August 4, 2025
Uncategorized

ဝိညာဉ်စောင့်တဲ့ ရတနာ(စ/ဆုံး)

  —————————— ကိုမြတ်ထွန်းတစ်ယောက် ဒူးလေးတစ်လက် လက်မှာဆွဲပြီး တောထဲဝင်ခဲ့သည်။ သူက မျိုးနဲ့ရိုးနှင့် မုဆိုးအလုပ်ကို လုပ်လာ သူတော့ မဟုတ်။ တစ်လကို တစ်ကြိမ်မဟုတ် နှစ်ကြိမ်ခန့်သာ တောထွက်ပြီး အမဲပစ်လေ့ရှိသည်။ ကျန်ရက်များမှတော့ သစ်ခုတ်၊ ဝါးခုတ်အလုပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ သူနေထိုင်ရာရွာ၏ အရှေ့ဘက်မှာ ရိုးမ …

Uncategorized

သမီးမျက်ရည်နဲ့ ခြေဆေးပါမေမေ

“ဟဲ့ကောင်မ ထ တော့လေ သေပဲသေနိုင်တယ် နင့်ကိုနင် ကုဋေကြွယ်သူဌေးသမီးထင်နေလား။ မျက်နှာမသစ်နဲ့ဦး ဆီကုန်နေတယ် ဆီ ၅ကျပ်သားနဲ့ကြက်ဥ နှစ်လုံးဝယ်ခဲ့။ ဘီရိုပေါ်မှာ၁၀၀၀ယူသွား ပိုတာပြန်ယူလာခဲ့နော်” “ဟုတ်ကဲ့ပါအမေ” “ဒါဆိုလည်းမြန်မြန်လုပ်လေ ညည်း ထမင်းအိုးလည်း တည်ရဦးမယ် ကျောင်းနောက်ကျဦးမယ်” ” ဟုတ်ကဲ့ပါအမေဟုဆိုကာ အိပ်ယာမှလူးလဲထပြီး ဆံပင်ရှည်အား သားရေကွင်းနှင့်စုစီးကာ စျေးဝယ်ရန်ပြေးထွက်လာခဲ့လေသည်” …

Uncategorized

အရိပ်ပမာ(စ/ဆုံး)

————– မိန်းမသားတွေနဲ့ ယောကျာ်းသားတွေကြား ဒီလိုကိစ္စတွေဖြစ်လာပြီဆိုရင် ယောကျာ်းသားတွေ​ထက် မိန်းမသားတွေကို ပိုပိုသာသာအပြစ်ဖို့ကြတော့တာပါပဲ။ ခုလည်း ပတ်ဝန်းကျင်ကလူတွေရဲ့ ပြောပုံတွေက ဖြစ်ခဲ့သမျှအရာရာအတွက် ကျွန်မမှာပဲ အပြစ်ရှိသလိုလို။ အပြစ်မရှိဘူးလို့တော့ ကျွန်မ မဆိုလိုပါဘူး။ ကျွန်မလည်းမိုက်ခဲ့မိတာပါပဲ။ ကျွန်မကိုယ်ကျွန်မလည်း ခွင့်မလွှတ်နိုင်တဲ့စိတ်နဲ့ ရူးမတတ်ကို ခံစားရပါတယ်။ ဟုတ်ပါရဲ့ ကျွန်မဟာ အညှာလွယ်ခဲ့တယ်ပဲထားပါအုံး။ တစ်လောကလုံးကပဲ …

Uncategorized

နေဝင်ချိန်လေးလှပါရစေ

—————————– ”ရော့…စား” “အလုပ်ကြမလုပ်ချင်ဘူး အစားကြစားချင်တယ်၊ဆန်တစ်ဘူး ဘယ်လောက်မှတ်နေလဲ အဖေရဲ့” “အဖေတကယ်အလုပ်မလုပ်နိုင်လို့ပါ သမီးရယ်၊အဖေလုပ်နိုင်ခဲ့တုန်းက သမီးတို့ ညီအစ်မသုံးယောက်နဲ့သမီး အမေကိုအဖေပဲရှာကျွေးခဲ့တာပါကွယ်။ “ကိုပေသီး ရှင်အပိုတွေပြောမနေနဲ့ ရှင်လုပ်စာစားခဲ့ရတာက ဟိုးသဝေသနီ ခေတ်မှာကျန်ခဲ့ပြီတော့်။ အခုမှလာပြီးချေးခြောက်ရေနူးမနေစမ်းပါနဲ့တော်” “ဟုတ်တယ်အဖေ အခုကြပ်တည်းနေတဲ့အချိန်မှာ သမီးတို့ဘယ်လောက်ရှာဖွေ ရုန်းကန်နေလဲဆိုတာ အဖေသိရဲ့လား။ အခုခေတ်ကြီးထဲမှာ ထမင်းတစ်လုပ်စားရဖို့လွယ်တယ်မှတ် နေလားအဖေ …

Uncategorized

ဘွားမယ်စိန်နှင့် ကြောင်သူတော် (စဆုံး)

သောင်ထွန်းရွာ၌သတင်းတစ်ခုကပျံ့နှံ့နေခဲ့သည်။ ထိုသတင်းကိုကြားသိသူတိုင်းလည်း စုတ်တသပ်သပ်ဖြင့် စိတ်မကောင်းဖြစ်နေကြရှာသည်။ ထိုသတင်းမှာ…သောင်ထွန်းရွာ၏နံဘေး၌ရှိသော အင်တိုင်းရွာတွင် အမျိုးသမီးတစ်ဦး၏အလောင်းအား ရေတွင်းထဲမှတွေ့ရှိခဲ့ရခြင်းပင်။ အမျိုးသမီးဟုဆိုရအောင်လည်းအသက်အားဖြင့် နှစ်ဆယ်သာသာလေးရှိသေး၏။ ထိုသို့ငယ်ရွယ်လှသောမိန်းကလေးသည် ညကြီးအချိန်မတော်ရွာလယ်ရှိ ရေတွင်းထဲသို့ကျ၍သေဆုံးနေခြင်းသည် စဥ်းစားစရာဖြစ်နေခဲ့သည်။ မတော်တဆကျ၍သေခြင်းလား… သို့မဟုတ် မိမိကိုယ်ကိုသတ်သေခြင်းပဲလားဆိုသည့် အတွေးများဖြင့်လူများမှာစဥ်းစားရခက်နေကြသည်။ “အမေ…အင်တိုင်းရွာမှာကောင်မလေးတစ်ယောက် ရေတွင်းထဲကျသေနေတာတဲ့တော့်” ရွာထဲမှပြန်လာသောဒေါ်ဝင်းက အိမ်သို့ရောက်ရောက်ခြင်း ဘွားမယ်စိန်ကို ထိုသတင်းအားပြောပြလိုက်သည်။ “ဟေ…ဟုတ်လား…ဘယ်အရွယ်လေးလဲဟဲ့” …

Uncategorized

နှုတ်ဆက်လေသလား(စ/ဆုံး)

——————————-အချိန်ရာသီကတော့ စက်တင်ဘာလ မိုးလရာသီ တက္ကသိုလ် ကျောင်းများစတင်ဖွင့်လှစ်သော အချိန်ဖြစ်လေသည်။ ခင်ခင်ထား ကေတာ့ ဥပေဒ ပညာ ဒုတိယနှစ် ကျောင်းသူဖြစ်၏။ ပထမနှစ် တက်စဥ်က အစ်မများနှင့် တက်ရသောကြောင့် အဆင်ပြေခဲ့သော်လည်း ယခုနှစ် သူမ တစ်ယောက်တည်းမို့ အဆင်မပြေလှပါ။ ခင်ခင်ထားက တစ်ယောက်တည်းနေတတ်သူမို့ အပေါင်းအသင်း မရှိပါ။ …

Uncategorized

နေရစ်ခဲ့တော့ညီမလေးရယ်(စ /ဆုံး )

~~~~~~~~~~~~~~~~~~~~~ကျွန်တော်သိတတ်တဲ့အရွယ်ကစပြီး သူမတစ်ယောက်ထဲကို မြတ်နိုးခဲ့တယ်..သူမနဲ့ကျွန်တော်က အသက် ၃နှစ်တိတိကွာတယ် ကျွန်တော်အိမ်နဲ့ သူမအိမ်က ဘေးချင်းကပ်ရပ်လေ..….မိဘချင်းကလဲ ရင်းနှီးတော့ ငယ်ငယ်ထဲက ကစားဖော်ကစားဖက် ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်တွေပေါ့ ။ကျွန်တော် ၃တန်းတက်တဲ့အချိန် သူမက သူငယ်တန်းစတက်တယ် ။အိမ်နဲ့မနီးမဝေးမှာရှိတဲ့ မူလတန်းကျောင်းလေးကို နှစ်ယောက်သားတူတူသွားခဲ့ကြတယ် ။ထမင်းစားလွှတ်ချိန်တွေလဲ နှစ်ယောက်သား ထမင်းတူတူပဲစားဖြစ်တယ် ။ကျောင်းကသူငယ်ချင်းတွေက ကျွန်တော်တို့နှစ်ယောက်ကို …

Uncategorized

မယားငယ်(စ/ဆုံး)

မယားငယ်(စ/ဆုံး) ——————- အစကတော့ သူမကို တကယ်ချစ်လို့ သူလက်ထပ်ခဲ့တာ… အိမ်ထောင်သက်.၁၃နှစ်အတွင်းမှာ.. ၅နှစ်အရွယ် ကလေးတစ်ယောက်ပင်ရခဲ့ပြီ.. အရင်က ဖြူဖြူ သွယ်သွယ် လှလှပပနဲ့.. သူချစ်ခဲ့ရတဲ့မိန်းမက..ခုတော့. ဖြူဖြူဖောင်းဖောင်းနဲ့ ဖက်တီးမကြီး ဖြစ်နေခဲ့ပြီ.. ငယ်ရည်ငယ်သွေး ပျောက်သွားပေမဲ့ သူမက သူ့အပေါ် ဟိုတုန်းကထက်တောင် ပိုပြီး ပြုစုယုယ ဂရုစိုက်ရှာသည်။ …

Uncategorized

ယင်းခဲတောနှင့် တစ်ပွဲစားမုဆိုး

ထောင်မှူးကြီးသိန်းဝင်း[ ၁ ]ကျွန်ုပ်တာဝန်ထမ်းဆောင်ရသည့် ကသာမြို့မှာ အလွန်တရာ သာယာလှပသည်။ ကသာမြို့ကို နောက်ခံထားပြီး ဖက်ဆွတ်တောင်တန်း စိမ်းညို့ညို့ကြီးက မြို့အရေးကို ကလနားသတ်ထားသည်။ ဧရာဝတီမြစ်ကမ်းကို အမှီပြု၍ တည်ထားသော ကသာမြို့အား မြစ်ယံအတွင်းက မျှော်ကြည့်လိုက်လျှင် ပို၍သာယာသည်။မြို့ပတ်ကမ်းနားလမ်းတွင် ကသာမြို့၏ ကျက်သရေဆောင် မဟာလေးထပ်စေတီတော်၊ မြစေတီနှင့် ရွှေဂူကြီးဘုရားတို့ကို ရွှေရောင်တဝင်းဝင်းနှင့် …

Uncategorized

လက်ပံလှချိုင့်ဝှမ်းပုံပြင်

ထောင်မှူးကြီးသိန်းဝင်းကျွန်တော်ဟာ ဆိုက်စမစ်ရေနံရှာဖွေရေးမှ အငယ်တန်းတွင်းတူး အင်ဂျင်နီယာလေးတစ်ယောက် ဖြစ်ပါတယ်။ လူကလည်း တောသား၊ တေတေ ပေပေနဲ့ ဖြစ်သလိုနေခဲ့လို့ ပညာတော်လျက်နဲ့ အင်းစိန်(G.T.I)ကျောင်းသာ တက်ခဲ့ရပြီး အညံ့ဆုံးဘာသာရပ်ဖြစ်တဲ့ ‘မိုင်း’ဘာသာရပ်နဲ့ ဒီပလိုမာရခဲ့ပါတယ်။အဲဒါတောင်မှ ကံကောင်းလို့ သတ္တုတွင်းနဲ့ ကျောက်မီးသွေးတွင်းတွေရှိတဲ့ နယ်စွန်နယ်ဖျား ရောက်မသွားဘဲ ရေနံတွင်းတူးဘက် ရောက်ခဲ့တာ။ ရေနံဆိုတာက မြန်မာပြည်အနှံ့ထွက်နေတာလေ။ဒီအလုပ်က …