August 4, 2025
Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် မှော်စုန်းကျား

စာစဉ်(၂၂)(၁)မယ်ပျင်းမှာ ရွှေဂဲအားသတ်ဖြတ်ပြီးသည့်အခါ အလွန်နာကျင်မောပန်းလျှက် အိပ်ရာထဲလဲနေလေသည်။ မယ်ပျင်းအားစုန်းဖြစ်မှန်းသူကြီးက သိသွားသည်မို့ အလွန်ထိတ်လန့်နေမိသည်။ သို့နှင့် အဘွားဖြစ်သူ ကြီးဒေါ်ရှင်နှင့် အမေဖြစ်သူ မမယ်ဖြူတို့ကိုခေါ်ကာ တိုးတိုးတိတ်တိတ်တိုင်ပင်ရလေသည်။ သူကြီးက အခန်းအတွင်းသို့ရောက်သည့်အခါ လိုက်ကာတင်းတိမ်များကို လိုက်လံပိတ်နေသေးသည်။ ပြီးနောက်မှ မမယ်ဖြူအနီးတွင် ထိုင်လိုက်ကာ“ညည်းတို့နှစ်ယောက် မယ်ပျင်းဟာစုန်းကလေးဆိုတာ သိနေကြသလားဟဲ့”ကြီးဒေါ်ရှင်နှင့် မမယ်ဖြူမှာအလွန်အံ့အားသင့်သွားပြီးနောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြလေသည်။ သူကြီးဦးရွှေမောင်မှာ …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် မှော်စုန်းကျား

စာစဉ်(၂၂)(၁)မယ်ပျင်းမှာ ရွှေဂဲအားသတ်ဖြတ်ပြီးသည့်အခါ အလွန်နာကျင်မောပန်းလျှက် အိပ်ရာထဲလဲနေလေသည်။ မယ်ပျင်းအားစုန်းဖြစ်မှန်းသူကြီးက သိသွားသည်မို့ အလွန်ထိတ်လန့်နေမိသည်။ သို့နှင့် အဘွားဖြစ်သူ ကြီးဒေါ်ရှင်နှင့် အမေဖြစ်သူ မမယ်ဖြူတို့ကိုခေါ်ကာ တိုးတိုးတိတ်တိတ်တိုင်ပင်ရလေသည်။ သူကြီးက အခန်းအတွင်းသို့ရောက်သည့်အခါ လိုက်ကာတင်းတိမ်များကို လိုက်လံပိတ်နေသေးသည်။ ပြီးနောက်မှ မမယ်ဖြူအနီးတွင် ထိုင်လိုက်ကာ“ညည်းတို့နှစ်ယောက် မယ်ပျင်းဟာစုန်းကလေးဆိုတာ သိနေကြသလားဟဲ့”ကြီးဒေါ်ရှင်နှင့် မမယ်ဖြူမှာအလွန်အံ့အားသင့်သွားပြီးနောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြလေသည်။ သူကြီးဦးရွှေမောင်မှာ …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် ဒေါ်ဘွားအို

စာစဉ်(၂၃)(၁)ဒေါ်ဘွားအိုမှာ မယ်ပျင်းအားသုတ်သင်ရန်အတွက် အရှေ့မယ်တော်ထံမှ ခွင့်ပြုချက်ရလာခဲ့သည်မို့ ငန်းမြာရွာသူကြီး ဦးဖောထံသို့လာခဲ့သည်။ ဦးဖောထံမှ မြင်းလှည်းကြီးတစ်စီး ငှားယူလေသည်။“သူကြီး ကျုပ်သွားဖို့အဆင်သင့်ဖြစ်ပါပြီ”ထိုအခါ မယ်ဖော့ကလည်း အဝတ်အစားများပြင်ဆင်လိုက်ပြီးနောက်“ကျုပ်လည်းလိုက်ချင်တယ် ဒေါ်ဘွားအို”ဦးဖောက မယ်ဖော့အားကြည့်လိုက်ရင်း“စုန်းတွေ၊ ပညာသည်တွေအချင်းချင်းတိုက်ခိုက်ကြမှာပဲသမီးရယ်၊ သမီးက ဘာပညာမှတတ်တဲ့လူမဟုတ်ဘူး၊ ဒီတော့ သမီးလိုက်မသွားစမ်းပါနဲ့”“အိုအဖေကလည်း သမီးက မယ်ပျင်းတို့သားအမိ အသေဆိုးနဲ့သေတာကိုကြည့်ချင်လို့ပါအဖေရဲ့၊ ဒေါ်ဘွားအို ကျွန်မလိုက်လို့ရတယ်မဟုတ်လား”ဒေါ်ဘွားအိုက မယ်ဖော့အားမျက်စောင်းတစ်ချက်ထိုးလိုက်ရင်း“ပုံမှန်ဆိုရင်တော့ …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် သွေးမိစ္ဆာမယ်ဖော့

စာစဉ် (၂၄)(၁)မယ်ဖော့မှာ မန်ကျည်းကိုးပင်ရွာမှ ထွက်လာခဲ့လေသည်။ လူမှာလည်း ဒယိမ်းဒယိုင်နှင့် မနည်းလမ်းလျှောက်နေရလေသည်။ တစ်ခါတစ်ခါခေါင်းထဲမှ ထိုးထိုးကိုက်သည်မို့ နားထင်နှစ်ဖက်ကိုလက်နှင့်အုပ်ထားရသည်။ ရင်ဘတ်အတွင်း တစ်ဆို့ဆို့ကြီးဖြစ်နေပြန်သည်မို့ ထိုးထိုးအန်နေသေးသည်။ မန်ကျည်းကိုးပင်ရွာသားများမှာ ရွာလယ်လမ်းအတိုင်းလမ်းလျှောက်လာသည့် မယ်ဖော့အား အံ့အားသင့်စွာဖြင့် ငေးကြည့်နေကြသည်။ မယ်ဖော့မှာ ရင်များအလွန်ပူလောင်လာလေသည်။ သို့နှင့် မန်ကျည်းကိုးပင်ရွာအထွက် ရေချိုတွင်းသို့ ရောက်လာခဲ့ကြသည်။ ညနေခင်းမို့ …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် သေရွာပြန်မယ်ပျင်း

စုန်းမကြီးဒေါ်ပျင်းနှင့် သေရွာပြန်မယ်ပျင်းစာစဉ်(၂၅)(၁)မယ်တော်၏ ကျွဲချိုမှုတ်သံကြားရပြီးသည်နှင့် မယ်တော်၏လက်အောက်ခံ ကဝေများနှင့် မယ်တော်အားအလုပ်အကျွေးပြုနေရသည့် စုန်းများမှာစုရုံးလိုက်ကြလေသည်။ မယ်တော်မှာ အတွင်းခန်းနန်းဆောင်သို့ဝင်လိုက်ပြီးနောက် အလွန်လှပစွာရက်လုပ်ထားသည့် အဝတ်အစားများကိုဝတ်ဆင်လိုက်သည်။ မယ်တော်၏ အဝတ်အစားများမှာ နတ်အဝတ်အစားများတမျှ လှပဆန်းကြယ်လှသည်။ ခေါင်းပေါ်တွင်လည်း ခေါင်းပေါင်းကိုပေါင်းလိုက်ကာ ခေါင်းပေါင်းစနှစ်ဖက်ကို ဘေးဘယ်ညာတွင်ထောင်လိုက်လေသည်။ ထိုနန်းဆောင်အတွင်း သလွန်ကြီးလေးခုကြီးပြီး သလွန်လေးခု၏အလယ်တွင် အလွန်ကြီးမားသည့် ကြေးလင်ဗန်းကြီးရှိသည်။ မယ်တော်က …

Uncategorized

စုန်းမကြီးဒေါ်ပျင်းနှင့် မယ်တော်ယမင်း

စာစဉ်(၂၆)(၁)မယ်ပျင်းကလေးမှာ သေရွာမှပြန်လာပြီးနောက် ကဝေကြီးများနေထိုင်သည့် ကျောက်ဂူကြီးအတွင်းတွင်သာ နေထိုင်ရလေသည်။ ကဝေကြီးများအလစ်တွင် ကျောက်ဂူကြီးအပြင်သို့ပြေးထွက်မည်ကြံထားသော်လည်း ကဝေကြီးများမှာ မယ်ပျင်းအားအလွတ်မပေးဘဲ အချိန်ပြည့်စောင့်ကြပ်ကြည့်ရှုနေသည်။ယခုတစ်ဖန်အလှည့်ကျသင်ပေးရသူက မွန်ကဝေကြီး ရာမန်ဖြစ်သည်။ မွန်ကဝေကြီးမှာ ယက္ခဇော်ဂနီဖြစ်သည့်အလျှောက် မယ်ပျင်းအား မှင်စာ၊ သရဲ၊ ဘီလူးနှင့် အမနုဿများကို ဖမ်းယူထိန်းချုပ်စေစားနိုင်သည့် ပညာရပ်ကိုသင်ပေးရလေသည်။“ငါတို့ ယက္ခဇော်ဂနီတွေဆိုတာ လက်ပါးစေမွေးမြူခြင်းအတတ်မှာ တစ်ဖက်ကမ်းခတ်တတ်မြောက်တယ်ကွဲ့၊ အနည်းဆုံးတော့ …

Uncategorized

*မြနှင်းဆီရဲ့အမုန်း*(စ/ဆုံး)

———————ပန်းဆိုင်ရွာနာမည်နှင့်လိုက်အောင်ရွာကြီးတစ်ရွာလုံးပန်းများဖြင့်ပြည့်နှက်ကာလှပနေလေသည်။ပန်းများသာလျှင်လှသည်ဟုထင်မှတ်ပါကမှားယွင်းရပေလိမ့်မည်။အဘယ်ကြောင့်ဆိုသော် ပန်းဆိုင်ရွာသူပျိုဖြူချောတို့၏အလှသည်လည်းမြင်သူတိုင်းငေးမောရလောက်အောင်လှပကြပေသည်။ပန်းဆိုင်ရွာသူပျိုဖြူချောများထဲတွင်အလှဆုံးဟုသက်မှတ်ခံထားရသည့်သူတစ်ယောက်ရှိလေသည်။သူမ၏နာမည်မှာမိမွှေးဖြစ်လေသည်။မိမွှေးကပန်းဆိုင်ရွာသူများထဲတွင်အလှဆုံးအချောဆုံးအပျိုစင်တစ်ယောက်ဖြစ်လေသည်။တစ်ရွာလုံး၏အလှဆုံးဖြစ်သည်နှင့်အညီ မိမွှေးအားပိုးပန်းနေကြသည့်ကာလသားများသည်လည်းလက်ချိုးရေလို့မရအောင်ပေါများလှပေသည်။အပြိုင်ပိုးကြသည့်ကာလသားများထဲမှကိုမြင့်နိုင်ဆိုသည့်လူအား ချစ်သူအဖြစ်ရွေးချယ်ခဲ့လေသည်။ကိုမြင့်နိုင်က အသားညိုညို၊မျက်လုံးမျက်ခုံးကောင်းကောင်း၊ကိုယ်ခန္ဓာကာလဗလဖြင့်ပြည့်စုံသည့်လူတစ်ယောက်လည်းဖြစ်သည်။ထို့ကြောင့်မိမွှေးနှင့်ကိုမြင့်နိုင်အားလိုက်ဖက်လွန်းသောနတ်ဖက်သည့်စုံတွဲဟုအများကပြောဆိုကြလေသည်။တစ်ရွာလုံးကမိမွှေးနှင့်ကိုမြင့်နိုင်တို့ချစ်သူစုံတွဲအားသဘောတူကြည်ဖြူကြပေမယ့်၊မနာလိုမုန်းတီးနေသည့်လူတစ်ယောက်ကရှိနေပြန်သည်။တစ်နေ့ ကိုမြင့်နိုင်တစ်ယောက်ချစ်သူဖြစ်သူမိမွှေးနှင့်ဆုံတွေ့ရန်အိမ်မှထွက်လာခဲ့သည်။ရွာလည်လမ်းရောက်တော့အမှတ်မထင်လူတစ်ယောက်နှင့်တွေ့လေသည်။“ဟာ…ကိုမြင့်နိုင် ဘယ်သွားမလို့လဲ”“မြနှင်းဆီ ပါလား နင်ရောဘယ်သွားမလို့လဲ…”“ကျွန်မ အဒေါ်ဆီသွားလည်မလို့အဒေါ်ဆီမရောက်တာကြာလို့လေဒါနဲ့ကိုမြင့်နိုင်ရောဘယ်လဲ”“ငါက မိမွှေးနဲ့ချိန်းထားတာအခုသွားတွေ့မလို့လေ ”“သြော်…ဒီလိုလားဒါဖြင့်ရင်လည်းသွားပါ ကိုမြင့်နိုင်ကျွန်မလည်းကျွန်မအဒေါ်အိမ်သွားလိုက်ပါဦးမယ်။“ကောင်းပါပြီဗျာ”ကိုမြင့်နိုင်လည်းမြနှင်းဆီအားနှုတ်ဆက်ကာထွက်လာခဲ့လေသည်။“ဟင်း…ကိုမြင့်နိုင် ကိုမြင့်နိုင်ရှင်ကအနီးစပ်ဆုံးအချစ်ကို မမြင်နိုင်ပဲဟိုကောင်မမိမွှေးရဲ့မာယာတွေကြားမှာနစ်မြောနေတယ်ပေါ့လေ။ရှင်သူ့ကိုဘယ်လောက်ပဲချစ်ချစ်တချိန်မှာရှင်ကကျွန်မအပိုင်ပဲဖြစ်လာစေရမယ်၊ရှင်စောင့်ကြည့်နေပါကိုမြင့်နိုင် ”မြနှင်းဆီရင်ထဲမှ ရက်စက်သည့်အငြိုးအတေးများကဖုံးလွှမ်းနေတော့သည်။==================“ဟိတ်…”“အမယ်လေး ကိုရယ်လန့်သွားတာပဲ”“စောင့်နေရတာကြာပြီလား မွှေး”“သိပ်မကြာသေးပါဘူး ကိုရယ်”“ကိုယ်လည်းအိမ်မှလုပ်စရာလေးတွေရှိနေသေးလို့ နည်းနည်းကြာသွားတာခွင့်လွှတ်နော် မွှေး”“ရပါတယ်ကိုရယ် မွှေးစိတ်ထဲဘယ်လိုမှသဘောမထားပါဘူး။“မွှေးကိုကြည့်ရတာ တစ်နေ့တခြားပိုပိုလှလာတယ်ကွာ၊စိတ်တောင်မချနိုင်အောင်ဖြစ်နေပြီကွာ။မွှေးကိုအမြန်ဆုံးပိုင်ဆိုင်ချင်ပြီ”“ကိုရယ်အဲလောက်လည်းမြှောက်ပင့်မနေပါနဲ့၊စိတ်မချစရာဘာရှိလဲ။မွှေးကကိုတစ်ယောက်တည်းကိုပဲတစ်ဘဝလုံးစာအတွက်ရည်ရွယ်ပြီးချစ်တာပါ”“တကယ်ပြောတာလားမွှေး”“တကယ်ပေါ့ကိုရဲ့ ကိုသာမွှေးကိုချစ်တယ်ပြောပြီး …

Uncategorized

*ဘွားမယ်စိန်နှင့်မနာလိုစိတ်ဖြင့်ပြုစားခံရသူ*(စ/ဆုံး)

*********************************************************————————————————————–မိနွယ်…။အမည်ရင်းသည်က နွယ်နွယ်ဖြစ်ပြီး…။နေထိုင်ရာ မကျီးတောရွာ၌ မိနွယ်အား မသိသူမရှိခဲ့။မိနွယ်သည် အသက်အားဖြင့် နှစ်ဆယ့်ငါးနှစ်အရွယ်ဖြစ်ပြီးရွာ၏ကွမ်းတောင်ကိုင်အချောအလှလေးတစ်ယောက်ပင်။သို့သော် မိနွယ်၏အလှထက် မိနွယ်၏ကောင်းမွန်သော စိတ်သဘောထားလေးကိုအများကသဘောကျနှစ်သက်ကြလေသည်။မကျီးတောရွာ၏ သာရေး…နာရေးပွဲများ၌ ရွာသူမိန်းကလေးများအား မိနွယ်ကပင် ဦးဆောင်၍ဝိုင်းဝန်းကူညီပေးတတ်သည်။ဒါ့အပြင် ဘုရားကျောင်းကန်သန့်ရှင်းရေးများပါမကျန် လူစု၍ သွားလာလုပ်ကိုင်ကုသိုလ်ပြုတတ်သည့် မိနွယ်လိုမိန်းကလေးအား သားရှင်မိဘများက သဘောအကျကြီး ကျကြလေသည်။ထိုသို့မကျီးတောရွာ၏ အချစ်ခံ မိနွယ်လေးတစ်ယောက်…“အမလေးတော့…ကျွတ်…ကျွတ်…ကျွတ်”မိနွယ် မနက်အိပ်ရာအထတွင် ရုတ်တရက်ဆိုသလို …

Uncategorized

*ခွေးသားကြိုက်တဲ့ကိုဘခက်*(စ/ဆုံး)

—————————————–“ဂိန် ဂိန်”မနက်စောစော နာကြင်စွာအော်ဟစ်လိုက်သည့်ခွေးသံအားစိတ်မချမ်းမြေ့ဖွယ်ကြားလိုက်ရသည်။မှန်ပေသည် ကိုဘခက်တစ်ယောက်ခွေးတစ်ကောင်အား ဓားမတစ်ချောင်းဖြင့် ရက်ရက်စက်စက်ခုတ်ကာသ တ်လိုက်ခြင်းဖြစ်သည်။ကိုဘခက်ကခွေးသားအားအလွန်ခုံမင်နှစ်သက်သူဖြစ်သည်။ခွေးဆိုလျှင်၃လသားနှင့်အထက်အကုန်သ တ်ဖြတ်စားလေသည်။ထို့ကြောင့်ရွာထဲ၌ရှိသောခွေးများကကိုဘခက်ဆိုလျှင်မြင်ရုံနှင့်ဝိုင်းဟောင်ကြလေသည်။ခွေးရှင်များကလည်း မိမိခွေးဘခက်လက်ချက်ဖြင့်အသတ်ခံရမည်ဖြစ်စိုး၍လိုက်လံထိန်းနေရလေသည်။ပိုင်ရှင်မဲ့သည့်ခွေးတစ်ကောင်ကကိုဘခက်အားလိုက်ဆွဲပါက နောက်တစ်နေ့ရောက်လျှင်တော့ထိုခွေးဘခက်လက်ချက်ဖြင့် အသက်ပျောက်ရလေသည်။ဟိုအရင်ကခွေးသားအားဈေးကြီးပေး၍ဝယ်စားတတ်သည့်ကိုဘခက်တစ်ယောက် ယခုတွင်တော့မိမိကိုယ်တိုင်သတ်စားပါမှပို၍အရသာတွေ့သည်ဟုဆိုကာခွေးအရှင်များအားဝယ်ယူကာ မိမိကိုယ်တိုင်သ တ်ဖြတ်စားသောက်လေသည်။ကိုဘခက်၏မိဘများကလည်းပြောဆိုမရသည့်သားဖြစ်သူအားမပြောပဲလွှတ်ထားလိုက်တော့သည်။ငွေကြေးတတ်နိုင်သူမို့ ခွေးအား၃ရက်တစ်ကောင်ခန့်ဖြင့် ဝယ်ယူသတ်ဖြတ်ကာ စားလေသည်။ယနေ့လည်းခွေးတစ်ကောင်အားစောစောစီးစီးသ တ်ကာ အသားများအား ခုတ်ထစ်၍ကိုင်တွယ်နေလေသည်။မိဘနှစ်ပါးနှင့်ပတ်ဝန်းကျင်မှလူများလည်း စိတ်မချမ်းမြေ့ရုံမှတပါးဘာမှမတတ်နိုင်ကြပေ။ခုတ်ထစ်ပြီးသည့်ခွေးသားများအားနနွင်း၊မဆလာ၊အချိုမှုန့်များ၊ငံပြာရည်၊ကြက်သွန်ဖြူ ၊ချင်းတို့ဖြင့်သမအောင်နယ်လိုက်သည်။ပြီးနောက်မီးဖိုပေါ်တင်၍ ချက်ပြုတ်တော့သည်။ချက်ပြုတ်ပြီးစီးသွားသည်နှင့်ပူပူလောလောခွေးသားများကိုဟင်းပန်းကန်လုံးထဲထည့်ကာအားပါးတရစားသောက်တော့သည်။အရက်နှင့်မြည်းရန်အတွက်သပ်သပ်ချန်ထားသော ခွေးသားများကိုတော့ကြောင်အိမ်ထဲထည့်ကာသိမ်းထားလေသည်။ကိုဘခက်စားသောက်ထားသည့်ပန်းကန်များ၊ရေခွက်များအားကိုဘခက်၏မိဘနှစ်ပါးက သပ်သပ်စီခွဲထားကြလေသည်။အဘယ်ကြောင့်ဆိုသော် …

Uncategorized

” တူသောအကျိုး “(စ/ဆုံး)

*******************************———————————–“ဟာ…မိန်းမ မင်းကလည်းကွာလုပ်လာပြန်ပြီမင်းမှာလည်းဗိုက်ကြီးကြီးနဲ့ကိုရေတွေဆွဲနေရတယ်လို့ကွာ။ဗိုက်ထဲကကလေးတစ်ခုခုဖြစ်သွားမှဖြင့်”“အမယ်လေး ကိုသန့်ဇင်ရယ်ဒီလောက်ကတော့မိနွယ်တို့ကအေးဆေးပါ။ရှင်အကဲပိုမနေနဲ့ ”“ဟ…ငါကအကဲပိုနေတာမဟုတ်ဘူးကွ။မတော်လို့မင်းနဲ့ဗိုက်ထဲကကလေးတစ်ခုခုဖြစ်မှာစိုးလို့ပြောနေတာကွ။ပေးပေး ရေပုံး”ကိုသန့်ဇင်လည်းမမိနွယ်လက်ထဲမှရေပုံးအားဆွဲယူလိုက်ပြီးကျောက်ခွက်ထဲသို့ထည့်လိုက်လေသည်။ကိုသန့်ဇင်နှင့်မမိနွယ်တို့ရဲ့ ပထမဆုံးရင်သွေးလေးမို့ကိုသန့်ဇင်ကအထူးဂရုစိုက်သလောက်မမိနွယ်ကတော့ကိုသန့်ဇင်အားအကဲပိုလွန်းသည်ဟုထင်နေမိသည်။မမိနွယ်ကနည်းနည်းခေါင်းမာတတ်သူဖြစ်သည့်အတွက်ကိုသန့်ဇင်နှင့်မကြာခဏဆိုသလိုစကားများတတ်ကြလေသည်။အဲ့သလိုစကားများတိုင်းကိုသန့်ဇင်ကပဲမနေနိုင်၍ပြန်လည်ချော့မော့ရပြန်သည်။ကိုသန့်ဇင်ကမမိနွယ်၏စိတ်ကိုသိ၍တော်တော်တန်းတန်းဘာမှမပြောပဲအသာကြည့်နေတာများသည်။မြင်မြင်တိုင်းပြောပါလျှင်လည်းလင်မယား၂ယောက်စကားများရပေဦးမည်။ဒီကနေ့လည်းကိုသန့်ဇင်အလစ်ရေခပ်နေသည့်အတွက်စကားများမလိုဖြစ်ရသေးသည်။===============“မိန်းမရေ ဖြူမကိုထမင်းကျွေးလိုက်ဦးငါဒီမှာရေချိုးအဝတ်လျှော်နေလို့။ငါပြီးမှကျွေးရင်ဖြူမထမင်းစားဖို့စောင့်နေရလိမ့်မယ်”“တော့်ခွေးကိုကျွန်မအစာကျွေးဖို့လုပ်နေပါတယ်တော်။တကယ်တည်းမိန်းမထက်ခွေးကိုစိတ်ပူပေးနေရတယ်လို့”“ဟ…လူဆိုတာကအချိန်မရွေးခူးခပ်စားလို့ရတယ်ကွ။တိရစ္ဆာန်ဆိုတာကိုယ်ကျွေးမှစားရတာမင်းနည်းနည်းလေးကိုယ်ချင်းစာစမ်းပါ”“မသိဘူးတော်ရေကျွန်မကတော့ကိုယ့်ဝမ်းကလွဲပြီးဘယ်တိရစ္ဆာန်မှခေါင်းထဲသိပ်မထည့်တတ်ဘူး။ရှင်းရှင်းပဲ”“တော်ပြီ မင်းကိုဆက်ပြောနေရင်ငါနဲ့စကားများရဦးမယ်။“ရော့ ဖြူမ စား”“ခွပ်”မမိနွယ်ကထမင်းခွက်အားမြေပေါ်သို့ပစ်ချကာကျွေးလိုက်လေသည်။ဖြူမလည်းအမြှီးလေးနှံ့ကာစားနေလေသည်။မမိနွယ်ဗိုက်ကြီးနေသလိုအိမ်မှာမွေးထားသည့်ဖြူမလည်းဗိုက်ကြီးနေလေသည်။ထို့ကြောင့်ကိုသန့်ဇင်က ဖြူမကိုလည်းလူတစ်ယောက်သဖွယ်ဂရုတစိုက်နှင့်စောင့်ရှောက်ကျွေးမွေးထားလေသည်။ကိုသန့်ဇင်ကဖြူမအားချစ်သလောက်မမိနွယ်ကတော့ဖြူမကိုအသေအလဲမုန်းနေလေသည်။တိရစ္ဆာန်ဆိုဘာကောင်ကိုမှချစ်မရသောမမိနွယ်တစ်ယောက်အိမ်မှာမွေးထားသောဖြူမကိုတစ်စက်ကလေးမှကြည့်မရခဲ့ပေ။ထို့ကြောင့်ဖြူမအားကိုသန့်ဇင်ကပဲဒိုင်ခံလုပ်ကိုင်ပေးရှာသည်။==============မနက်၅နာရီခန့် မမိနွယ်တစ်ယောက်အိမ်ပေါ်မှအိမ်အောက်သို့ဆင်းလာခဲ့လေသည်။ခင်ပွန်းဖြစ်သူကိုသန့်ဇင်အလုပ်သွားလျှင်ထမင်းချိုင့်တစ်ခါတည်းထည့်ပေးနိုင်ရန်ထမင်းဟင်းထချက်ခြင်းဖြစ်လေသည်။မီးမှိတ်ထားသည့်အတွက်ကြောင့်မမိနွယ်လည်းလှေကားလက်ရန်းအားကိုင်ကာဖြည်းဖြည်းချင်းလှေကားပေါ်မှဆင်းလာခဲ့လေသည်။လှေကားအောက်ဆုံးအထစ်သို့အရောက်“ကိန် ကိန် ကိန်”“ဖြူမ နင်အိပ်စရာရှားလို့လှေကားခြေရင်းမှာလာအိပ်နေရသလားတော်သေးတာပေါ့ နင့်တက်နင်းမိလို့သေသွားလည်းအကြောင်းမဟုတ်ဘူးငါလဲသွားရင်နင်အသေပဲပြောနေတာမကြားဘူးလားအံမယ်ပေကပ်ကပ်နဲ့ရပ်နေသေးတာ”“ကဲဟယ်”“ဖုန်း”“ဂိန် ဂိန် ဂိန် ကိန်”“အီအီ အုအု အု”မမိနွယ်လည်းဒေါသဖြစ်ကာဖြူမအားခြေထောက်ဖြင့်ဆောင့်ကန်လိုက်လေသည်။မထင်မှတ်ပဲဖြူမ၏ဝမ်းဗိုက်အားကန်လိုက်မိသည့်အတွက်ဖြူမအတော်ကလေးနာကျင်သွားသည့်ပုံပင်။ခွေးအော်သံကြောင့်ကိုသန့်ဇင်လည်းအိမ်ပေါ်မှပြေးဆင်းလာခဲ့လေသည်။“ဘာဖြစ်တာလဲမိန်းမ”“ဘာဖြစ်ရမလဲတော့်ခွေးမလေလှေကားရင်းမှာဝပ်နေတာကျွန်မကမမြင်ပဲတက်နင်းမိတာပေါ့။တော်သေးတာပေါ့ ကျွန်မဘာမှမဖြစ်တာစိတ်တိုတိုနဲ့ပိတ်ကန်ပစ်လိုက်တယ်အေးရော”“ဟာမင်းကလည်းကွာလုပ်လိုက်ရင်အဲ့သလိုချည်းပဲဖြူမမှာလည်းမင်းလိုကိုယ်ဝန်အရင့်အမာကြီးနဲ့ဆိုတာလည်းသတိထားပါဦးကွ။တော်ကြာမင်းလုပ်လို့ ဖြူမသေသွားမှဖြင့်မင်းငရဲကြီးနေဦးမယ်”“အို…ငရဲကြီးတာတွေသေးတာတွေကျွန်မမသိဘူး တော့်ခွေးကိုတစ်စက်ကလေးမှကြည့်မရတာတော်အသိပဲ။ကျွန်မကန်လိုက်လို့သေသွားလည်းအေးတာပဲပေါ့”“တောက်…မင်းကအတော်အကြင်နာတရားခေါင်းပါးတဲ့မိန်းမပဲ”“တော်ထင်ချင်သလိုထင်ဂရုမစိုက်ဘူး”ကိုသန့်ဇင်လည်းဆက်မပြောချင်တော့သဖြင့်အိမ်ပေါ်သို့ ပြန်တက်လာခဲ့လေသည်။================မနက်လင်းတော့ကိုသန့်ဇင်အိပ်ရာမှနိုးလာပြီးအလုပ်သွားရန်ပြင်နေလိုက်သည်။“ဖြူမကိုလည်းမတွေ့မိပါလားဘယ်တွေလျှောက်သွားနေသလဲမသိဘူး”ကိုသန့်ဇင်လည်းဖြူမအားစိတ်ထဲကနေတွေးတောမိလိုက်လေသည်။“မိန်းမ …