အောင်မြတ်သာနှင့်ကြောင်မျက်ရှင်(စ/ဆုံး)
ရေးသားသူ…ဇေယန (ရာမည) အချိန်ကား.ညနေနေဝင်ရီတရော နွားရိုင်းသွင်းချိန် လယ်ထဲကပြန်လာသူတွေ၊ ရေခပ်ဆင်းသူတွေနဲ့ အတန်အသင့် စည်ကားနေတဲ့ နတ်ကျွန်းကျေးရွာ.. ရွာမှာနေတဲ့လူအများစုကတော့ အတန်အသင့်ပြေလည် ကြတယ်လို့ဆိုရမယ်။ လယ်ယာစိုက်ပျိုးရေးကိုအဓိကထားပြီးလုပ်ကိုင်တဲ့ ရွာ ဖြစ်တဲ့အတွက် ယခုလို စပါးပေါ်ချိန်ကတော့ လက်ထဲ ငွေသီးနေသလို ဝတ်ကောင်းစားလှတွေ ဝယ်ခြမ်းနိုင်တဲ့ အချိန်တစ်ခုလဲဖြစ်တယ်။ …