မောင်ပြည့်စုံနှင့် သာဓုခေါ်ပါမေမေရယ်(စ/ဆုံး)
—————————————– “ငါးတွေရမယ်နော် လတ်လတ်ဆတ်ဆတ်ငါးတွေ” ” အမရေး ငါးကြင်းတစ်ပိသာမှ ခုနှစ်ထောင်ရှင့် ယူပါဦးလား” ငါးသည်တန်းတွင် တစ်ယောက်တစ်ပေါက်နှင့် ဆူညံနေကြလေသည့် စျေးခေါ်နေကြသော ငါးသည်များ။ သူ့ထက်ငါအပြိုင် လေချိုသွေးကာ စျေးဝယ်များသဘောကျဖို့ဆွယ်နေကြလေသည်။ ထိုအခိုက် ငါးစျေးတန်းထဲသို့ ကျော့မော့စွာ ဝင်လာသော အထက်တန်းစားဟန်ရှိသည့်အမျိုးသမီးကြီးတစ်ဦးသည် တစ်ယောက်တစ်ပေါက် အော်နေကြသော ငါးသည်များကိုကျော်ကာ အသည်ကြီးဖြစ်ဟန်တူသည့်ငါးသည်တစ်ဦးထံသို့ …