစ

မောင်တင်ဆန်း(၁)အခန်း-၁ဘဝ ……ဘဂုံးနဲ့ စပြီး ဝလုံးနဲ့ဆုံးသော နှစ်လုံးထဲသော ဗမာ စကားလုံးနှစ်လုံး၊ ကံကိုအစပြုလို့ ဘဝဆိုတာ ဖြစ်တည်လားပြီး ဘ၀ ကြောင့်ပဲ ဇာတိဆိုတဲ့ မွေးဖွားချင်ကို ရောက်ရှိကြရပါသည်။“အူဝဲ အူဝဲ”မွေးဖွားစ ကလေးတစ်ယောက်ရဲ့ငိုသံက လင်းကြက်တွန်ခါနီး အချိန်ခန့်တွင့် မှောင်မိုက်နေသော ပတ်ဝန်းကျင်ရှိ အိမ်လေးတလုံးဆီက အစပြုလို့ ဝန်းကျင်တစ်ခုလုံးသို့ ပြန့်ကျဲလွင့်စင်သွားပါတော့ …

Uncategorized

ခွေးသားကြိုက်တဲ့ကိုဘခက်(စ/ဆုံး)

—————————————– “ဂိန် ဂိန်” မနက်စောစော နာကြင်စွာအော်ဟစ်လိုက်သည့် ခွေးသံအားစိတ်မချမ်းမြေ့ဖွယ် ကြားလိုက်ရသည်။ မှန်ပေသည် ကိုဘခက်တစ်ယောက် ခွေးတစ်ကောင်အား ဓားမတစ်ချောင်းဖြင့် ရက်ရက်စက်စက် ခုတ်ကာသ တ်လိုက်ခြင်းဖြစ်သည်။ ကိုဘခက်ကခွေးသားအားအလွန်ခုံမင် နှစ်သက်သူဖြစ်သည်။ ခွေးဆိုလျှင်၃လသားနှင့်အထက် အကုန်သ တ်ဖြတ်စားလေသည်။ ထို့ကြောင့်ရွာထဲ၌ရှိသောခွေးများက ကိုဘခက်ဆိုလျှင်မြင်ရုံနှင့်ဝိုင်းဟောင် ကြလေသည်။ ခွေးရှင်များကလည်း မိမိခွေး ဘခက်လက်ချက်ဖြင့်အသတ်ခံရမည် …

Uncategorized

စတေးကြသူများ(စ/ဆုံး)

———————– ရေးလက်စ စာကိုခဏရပ်ထားလိုက်ပြီး ဘေးမှာချထားသောကော်ဖီကိုကျွန်မယူကာသောက်လိုက်ရင်း ဒီဝတ္ထုပြီးဖို့အတွက် အတွေ့အကြုံနည်းနည်းလိုမည်ဟုကျွန်မတွေးလိုက်သည်။ ကျွန်မကော်ဖီကိုအရသာခံသောက်နေရင်း ကျွန်မထိုင်နေသောကော်ဖီဆိုင်အတွင်းလူသုံးယောက်ဝင်လာတာကိုမြင်လိုက်ရသည်။ “သူငယ်ချင်းတို့ရေငါဒီမှာ” ကျွန်မလက်ပြကာနှုတ်ဆက်လိုက်ပြီး ကျွန်မရှိရာသို့သူတို့လျှောက်လှမ်းလာသည်။ “ငါရောက်နေတာကြာလှပြီ နင်တို့တွေဘယ်ဝင်နေလို့ ဒီလောက်ကြာနေတာလဲ” ကျွန်မကနောက်ကျနေရသည့်အကြောင်းကိုမေးတော့ ်ချယ်ရီက ကျွန်မဘေးကိုဝင်ထိုင်လိုက်ကာပြောပြသည်။ “ဒီလိုမြနှောင်းညို ရေ ငါတို့နယ်ဘက်က ကုမ္မဏီတစ်ခုက ရှိုးပွဲလုပ်မှာလေ အဲ့ဒါကြွေက မော်ဒယ်ရှိုးမှာပါမှာ လွန်းထက်ကိုလည်းဖျော်ဖြေပေးဖို့အတွက်ဖိတ်ထားတယ် …