August 4, 2025
Uncategorized

ရင်ခွဲရုံအောက်ဆီက ညတစ်ည ( ဖြစ်ရပ်မှန်)

******ကျော်၀င်း လက်ရှိတာ၀န်ကျနေရာတပ်ဆေးရုံကနေ အခြားတောင်ပေါ်ဒေသတပ်ဆေးရုံတစ်ခုဆီကို အပြောင်းတာ၀န်ကျခဲ့တယ်။နေရပ်ဒေသနဲ့ သိပ်မဝေးဘူးဆိုတော့ ပြောင်းရွှေ့ရေးမှာ အခက်အခဲမရှိဘူးဆိုပေမယ့် မိသားစုကိုတော့ လတ်တလောမခေါ်ခဲ့နိုင်ဘူး။ဒီလိုနဲ့ ကျော်၀င်းတစ်ယောက် နေရာသစ်ဆီကို တစ်ကိုယ်ထဲ ပြောင်းရွှေ့ခဲ့ရပါတော့တယ်။******ဆေးရုံတပ်ရင်းမှူးထံကို ကိုယ်ရေးဖိုင်တွဲတင်ပြပြီးတော့ ဆက်လက်ညွှန်ကြားလာမယ့် စကားတွေကို ကျော်၀င်းစောင့်နေမိတယ်။တပ်ရင်းမှူးက ဖိုင်တွေကို လှန်လျောဖတ်ရှုပြီးလေတော့…။” ကဲ…ဆရာကျော်၀င်း၊ ခင်ဗျားကို လတ်တလောမှာ မိသားစုမပါသေးတော့ လူပျိုဆောင်မှာပဲ ထားပေးဦးမယ်၊ …

Uncategorized

သုံးနာရီအချိန်မှန်နှိုးသည့် တစ္ဆေကြီး (စ/ဆုံး)

“ဗျို့ …ကိုကျော်နိုင် ““ဟာ …ကိုကျော်နိုင်ပါလား၊ မတွေ့တာ အတော်ကြာပြီနော် ““ဟုတ်တာပေါ့ …အနည်းဆုံး ခြောက်နှစ်လောက်တော့ရှိပြီ၊ လာ …ကြုံတုန်း လက်ဖက်ရည်သောက်သွားအုံး”ကိုတင်ဝင်းဆိုသူက ကိုကျော်နိုင်၏ ဖိတ်ခေါ်မှုကြောင့်လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်လာသည်။ကိုတင်ဝင်းက ပလိန်းမှာလိုက်သည်။“ကြက်လည်း မရောင်းတော့ဘူး၊ တောင်ဒဂုံမှာလည်းမနေတော့ဘူး ။ အခု အရှေ့ပိုင်း(၄)ရပ်ကွက်ကိုပြောင်းနေတာ သုံးနှစ်ရှိပြီ”“ဒဂုံအရှေ့ပိုင်းက တောင်ဥက္ကလာပကို ကိစ္စနဲ့ရောက်လာတာပေါ့ ဟုတ်လား”“အကြွေးလာတောင်းတာဆိုပါတော့ …

Uncategorized

ဝက်မကြီးရဲ့မေတ္တာစာ

အဖေ အိမ်ရှေ့မှာ ဦးလေး သာဂိရောက်နေတယ်။” သာဂိ ဘာဖြစ်လာပြန်ပြီလည်း သမီး “” မသိဘူးအဖေ အမေက အဖေကို နှိုးခိုင်းလို့ “သူခြင်ထောင်မ၍ အပြင်သို့ထွက်သည်။ ဧည့်ခန်းတွင် သာဂိကို တွေ့လျှင်တွေ့ချင်း ဘာဖြစ်ပြန်ပြီလဲ သာဂိရဲ့ ဟု မေးလိုက်သည်။” ဟို – – ဝက်သားအမိပေါ့ဆရာ …

Uncategorized

ပုံရိပ်

ပုံရိပ်——-ကျွန်တော် နာရေးအတွက် ဆရာကိုအောင်မြတ်တဲကို ရောက်ခဲ့ပါသည်။ နေ့ခင်းဖြစ်သောကြောင့် တဲတွင် လူသိပ်မရှိ။ ညအချိန်သာ ဖဲဝိုင်းရှိသောကြောင့် လူရှိသည်။ ရွာ အသုဘအိမ်ဖြစ်သဖြင့် ရက်လည်ပြီးသည့်တိုင် နေ့တိုင်းလိုလို ထမင်းကျွေးသည်။“ဆရာ … ထမင်းစားမယ်နော် … ပြင်လိုက်မယ်”“စားခဲ့ပြီးပြီ”ကိုအောင်မြတ်က ကျွန်တော်အနားကို လာထိုင်ပြီး“ဒါဆို ရေနွေးသောက်ဆရာ”သူက ပြောပြောဆိုဆိုနှင့် တောင်ကြည့် မြောက်ကြည့် …

Uncategorized

ခေတ် ပုံရိပ်

” ခေတ် ပုံရိပ် ” နေ့လည်ခင်းဆယ့်တစ်နာရီလောက် ရှိမည်ထင်သည် အိမ်ရှေ့ကို… အမျိုးသ္မီးတစ်ဦး …လာရပ်ခါ … အလုပ်ခိုင်းစရာမရှိဘူးလားဟု….မေးရင်း … အလုပ်ခိုင်းစရာရှိလျှင်… လုပ်ပေးမည့်အကြောင်းနှင့် အလုပ်လုပ်ပေးသည့်အတွက်ငွေကြေးပေးစရာမလိုပဲ သူတို့သားအမိတွေကို ထမင်းလေးတစ်နှပ်ကြွေးရင် ရပါတယ်ဆိုတဲ့အကြောင်း….ပြောနေသဖြင့်…. သူ့ကိုအသေအခြာကြည့်လိုက်တော့ လေးငါးနှစ်အရွယ်လောက်ရှိိမည့်… ကလေးတစ်ဦးကို… လက်မှာဆွဲထားပြီး…. ကျန်တဲ့တစ်ဖက်ကလည်း… နို့စို့အရွယ်ကလေးတစ်ဦးအား ပွေ့ချီထားလျှက် …

Uncategorized

ပါးလိုက်သည့်လက်ဆောင်

ပါးလိုက်သည့်လက်ဆောင် [တင်ညွန့်]တစ်နေ့ ကျောင်းပေါ်ကို ဦးဘညိုတက်လာသည်။ ကျွန်တော်ကလည်း စာသင်နေသဖြင့် သူ့ကို လက်ပြပြီး ခဏနေခိုင်းရသည်။ ကလေးတွေကို လေ့ကျင့်ခန်းပေးပြီးနောက် စင်္ကြံကိုထွက်ကာ သူနှင့်တွေ့ပြီး“ဦးဘညို ဘာကိစ္စလဲဗျ” ဟု မေးရသည်။ သူက“ဆရာ မနက်ဖြန် မြို့ကိုပြန်မလို့ဆို”“ဟုတ်တယ်လေ … လကုန်တိုင်း လစာထုတ်ဆင်းနေကျပဲ”“ဆရာ့ကို တစ်ခုလောက် မှာလိုက်ချင်လို့ပါ”“မှာလေ … …

Uncategorized

ဘွားမယ်စိန်နှင့် ကဝေမလေးခင်အုံ၏မိသားစုတိုက်ပွဲ

စာမူ…၁၄၅စဆုံးညဘက်ထမင်းစားသောက်ပြီးနောက်ဘွားမယ်စိန်တို့မအိပ်ဖြစ်ကြသေးပေ။မီးအိမ်လေးထွန်းပြီး ကွပ်ပျစ်ခင်း၌ထိုင်နေကြ၏။ရှေ့၌လည်းမြေပဲလှော်များ….ပြောင်းဖူးပြုတ်များကိုပန်းကန်များထဲစီကာထည့်လို့ထားသည်။“ရှင်ညိုစားလေ…”“ဟုတ်ကဲ့အရီး …”ဒေါ်ဝင်းက ညနေကတည်းက ယခုလိုညပိုင်းစားဖို့ရန်အတွက်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ရှင်ညိုလည်းပြောင်းဖူးပြုတ်လေးကိုယူကာစားနေ၏။ဘွားမယ်စိန်ကတော့ သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုသာ ဖွာရှိုက်လို့နေခဲ့သည်။ရှင်ညိုကဘွားမယ်စိန်ကိုကြည့်၍…“အဘွားကိုမြင်တိုင်းလေ ကျုပ်စိတ်ထဲမှာသတိရမိတဲ့သူတစ်ယောက်ရှိတယ်…”“ဘယ်သူများလဲအေ့”“အဲ့သည်လူက တခြားမဟုတ်ပါဘူးကျုပ်ရဲ့ဘွားဘွားကြီးပါ…အဘွားရဲ့စကားပြောပုံတွေ စိတ်တွေကဘွားဘွားကြီးနဲ့အတော်လေးကိုတူပါတယ်…”“အင်း…”ရှင်ညိုပြောနေသည့်ဘွားဘွားကြီးဆိုတာကိုဒေါ်ဝင်းတို့မသိ၍ ပြောင်းဖူးစားနေရာမှ…“နေပါဦး…ရှင်ညိုက အဖေပဲရှိတာဆို…အခုပြောတဲ့ဘွားဘွားကြီးဆိုတာ ဘယ်သူများလဲ”ဟု…ဝင်ကာမေးလေသည်။“ကျုပ်ပြောတဲ့ဘွားဘွားကြီးဆိုတာအခုဘဝမှာတော်စပ်ဖူးခဲ့တဲ့သူမဟုတ်ပါဘူးအရီးရယ်…ကျုပ်ရဲ့အရင်ဘဝဟောင်းကအဘွားပါ…”“ဟေ…”“မမ…မမကအရင်ဘဝကိုမှတ်မိတယ်ပေါ့လေ”ဒေါ်ဝင်းအံ့သြနေစဥ်နန်းကြိုင်က ဝင်မေးလေသည်။ရှင်ညိုကခေါင်းညိတ်ပြလိုက်တော့နန်းကြိုင်အံ့သြသွားသည်။“ဒါဆို ကျုပ်တို့ကိုပြောပြပါလားမမရယ်…မမအရင်ဘဝကဘယ်မှာနေခဲ့တာလဲ…နောက်ပြီး မမဘယ်လိုကြီးပျင်းခဲ့ရလဲဆိုတာကျုပ်သိချင်တယ်… ““မြေးလေး…”နန်းကြိုင်၏နှုတ်မှမေးလာသော မေးခွန်းများကြောင့်ဘွားမယ်စိန်ကဟန့်တားလေသည်။ထိုအခါရှင်ညိုက…“နေပါစေဘွားရယ်…ကျုပ်ကိုယ်တိုင်လည်းပြောပြချင်ပါတယ်…ဒီအကြောင်းတွေကိုရင်ထဲသိမ်းထားရတာ ကျုပ်အတွက်မွန်းကြပ်စရာကောင်းလှပါတယ်…ဒါကြောင့်ညီမလေးနဲ့ဘွားတို့ကို ကျုပ်ပြောပြပါ့မယ်…”ဟု…ပြောလေတော့ ဘွားမယ်စိန်က မတားတော့ပေ။ဒေါ်ဝင်းနဲ့နန်းကြိုင်တို့ကတော့ ရှင်ညို​ပြောလာမည့်အကြောင်းအရာများကို စိတ်ဝင်တစားဖြင့်နားထောင်ဖို့ရန်အသင့်ဖြစ်နေခဲ့ကြသည်။“ကျုပ်ရဲ့မွေးရပ်မြေကန်ပိုင်ရွာကနေကျုပ်ရဲ့ဖောက်ဖျက်မိတဲ့အပြစ်ကြောင့်ဘွားဘွားကြီးကိုယ်တိုင်အိမ်ပေါ်ကနှင်ချခဲ့တယ်လေ…ဒါကြောင့် ကျုပ်နဲ့ကျုပ်မိဘတွေလည်းရွာပြင်မှာထွက်နေကြတာပေါ့…ရွာပြင်ထွက်နေရပေမယ့် …

Uncategorized

ဘွားမယ်စိန်နှင့်သရဲငဗျိုင်း

 စ…ဆုံး ညသည်မှောင်မိုက်၍နေခဲ့သည်။ပတ်ဝန်းကျင်၌တော့ပုရစ်အော်သံများသည်ဟိုမှာသည်မှာပျံ့လွှင့်ထွက်ပေါ်နေခဲ့၏။ထိုအမှောင်ထုထဲ၌ကိုဗျိုင်းတစ်ယောက် ဒယိမ်းဒယိုင် ဖြင့်လျှောက်လှမ်းလာခဲ့၏။ကိုဗျိုင်း မဟန်သည်က ဗိုက်၌ ဓားတန်းလန်းကြီးဖြင့်ဖြစ်နေပြီးသွေးများမှာလည်းဗိုက်ဆီမှ အဆက်မပြတ်ကျဆင်းနေခဲ့လေသည်။ကိုဗျိုင်းသည်သူ၏နောက်ပါးသို့လည်း စိုးရိမ်တကြီးဖြင့်လည်ပြန်ကာ ကြည့်နေခဲ့ပြန်သည်။   ကိုဗျိုင်းမှာ ထန်းတောပိုင်ရှင်ဖြစ်သည်။ထန်းတက်သမားတစ်ဦးငှား၍ ထန်းတောကိုဦးစီးလုပ်ကိုင်နေသော ကိုဗျိုင်း၏ထန်းတောသည်ရွာအလယ်ပိုင်းက အရက်ဖြူဆိုင်ထက်သောက်သုံးသူများပေသည်။ထန်းရည်ချိန်ရောက်ပြီဆိုလျှင် အရက်ဖြူဆိုင်မှာလူပင်မရှိ။လူမရှိရခြင်းက ကိုဗျိုင်းထန်းတော၌သာသောက်သုံးသူများရောက်ရှိနေသောကြောင့်ပင်။ထိုကဲ့သို့စီးပွားရေးအဆင်ပြေသော ကိုဗျိုင်း၏လည်ပင်း၌ဝတ်ဆင်ထားသည့်ရွှေဆွဲကြိုးတုတ်တုတ်ကြီးမှာလည်းအများအားကျစရာပင်။ဒါတင်မကသေး ကိုဗျိုင်းမိန်းမ မပန်းဖြူဆိုလျှင်လည်းရွှေတွဲလည်ငွေတွဲလည်ဖြင့် ကိုဗျိုင်းကအလှဆင်ထားပြန်၏။နာမည်ကသာ ကိုဗျိုင်းဟုခေါ်ကြသော်လည်းအသားအရောင်သည်က မီးသွေးခဲကပင်အဖေခေါ်ရပြီးပါးရိုးကားကား….ဂငယ်ပုံနှုတ်ခမ်းမွှေးထူထူကြီးများနှင့်ကိုဗျိုင်းမှာလွန်စွာရုပ်ဆိုးလှသူပင်။ထိုသို့ရုပ်ဆိုးလှသော ကိုဗျိုင်း၏ဇနီးသည်မပန်းဖြူမှာတော့နာမည်အတိုင်းဖြူဖွေးလှပသော အမျိုးသမီးဖြစ်နေပေရာကိုဗျိုင်းတို့လင်မယားအား …

Uncategorized

စွဲစိတ်

တင်ညွန့်“ဆရာ ကျောင်းဝကို ထွက်ကြည့်ပါဦး … ဒေါ်မြခင် လာသောင်းကျန်းနေလို့”“ဘယ်က ဒေါ်မြခင်လဲ … ဘာလုပ်နေလို့လဲ”ကျွန်တော်က ဤကျောင်းသို့ ရောက်စဖြစ်သဖြင့် ဘာမှန်းတော့ မသိသေး။ ဆရာမလေး ဒေါ်အေးအေးသင်းက စိုးရိမ်သောလေသံဖြင့် ပြောနေသဖြင့် သူစကားမပြန်မီ ကျောင်းအောက်ကို ပြေးဆင်းကာ ကျောင်းပေါက်ဝကို ရောက်လာခဲ့သည်။အမျိုးသမီးကြီးတစ်ယောက်သည် ကလေးတစ်ယောက်ကို အတင်းဖက်ထားသည်။ သူအဖက်ခံထားရသည့် …

Uncategorized

ကျားအိုကြီး၏မာန်

၄။ ကျားအိုကြီး၏မာန် နေဝင်ချေပြီ ဖြစ်သည်ကြောင့် အအေးဓာတ် ပိုလာ၏။ သို့ဖြစ်၍ လင်းမြင့်လှိုင်သည် ထင်းမီးဖိုနေတော့၏။အိပ်တန်းဝင်ငှက်များ ကျလိ၊ ကျလိ၊ ကွစ် ကွစ် – ကွစ် ကွစ်အော်မြည်ကာ စခန်းရှေ့မှ ဖြတ်သန်းပျံသန်း သွားကြသည်။မနီးမဝေးလောက်မှ ကြောက်လန့်တကြား အော်ဟစ်လာသည့်ဂျီ(ချေ)တစ်ကောင်၏အသံစူးစူးနောက်မှ “ဝေါင်း”ရယ်လို့ ကျားကောင်၏ ထိတ်လန့်ချောက်ချားဖွယ် ဟိန်းဟောက်သံ …