ကွေးကောက်အင်းက ဦးသံခဲ(စ/ဆုံး)
———————————-ကိုသံခဲတစ်ယောက် ဆယ့်နှစ်တောင်လှေကလေးကို လှော်ခတ်လာခဲ့လေသည်။ အင်းကြီးကိုဖြတ်သန်းလှော်ခတ်လာရင်း မကြာခင် ကုက္ကိုပင်ကြီးများ ပေါက်ရောက်နေကြသည့် ကုန်းမြေတစ်ခုအနီးသို့ တိုးကပ်လာခဲ့သည်။ ထိုကုန်းမြေကို ရွာခံများက ကုက္ကိုကျွန်းဟုသာခေါ်ဆိုလေသည်။ ကိုသံခဲလည်း ပိုက်ကွန်အား ပုခုံးဖြင့်ထမ်းပိုးလိုက်ပြီးနောက် လှေပေါ်တွင်မတ်တပ်ရပ်လိုက်လေသည်။ အင်းရေပြင်ကြီးက နေပူရှိန်ကြောင့် ပူလောင်လှသော်လည်း ကုက္ကိုပင်အရိပ်အောက်တွင်တော့ အလွန်အေးမြလျှက်ရှိသည်။ ကိုသံခဲက ငါးများအလွန်ကြိုက်သည့် ဖွဲကြမ်းကို လက်တစ်ဆုပ်ခန့်နှိုက်ယူလိုက်ကာ …