” ရွာဟောင်းတောင်ကသရဲ ” (စဆုံး )
================================== ဖိုးခေါင်တောင်ရွာသား…..အောင်မော်မှာ ခေတ်ပညာကို မြို့ကျောင်းတွင်ဘွဲ့ရသည်အထိသင်ကြားဖူးသူဖြစ်၏။သူတတ်မြောက်သော ပညာနဲ့ မြို့တွင် အလုပ်ကောင်းကောင်းတစ်ခု ရနိုင်ပါလျက် ..မြို့တွင်မနေချင်ဟုဆိုကာ ရွာသို့ပြန်သူဖြစ်၏ ။မြို့ကျောင်းတက်ပြီး ပညာသင်သည်ကပင်မိဘများဆန္ဒကြောင့်သာ၊သူ့သဘောဆိုပါက သင်ဖြစ်မည်မဟုတ်ပေ။ မိဘများကရွာတွင်ငွေကြေးပြည့်စုံသူများမို့ တစ်ဦးတည်းသောသားအောင်မော်ကဘာအလုပ်မှလုပ်စရာမလိုအိမ်တွင်အေးဆေးနေရုံပင်ဖြစ်၏ ။ယခုတလောအောင်မော်လုပ်နေသောအလုပ်ကြောင့်မိဘနှစ်ပါးအောင်မော်အတွက်ခေါင်းရူတ်နေရလျက်ရှိနေ၏ ။အောင်မော်အတွက်ခေါင်းရူတ်ရသည်ဆိုခြင်း အတွက်အောင်မော်အရက်သေစာသောက်စားခြင်း ။လောင်းကစားမူပြုခြင်း ။မိန်းမပွေရူပ်ခြင်းတို့ကြောင့်ကား မဟုတ်ချေ…..။အောင်မော်မှာ အရက်သေစာမသောက်စားသည့်အပြင်လောင်းကစားလည်းကင်းရှင်းသူဖြစ်ဖြစ်၍မိန်းမကိစ္စဖြင့်ပတ်သက်လာပါကရည်းစားပင်မထား ပေ။မိဘများကသင့်တော်သောမိန်းခလေးတွေ့၍ စီစဉ်မည်ဆိုလျင်ပင် စောပါသေးတယ် …