August 4, 2025
Uncategorized

ဆင်ဖမ်းသမား၏ အသက်ဘူး

ဖိုးကျော့ကုန်းနေ သက်ရှိ တိရစ္ဆာန်များထဲတွင် ဆင်ဆိုသော တိရစ္ဆာန်မှာ ခွန်အားဗလနှင့် ကိုယ်ကာယ အကြီးမားဆုံး တိရစ္ဆာန် ဖြစ်လေသည်။ သို့သော် သက်ရှိထဲတွင် အသိဉာဏ်အရှိဆုံးဖြစ်သော လူသားများကလည်း ထိုအန္တရာယ်များသော, ခက်ခဲသော, မလွယ်ကူသော ဆင်ဖမ်းခြင်းအလုပ်များကို ဘိုးစဉ်ဘောင်ဆက်ကပင် လုပ်လာခဲ့ကြသည်မှာ ယနေ့အထိဖြစ်လေသည်။မလျှော့သော ဇွဲလုံ့လ, ရဲစွမ်းသတ္တိ, အကြံဉာဏ်များကြောင့်လည်း ယနေ့လူသားများသည် …

Uncategorized

နွားသိန်းမောင်

——————— ရွာတွင် အမည်တူတွေကို ဂုဏ်ပုဒ်လေးတွေ တစ်မျိုးမျိုးတွဲခေါ်လေ့ရှိကြသည်။ ထူးခြားစွာ ကျွန်တော်တို့ရွာတွင် သိန်းမောင် သုံးယောက်ရှိသည်။ အိုးသိန်းမောင် ကြက်သိန်းမောင် နွားသိန်းမောင် အိုးသိန်းမောင်က အိုးဖုတ်သူဖြစ်သောကြောင့်၊ ကြက်သိန်းမောင်က ကြက်တိုက်သည်ကို ဝါသနာပါပြီး ကြက်မွေးသောကြောင့်၊ နွားသိန်းမောင်ကျတော့ ထူးခြားသည်၊။ နွားလည်းမမွေး ပြီးတော့ သူက သူဌေးတစ်ယောက်ဖြစ်သည်။ ဦးသိန်းမောင်ကတစ်နေ့ …

Uncategorized

ပျားမုဆိုးတွေ

ဆင်ဖြူကျွန်းအောင်သိန်း”ပျားမုဆိုးတွေ”“ဥဩ … ဥဩ”ရေငတ်၍ပင် အော်လေသလော။ အဖော်ကွဲ၍ပင် တွန်ကျူးသလော။ စမ်းပေါ်ချောက်၏ တစ်ဖက်ကမ်းသို့ အေးဆောင်မျှော်ကြည့်၏။ အသံသာသော ငှက်နက်ကို မမြင်ရပါ။သို့ရာတွင် အေးဆောင်သည် ငှက်နက်ကို တွေ့အောင် မရှာနိုင်ပါ။ ရေညှိစိမ်းများ ရွှံ့စိုများတွင် လာရောက်နားသော ပျားများကို စောင့်ကြည့်နေရသဖြင့် အာရုံကို ကြာရှည်မဖြန့်နိုင်ပါ။ ငှက်ပျောအူမျှင်များ ချထားသည့်နေရာသို့ …

Uncategorized

တောဝင်မြွေ

တွင်းကြီးဝမ်းမောင်”တောဝင်မြွေ”“ဟာ… ဦးလေးကျောက်၊ ဦးလေးရွှေ၊ မြွေကြီး၊ မြွေကြီး”အလန့်တကြား အော်ဟစ်သူမှာ ပဒတ်ကုန်းရွာသား တောလိုက် နောက်သင် ငငွေ။“မီးထိုးထား ငငွေ၊ မီးသာထိုးထား၊ မအော်နဲ့”မအော်ရန် တားမြစ်သူက ပဒတ်ကုန်းရွာသား တောလိုက် ဒုတိယ ခေါင်းဆောင် ငရွှေ၊ ခေါင်းဆောင်ငကျောက်က ရယ်သည်မှာ တဟားဟား၊ ရယ်ပြီးမှ“တောကြီးမြွေဟောက်၊ တောကြီးမြွေဟောက်၊ မင်းနုသေးတယ်၊ …

Uncategorized

သေမင်းနှင့်အတူ

အောင်ခင်စိုးကျွန်တော်သည် (၁၂)ဗို့ နှစ်လုံးပြူးကျည်ဆံများ အစီအရီထည့်သွင်းထားသည့် ယမ်းခါးပတ်ကို ခါးတွင်ပတ်ရင်း ဦးခေါင်းကို ထောင်၊ နားစွင့်လိုက်မိ၏။ စခန်း၏ မြောက်ဘက် တစ်ဖာလုံခန့်ဆီမှ တဘူးဘူးအော်မြည်နေသော ငှက်ငနွားအုပ်၏ အသံက လေထဲတွင် ပျံ့လွင့်လာသည်။“နေဝင်တော့မယ်နေ ဆရာ။ အခြေအနေကြည့်ရတာ မိုးရွာလိမ့်မယ်နဲ့ တူတယ်။ ဒီတစ်အုပ်တော့ ကြပ်တိုက်နဲ့ပဲ စားလိုက်ရောပေါ့ ဆရာရယ်”နယ်စီးတောအုပ်ကြီး …

Uncategorized

ဖိုးသင်းမျောက်

ဖိုးကျော့မိုးနှောင်းကာလ တစ်နေ့၏ နံနက် ရှစ်နာရီခန့် အချိန်တွင် ဖြစ်သည်။အဖေနှင့် အမေတို့သည် မနက်စောစောကပင် လယ်ကွင်းဘက် ထွက်သွားကြသည်။ အမေ့လက် ထဲတွင် ခရုမျက်ပြဲတူးရန် တူရွင်းတစ်လက်နှင့် ခြင်းငယ်တစ်လုံး ပါသွားသည်။အဖေလက်ထဲတွင်မူ ပေါက်တူးတစ်လက် ပါ၏။ ငိုက်မျည်းစပြုနေပြီဖြစ်သော စပါးကွင်းထဲတွင် ရေမရှိဘဲ ခြောက်သွေ့နေမှ စပါးမှည့်လျှင် ရုပ်သိမ်းသော အခါ …

Uncategorized

နွားနောက်ကြီးနှင့်တောခွေးများ

#ဖိုးကျော့နွေဦး၏လေရူးသည် သစ်တောထဲ အချိန်မှရွေး ဝင်ရောက်မွှေနှောက်လာတတ်သည်။ လေထဲတွင် ရွက်ဝါခြောက်များ ပလူပျံလာကြသည်။ . သစ်ရွက်ကြွေသံကို ကြားရတိုင်း သူတို့၏ဝမ်းဗိုက်တွေက ပို၍ဆာလောင်မွတ်သိပ်လာကြသည်။ဆောင်းနှောင်းသမယက မွေးပေါက်ထားသော သားသမီးများ၏အစာတောင်းသံကြောင့်လည်း သားသည်အမေများသည် ပို၍ဒေါသကြီးလာကြသည်။ နို့ဆွဲလွန်းသော ကလေးငယ်များကို ဖယ်ရှားတွန်းကန်ပစ်သံ၊ ကလေးများ အော်သံ၊ မိခင်များ ခြိမ်းခြောက်မာန်ဖီသံတို့နှင့် သားရဲတွင်းသည် အမြဲဆူညံလာတော့သည်။ဂိမန္တ၏တောအလုံးသည် …

Uncategorized

တောခွေးရန်စွယ်

#ဖိုးကျော့အိမ်ပေါ်တက်လာသော ကိုအောင်လူကို မုဆိုးကြီးဦးထော်က လှမ်းကြည့်ပြီး…“ဘာလဲကွ”ဟု မေးလိုက်၏။“ဆတ်သားတစ်တွဲ လာပို့တာအဘ”“ဟေ… မင်း တောတက်သံလည်း မကြားမိလား”“ကျွန်တော် တောမတက်ဖြစ်သေးပါဘူး အဘ။ ကလေးတွေ ရလာတာပါ”“မင်းကလေး ဆယ်ကျော်သက်တွေက တယ်ဟုတ်ပါလား။ ဘမျိုးဘိုးတူဆိုတာ ထင်ပါရဲ့။ ဒီအသက်အရွယ်နဲ့ ဆတ်တောင် ရအောင်လိုက်နိုင်တယ်ဆိုတော့အာဂကောင်တွေပဲကွ”“ဟား-ဟား-ဟား အဘကလဲ။ ဘယ်ကလာ ဘမျိုးဘိုးတူရမလဲ အဘရယ်။ ခွေးနဲ့ …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် အဆိပ်ဝိဇ္ဇာမယ်သုန်

စာစဉ်(၁၉)(၁)စင်စစ်အားဖြင့် မယ်သုန်မှာ အဆိပ်ပညာကိုလေ့လာလိုက်စားနေသည့် သူတစ်ဦးဖြစ်သည်။ ရှေးခေတ်ကတည်းကပင် အဆိပ်ပညာကိုလေ့လာဆည်းပူးကာ အသုံးပြုသည့် သမားတော်များရှိကြလေသည်။ ထိုသမားတော်များမှာ သစ်ပင်မှဖြစ်သောအဆိပ်အမျိုးမျိုး၊ တိရစ္ဆာန်များတွင်ဖြစ်သည့်အဆိပ်အမျိုးမျိုးတို့ကို လေ့လာကာ ရောဂါဝေဒနာများကို အဆိပ်ဖြင့်တန်ပြန်ကာ ကုသကြလေသည်။ မယ်သုန်မှာလည်း အကိုဖြစ်သူနှင့်အတူ အဆိပ်ပေါင်းများစွာကို လေ့လာလိုက်စားခဲ့သူဖြစ်သည်။ မယ်သုန်၏အကိုဖြစ်သူ ဘကြီးမှုန်မှာ အဆိပ်များကိုအသုံးချပြီး ရောဂါပေါင်းများစွာကုသပေးသည့် ဆေးဆရာကြီးတစ်ဦးဖြစ်သည်။ငယ်စဉ်ကတည်းက မှုန်ကုတ်ကုတ်နေတတ်သဖြင့် …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် တောပုန်းကြီးရွှေဂဲ

စာစဉ်(၂၁)(၁)မယ်ဖော့မှာ ဖခင်ဖြစ်သူ ဦးဖောအုပ်ချုပ်နေသည့် ငန်းမြာရွာသို့ ရောက်ရှိနေခြင်းဖြစ်သည်။ သားဖြစ်သူဖိုးမောင်ကလေးအား သတိရသော်လည်း ဦးရွှေမောင်က တစ်ချက်လွှတ်အမိန့်နှင့် ရွာမှနှင်ထုတ်ထားသည်မို့ မသွားရဲဘဲဖြစ်နေလေသည်။ မယ်ဖော့တို့ မိဘအိမ်မှာ ဟိုးယခင်အချိန်များထက် ပိုမိုကြီးပွားတိုးတက်လာလေသည်။ အိမ်တွင်လည်း နိုင်ငံခြားဖြစ် စားပွဲခုံများ၊ ပရိဘောဂများနှင့် ခေတ်မီအသုံးအဆောင်ပစ္စည်းများရှိလေသည်။ အိမ်တွင်ရှိသည့် အခိုင်းအစေပင် အယောက်နှစ်ဆယ်ထက်မနည်းရှိကာ အင်္ဂလိပ်မျက်နှာဖြူအရာရှိများနှင့် လက်အောက်ခံအလိုတော်ရိများ …