August 5, 2025
Uncategorized

ဝမ်းနည်းဝမ်းသာ

သင်းသတ်ပြီး ကျွန်းပင်ခြောက် ထိပ်ဖျား ကိုင်းလက်တက်တစ်ခုတွင် လွန်စွာမျှ ကြီးမားသော..“အောင်လောင်း” ငှက်ကြီးတစ်ကောင်နားနေ၏။ အဝေးနေရာမှ ပျံသန်းလာရင်း ခေတ္တနားနေဟန် တူသည်။သို့တည်းမဟုတ် နောက်မှ ရောက်လာကြမည့် အဖော်ငှက်များကို စောင့်နေခြင်းလည်း ဖြစ်နိုင်သည်။အတန်ကြာအချိန်တွင် အဝေးဆီမှ အောင်လောင်းငှက် သုံးကောင် ပျံသန်းလာသည်ကို မြင်လိုက်သည်နှင့် သူသည် ခရီးဆက်ရန်အလို့ငှာ ကိုင်းထက်နေရာမှ ဆတ်ကနဲ …

Uncategorized

သွေးစုပ်ကောင်

”အရိပ်တစ္ဆေ မုဆိုးများ” (၁)[ကိုပိုက်]၁။ သွေးစုပ်ကောင်ပဲခူးရိုးမသို့ မေးတင်လျက် ရှိသည့် ငမိုးရိပ်ချောင်းဖျား တောနက်ကြီးအတွင်းရှိ ရေအိုင်ကြီးတစ်ခုသို့ သမင်ငယ်တစ်ကောင် ရေသောက်ဆင်းလာ၏၊ အိုင်စပ်သို့ ရောက်သည်တွင် နောက်သို့ လည်ပြန်လှည့်လိုက်သည်။ ပြီးလျှင် ဘေးဘီတစ်ဖက်တစ်ချက် ကြည့်ပြန်၏။အန္တရာယ် ကျရောက်လာမည်ကို စိုးရိမ်၍ပေလားမသိ၊ ပြီးလေမှ အိုင်စပ်ရှိ ရေကို ငုံ့သောက်လေတော့၏၊ဆာလောင်မွတ်သိပ်နေ သည်ကြောင့် …

Uncategorized

ဘွားမယ်စိန်နှင့်ကဝေလှည့်ကွက် စဆုံး

 သစ်လွင်လှသော နှစ်ထပ်တိုက်ကြီးအတွင်း၌ ဆံပင်ကိုအထက်သို့လှန်ကာဖီးသင်ထားသော ဥပဓိရုပ်ကောင်းသော အမျိုးသားတစ်ဦးသည် အဝတ်အစားသန့်သန့်ပျံ့ပျံ့ဖြင့်အိမ်၏ ဧည့်ခန်း၌ထိုင်နေခဲ့သည်။ သူ၏ပုံစံမှာထိုအိမ်၏ပိုင်ရှင်ဖြစ်ဟန်တူပေသည်။ ထိုစဥ်အခန်းတစ်ခုအတွင်းမှာမိန်းမချောတစ်ဦးသည် အလျင်လိုဟန်ဖြင့်… “ကိုကို…သွားဖို့မပြင်သေးဘူးလား” “ပြင်ထားပြီးပါပြီ ယုရယ်… ယု့ကိုသာကိုကိုကစောင့်နေရတာပါဗျာ” “ဒါဖြင့်လည်းသွားကြရအောင်လေ… ဖိုးမောင်ကိုလည်းယုက မြင်းရထားပေါ်ကို အဝတ်အစားထုပ်တွေတင်ခိုင်းထားပြီးပြီလေ…။ ယုနဲ့ကိုကိုပဲသွားဖို့ကျန်တော့တာ…” “ဟုတ်ပါပြီခင်ဗျာ…ကဲဒါဆိုလည်း….ဒေါ်ဒေါ်ရွှေ… အိမ်ကိုဂရုစိုက်ထားလိုက်ပါဦးဗျာ…” “ဟုတ်ကဲ့ အစ်ကိုလေး” အိမ်ဖော်အမျိုးသမီးကြီးကလည်း ဧည့်ခန်းသို့ရောက်လာခဲ့သည်မို့ …

Uncategorized

ဘွားမယ်စိန်နှင့်ဝိညာဥ်ဘဝနဲ့ပြန်လာသူ

 “ခင်ချို…ညည်းဘယ်သွားမလို့တုန်း” “သြော်…အရီး ကျုပ်ရွာရှေ့ပိုင်းခဏပါတော်” “အေး…အေး…။ညည်းအမေလည်း မတွေ့ပါလား…၊ တို့အိမ်အလည်ကိုမလာဘူး” “အမေအခုတလော ခါးနာနေလို့အရီးရေ ဘယ်မှကိုမသွားတာ…” “အေးပါအေ…အရီးမေးတယ်ဆိုတာလေး ပြောလိုက်ဦး” “ဟုတ်…ဟုတ်…။ကျုပ်ပြောလိုက်မယ်” “အေး …အေး…..” ခင်ချိုနှင့် အရီးမိတို့ရွာလမ်း၌ဆုံကြခြင်းဖြစ်၏။ အချင်းချင်းစကားပြောဆိုပြီးနောက်မှာတော့ ခင်ချိုလည်း ရွာရှေ့ပိုင်းသို့ ထွက်လာခဲ့တော့သည်။ ခင်ချိုတို့ရွာသည် အင်တိုင်းရွာဖြစ်၏။ ယခုခင်ချိုတစ်ယောက် အင်တိုင်းရွာ၏ အရှေ့ပိုင်းသို့ထွက်လာခဲ့သည်။ …

Uncategorized

အပမှီနေသည့် ကလေး (စ-ဆုံး)

အပမှီနေသည့် ကလေး (စ-ဆုံး)————————————-” မတင်ညွန့်ညစ်ထားမွေးတော့မယ် ”” ညစ်ထားဟေ့ ညစ်ထား ”” အား အာ့ ”တိတ်ဆိတ်နေသောညဉ့်နက်သန်ခေါင်ယံအချိန်၊ မွေးခန်းထဲ၌မတင်ညွန့်အော်သံနှင့်အတူလက်သည်မနှစ်ယောက်၏အသံက ဆူညံနေလေသည်။ မတင်ညွန့်ယောကျာၤးဖြစ်သူစိန်သောင်းမှာတော့အခန်းပြင်၌ပင် စိတ်လှုပ်ရှားစွာဖြင့်ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိသည်။ အိမ်အောက်ဘက်၌ကားမတင်ညွန့်မိဘဆွေမျိုးများနှင့်စိန်သောင်းမိဘအပြင် ဆွေမျိုးများပင်ရှိလေသည်။” အား ”” မွေးပြီတော် မွေးပြီ ”မတင်ညွန့်နာကျင်စွာအော်ဟစ်သံနှင့် အတူလက်သည်မ၏စကားကိုကွားလိုကျရ၏။” ယောကျာၤးလေးတော် ချစ်စရာလေး …

Uncategorized

အိမ်အလည်လာသောတစ္ဆေ (စ/ဆုံး)

ကျော်အောင်တို့မိသားစု မြို့သစ်အကွက်ရိုက်ပြီး နေရာချပေးသည့်အထဲ ပါသွားသည်။ စီမံကိန်းပြုလုပ်မည့်ရပ်ကွက်များကို အစိုးရက မြို့စွန်များမှာမြေကွက်ရိုက်ပြီး အကွက်ချပေးသည်။သူတို့မိသားစုရသော မြေကွက်ကလမ်းမတန်းမဟုတ်ဘဲ အတွင်းဘက်မှာနေရာရခဲ့သည်။ သူတို့မြေကွက်ရှေ့မှာပန်းခြံလိုလို၊ ဘောလုံးကွင်းလိုလို၊ ဆေးရုံအတွက်လိုလို အဆောက်အဦးမဆောက်ရသေးသော မြေကွက်ကြီး ရှိနေသည်။မြေကွက်ချပေး,ပေးခြင်း လယ်ကွင်းထဲမှာသစ်ရိတ် ဝါးရိပ် မရှိသည့်အတွက် နေချင်စိတ်မရှိသဖြင့် မြေကွက်အသစ်ကို ဒီအတိုင်းထားပြီး မပြောင်းမရွှေ့သေးဘဲ လူနေရပ်ကွက်ထဲမှာ အိမ်ငှား၍ …

Uncategorized

တစ္ဆေနိုင်ကိုရင်လေးနှင့်ဖုတ်ဝင်သူဖွားအိမ်မြဲ

တစ္ဆေနိုင်ကိုရင်လေးနှင့်ဖုတ်ဝင်သူဖွားအိမ်မြဲအခန်း၁။ရွာတောင်ဖျားကနေ ဆွမ်းခံလာခဲ့တာ ရွာလယ်ရောက်တော့ ကိုရင်နန္ဒိယရဲ့ သပိတ်က ပြည့်လျံနေပြီ။နောက်က ဗျတ်ဆိုင်းကို တလှည့်စီ ထမ်းလာကြတဲ့ ကျောင်းသား နှစ်ယောက်ဖြစ်သော ဉာဏ်ပွင့်နှင့် ဟန်စော တို့ နေ့ခင်းကျရင် ပေသီးကြေး ထွေပစ်တမ်း ကစားမည့်အကြောင်း အခုကတည်း တိုင်ပင်လာကြ၏။ကိုရင်နန္ဒိယကတော့ ထုံးစံအတိုင်း သူ ဝင်နေကျဖြစ်သော အဖွားဒေါ်အိမ်မြဲတို့ အိမ်ရှေ့ရောက်တဲ့အခါ …

Uncategorized

..”ပညာသည်”(စုန်း)…

..”ပညာသည်”(စုန်း)…°°°°°°°°°°°°°°°°°°°°°°°°ကျုပ်မှာသူငယ်ချင်းနှစ်ယောက်ရှိတယ် ။အေးငွေရယ်…..ခင်လှရယ်ပေါ့။အေးငွေနဲ့ကျုပ်ကအလှကိုယ်စီနဲ့ညိုချောတွေလို့သူများတကာတွေကပြောတတ်ကြပေမဲ့ခင်လှရဲ့ အလှကိုတော့…မမှီကြဘူးလေ။အသားလေးကဖြူ၀င်းနေပြီးတင်းတင်းရင်းရင်းနဲ့လှတဲ့ခင်လှကတော့ကျုပ်တို့ရွာထဲမှာလဲ…စန်းအပွင့်ဆုံးပေါ့။ကျုပ်တို့သုံးယောက်ညနေဆိုရင်ကျုပ်တို့ရွာနံဘေးကချောင်းထဲမှာသဲတွင်းရေသွားခပ်ကြရင်…ရွာထဲကကာလသားတွေဆိုတာမျက်လုံးကျွတ်ကျမတတ်ပဲလေဝိုင်းငမ်းကြတာ။ဒီအထဲမှာက”တော်”ဆိုတဲ့ကိုတင်ဆောင်ကအဆိုးဆုံးပေါ့။ရောင်ထုံးကြီးကိုနဖူးပြောင်နေအောင်ထုံးထားပေမဲ့နှာတံပေါ်၊မေးရိုးကားနဲ့ယောင်္ကျားပီသချောမောတဲ့”တော့်”ကိုကျုပ်ကကြိတ်ကြွေနေခဲ့မိတာလေ။ရွာသားတွေထုံးစံအတိုင်း…တော်က…အပေါ်င်္အကျီကိုချွတ်ထားတော့ဖုထစ်နေတဲ့ကြွက်သားအပြိုင်းပြိုင်းနဲ့ရင်အုပ်ကျယ်ကျယ်ကိုမြင်တိုင်းကျုပ်မှာရင်ခုန်ရလွန်းလို့ကြည့်တောင်မကြည့်ရဲပါဘူးတော်။ကျုပ်ကသာ”တော့်”ကိုစိတ်ကူးနဲ့ရူးခဲ့ရပေမဲ့“တော်”ကြိုက်တာက”ခင်လှ”ကိုတဲ့လေ။ဒါလဲဖြစ်မယ်ဆိုတာထင်ထားပြီးသားပါ။ခင်လှကချောတာကိုး…..ကျုပ်သူငယ်ချင်းလဲဖြစ်နေတော့”တော့်”အပေါ်ဖြစ်နေတဲ့ခံစားချက်ကိုကျုပ်ရင်ထဲမှာပဲသိမ်းထားခဲ့ရတာပေါ့တော်။ဒီလိုနဲ့တနေ့မှာ…တော်ကကျုပ်ကိုရည်းစားစကားပြောပါလေရော“ရော်….တော်ကခင်လှနဲ့ကြိုက်နေတာမဟုတ်ဘူးလား”ဆိုတော့“ခင်လှနဲ့ငါပြတ်သွားပြီ”လို့ပြောတယ်။ကျုပ်ကမယုံပေမဲ့ခင်လှကိုလဲမမေးရဲဘူးလေ….နောက်တနေ့ကျတော့….တော်ကကျုပ်ကိုအတင်းလက်ဆွဲပြီးခိုးပြေးပါလေရောဒီလိုနဲ့….ကျုပ်လဲ…တော်နဲ့အကြောင်းပါခဲ့ရတာလေ။တကယ်တော့….တော်နဲ့ခင်လှနဲ့ကခဏစိတ်ဆိုးနေကြချိန်ခင်လှကိုအရွဲ့တိုက်ပြီးကျုပ်ကိုအတင်းချစ်ရေးဆိုပြီးခိုးပြေးခဲ့တယ်ဆိုတာ……တုံးအတဲ့ကျုပ်ကနောက်မှသိခဲ့ရတာလေ။တော်တို့ကတယောက်နဲ့တယောက်အရွဲ့တိုက်ပြီးအချစ်စမ်းနေတဲ့ကြားထဲ..ကျုပ်ကအူကြောင်ကြောင်နဲ့ကြားကညှပ်ပြီး ဘုမသိ ဘမသိနဲ့ လင်တယောက်ရခဲ့တာပေါ့ ။မိခင်လှကလဲ….ကျုပ်ကိုအခင်မပျက်ပဲ….ဘယ်လိုမှလဲသဘောမထားခဲ့သလို….ကျုပ်ယောင်္ကျားကြီး”တော်”နဲ့လဲမကင်းမကင်းနေနေကြပြန်တယ်လေ။သီးနှံတွေသီးပွင့်ချိန်တိုင်း….ကိုင်းထဲမှာလူစောင့်အိပ်ရတဲ့အခါ…တော်ကကိုင်းထဲကတဲထဲမှာ ညအိပ်စောင့်ရပြီဆိုရင်မနက်မနက်ဆို…တော့်တဲထဲက..”ခင်လှ”ထွက်လာနေကျတဲ့လေ။ကျုပ်ကပြန်ကြားပြီးသိနေပေမဲ့တော်တို့ကိုဘာမှမပြောရဲပါဘူးတော်။ကျုပ်မပြောရဲတဲ့နောက်တကြောင်းကရှိသေးတယ်။တကယ်ဆို”ခင်လှ”ကရုပ်ချောပေမဲ့”ပညာသည်”တယောက်ဖြစ်နေခဲ့လို့လေ။သူမကမျိုးရိုးလိုက်တဲ့”ပညာသည်”ဆိုပေမဲ့သူများတွေကိုတော့သူ့ပညာနဲ့မဟုတ်တာမလုပ်ခဲ့ဖူးပါဘူး။ဒါကိုတော့ကျုပ်ကသူ့သူငယ်ချင်းအရင်းကြီးမို့သိပါတယ်။ဒါပေမဲ့ လေ….သူနဲ့ပြဿနာဖြစ်မှာတော့ကျုပ်ကကြောက်တယ်တော့်။ငယ်ငယ်တုန်းကဆိုရင်……ကျုပ်တို့က…ခင်လှကို….”မိခင်လှ..ညည်းပြောသလိုညည်းကစွမ်းတယ်ဆိုရင်ဟိုပုဏ္ဏားကြီးရဲ့ပုဝါအဖြူကြီးကိုဆွဲချွတ်စမ်းဟာ”ဆိုပြီး.,….”ဗေဒင်ဟောတယ်….​ဗေဒင်ဟောတယ်”နဲ့အော်အော်ပြီး….ရောက်ရောက်လာတတ်တဲ့ ပုဝါဖြူကြီးပတ်ခြုံထားတဲ့ပုဏ္ဏားကြီးတွေ….လမ်းပေါ်မှာသွားနေတာကိုမြင်ပြီးပြောမိရင်……မိခင်လှကဆတ်ကနဲ့ထလိုက်ကာ….ကွေးကောက်နေအောင်”က”ရင်း……အဲ့ဒီပုဏ္ဏားကိုအိမ်ထဲကနေလက်ညှိုးလေးထိုးလိုက်တာနဲ့…လမ်းပေါ်သွားနေတဲ့ပုဏ္ဏားကြီးရဲ့ ပုဝါစကြီးကကျွတ်ထွက်ပြီး….လေထဲမှာလွင့်ပျံနေလို့….ပုဏ္ဏားကြီးခမျှ သူ့ပုဝါကြီးလိုက်ဖမ်းနေရတာ တယောက်ထဲဒုက္ခတွေရောက်လို့လေ။ကျုပ်တို့ကလဲ အိမ်ထဲကနေ လမ်းပေါ်မှာ ပုဏ္ဏားကြီး ဘရုတ်သုတ်ခဖြစ်နေတာကိုကြည့်ပြီး သဘောတွေကျလို့ပေါ့။တခါကလဲ…..ကျုပ်ကသူ့အိမ်ကိုသွားလည်ရင်း….အိမ်ထောင်ကျပြီးလို့….ခင်လှအိမ်နဲ့ကပ်ရက်အိမ်မှာနေနေတဲ့”အေးငွေ”ကိုပါသွားခေါ်မယ်လုပ်တော့…..“နေနေ..ငါခေါ်လိုက်မယ်”ဟုဆိုကာပါးစပ်ကနေတိုးတိုးလေးနဲ့”အေးငွေရေလာဟ..ငါတို့ပျင်းလို့နင်အခုငါ့အိမ်လာခဲ့”လို့ရွတ်လိုက်တာနဲ့အေးငွေကြီးဘီးစပတ်ကြီးနဲ့အပြေးရောက်ချလာတာလေ။“နင်ရောရောက်နေမှန်းမသိဘူး..ငါ့မှာခင်လှအသံကြားတာနဲ့ပြေးလာတာ”ဆိုပြီး၀မ်းသာအားရပြောပါလေရော။ခင်လှကခပ်တည်တည်နဲ့”ငါ…ဘယ်မှာခေါ်လို့ဒုန်း”ဆိုတော့”နင်ပဲငါ့နားကွဲမတတ်ခေါ်နေတာလေ”….တဲ့..။အံ့ကိုသြရော။ဒီလိုနဲ့…တော်ရယ်..ကျုပ်ရယ်…ခင်လှရယ်မရှင်းမရှင်းဇတ်ရှုပ်နေကြရင်းနဲ့….ကျုပ်လဲကလေးငါးယောက်မွေးပြီးကာမှ …..မိန်းမနှစ်ယောက်နဲ့မရောင့်ရဲနိုင်သေးတဲ့တော်ကကျုပ်တို့ရွာနဲ့ချောင်းတွေမြောင်းတွေခြားတဲ့အခြားရွာကသူဌေးမအပျိုကြီးနဲ့ကြိုက်ပြီးအဲဒီရွာမှာပဲနေတော့တာ…။ကျုပ်အိမ်ကိုပြန်မလာတော့ဘူးလေ။ကျုပ်လဲ ကလေးငါးယောက်နဲ့ဒုက္ခတွေရောက်တော့တာပေါ့။ကျုပ်ကိုကြည့်ပြီးကျုပ်သူငယ်ချင်းမိခင်လှလဲရင်ထုမနာတွေဖြစ် (သူကဘယ်လိုခံစားချက်နဲ့မှန်းတော့ )မသိပေမဲ့ကျုပ်ကိုတွေ့တိုင်းကျုပ်ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့လုပ်ကိုင်စားသောက်နေရတာတွေကြည့်ပြီးငိုပေါ့လေ။အဲဒါနဲ့တနေ့မှာ……….ကျုပ်လဲစိတ်ပေါက်ပေါက်နဲ့ခင်လှကို“ညည်းရောငါရောမရမဲ့အတူတူ သူ့ကိုညည်းပညာနဲ့သတ်လိုက်စမ်းအေ”လို့ပြောမိလိုက်တယ်။ခင်လှကရုတ်တရက်ငေးနေရင်းက….“ကောင်းပြီ..ညည်းပြောတာနော်..ဒီလောက်တောင်အားမရပဲပွေရှုပ်ချင်တဲ့အကောင်ငါသတ်ပေးမယ်…စောင့်ကြည့်နေ”ဆိုပြီးထထွက်သွားတယ်။ကျုပ်လဲပြောမိတာမှားသွားပြီလားလို့တွေးရင်းမိခင်လှကတော့တကယ်လုပ်မှာမဟုတ်ပါဘူးလို့ပဲထင်မိတာပေါ့။ဒီလိုနဲ့တော်ထွက်သွားပြီး ၇ …

Uncategorized

သိုက်ကလာသူတစ်ယောက်အကြောင်း ( စ၊ ဆုံး)

သိုက်ကလာသူတစ်ယောက်အကြောင်း ( စ၊ ဆုံး)#ဖြစ်ရပ်မှန် အခြေပြု#နောင်ရိုး(ဆေးတပ်)********” ကျုပ် မလိုက်ချင်သေးပါဘူး ဘိုးဘိုးရယ်…”ညဉ့်နက် သန်းခေါင် သန်းဆောင်တစ်ယောက် အိပ်မက်ယောင်နေတာ။ ပထမတစ်ကြိမ် ယောင်တုန်းကတော့ နံဘေးမှာ အိပ်စက်နေတဲ့ မမြမူ မသိသေးလိုက်ဘူး။” မလိုက်လို့ မရဘူးဆိုတော့လည်း.ကျုပ်ဘာများတတ်နိုင်မှာလဲ ဘိုးဘိုးရယ်။ ကျုပ် လက်ခံရုံပဲပေါ့။ ကျုပ် လိုက်ခဲ့ပါတော့မယ်…”နောက်တစ်ကြိမ်ထပ်မံပြီး ယောင်ရမ်းတော့မှ မြမူ …

Uncategorized

ပုံပျက်ပန်းပျက်ရသေ့ကြီးနှင့်မိုးကြိုးနိမိတ်အဟော

ပုံပျက်ပန်းပျက်ရသေ့ကြီးနှင့်မိုးကြိုးနိမိတ်အဟောမောင်ညိုမှိုင်း(သန်လျင်)°°°°°°°°°°°°°°°°°°°°°°°°°°°ကျွန်ုပ်သည် လောကီဂမ္ဘီရဆိုသည့် ပညာရပ်များကို လွန်စွာမှ အယုံအကြည် နည်းခဲ့သူတစ်ဦးဖြစ်၏။ သို့ဖြစ်၍ ဗေဒင်၊ ယတြာ၊ ခေါစာ၊ ဓါတ်ဆင်၊ ဓါတ်ရိုက်၊ အတ္တပ္ပန၊ တဘောင်၊ – စနည်း၊ ဘဝေါ၊ နက္ခတ်၊ ဟူးရား အစီအရင်စသည်များကို အရိုအသေနည်းခဲ့သည်။ အထင်အမြင် သေးခဲ့၏။အထူးသဖြင့် အရူးလိုလို ဘိုးတော်များ၊ …