August 4, 2025
Uncategorized

စောင့်နေသူ

————— “အဘွား … ဧည့်ခန်းထဲမှာ အဘွားဧည့်သည်ရောက်နေတယ်” “နောက်ဆုံးတော့ … သူ လာပြီပေါ့” သူနာပြုဆရာမလေးက အဘွားအို ဒေါ်အေးချစ်ကို တိုးတိုးလေး လာပြောလိုက်ခြင်းဖြစ်သော်လည်း သူက ထိတ်လန့်တကြား ပြန်အော်လိုက်သဖြင့် သူနာပြုဆရာမလေးက “ရှူး … တိုးတိုးလေ အဘွား … အခြားသူတွေ တရားမှတ်နေကြတယ်” …

Uncategorized

တောနက်ထဲကမိန်းကလေး

(၁) မင်းလွင်တောင်တန်းကြီးက မှိုင်းညို့အုံ့ဆိုင်းနေလေသည်။ မိုးသားတိမ်လိပ်များက တောင်ထိပ်ပိုင်းကိုဖုံးအုပ်ထားလေသည်။ ထိုအဖြစ်ကိုပင် သူတို့ဒေသအခေါ် တောင်ကြီးခေါင်းမြီးခြုံသည်ဟု ခေါ်သည်။ မင်းလွင်တောင်တန်းကြီး ခေါင်းမြီးခြုံလျှင် တောင်တန်းအောက်ခြေနှင့် တောင်စွယ်တောင်ကြားများထဲတွင်ပါ မြူထူများကျဆင်းနေတတ်သည်။မုဆိုး ဒီးဒီးအဖို့တော့ ဒီလိုနေ့ရက်မျိုးဆိုလျှင် အိမ်ကပ်သည့်နေ့ရက်ဖြစ်သည်။ အနှစ်သုံးဆယ်နီးပါး အမဲလိုက်လာသည့်အတွေ့အကြုံအရ ယခုလိုမိုးအုံ့သည့်နေ့မျိုးဆိုလျှင် သားကောင်ကောင်းကောင်းရှာမရတတ်ပေ။ မိုးအုံ့သည့်အခါ သားကောင်များသည်လည်း သူတို့အသိုက်အမြုံတွေထဲ ကွေးနေတတ်ကြရာ …

Uncategorized

ဘွားမယ်စိန်နှင့် ရှင်ညိုပါဝင်သောဝါးခလောက်စေတီ

စဆုံးတစ်ရက်၌ ဘွားမယ်စိန်၏နေအိမ်သို့ဧည့်သည်နှစ်ဦးရောက်လာခဲ့သည်။“ဘွားမယ်စိန်ဆိုတာဟောသည်ဘက်ကအမေကြီးလားဗျ…”“အေးကွဲ့…ဟုတ်ပါတယ်…”ဘွားမယ်စိန်က ဖြေလိုက်တော့ ကျန်ဧည့်သည်တစ်ဦးက ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး…“ကျုပ်ပြောသားပဲ…ဘွားမယ်စိန်ဆိုတာ သည်အမေကြီးပါလို့…တမျိုးမထင်ပါနဲ့အမေကြီးရယ်…ဒီကောင်ပွေးထူက ဒီဘက်ကနှမကို ဘွားမယ်စိန်ဆိုပြီးပြောနေလို့ပါဗျ”ဟုပြောလေသည်။“အေးကွယ်…သူကတော့ ဘွားရဲ့သမီး…ရှင်ညိုလို့ခေါ်ပါတယ်…”ဘွားမယ်စိန်က ထန်းလက်ခုံ၌ထိုင်နေသောရှင်ညိုကိုရည်ညွှန်းကာ​ပြောလိုက်သည်။“ဟုတ်ကဲ့ဗျ…ကျုပ်တို့ကဝါးခလောက်ရွာသားတွေပါ…ကျုပ်နာမည်က ကျော်ဦးပါ…ဒီကောင်ကတော့ပွေးထူလို့ခေါ်တယ်ဗျကျုပ်တို့ကအမေကြီးရဲ့သတင်းကိုကြားမိတာတော့ကြာပါပြီ…အခုလည်း ပြဿနာတစ်ခုရှိနေတာနဲ့အမေကြီးဆီကိုထွက်လာခဲ့တာပါ…”“ပြဿနာ ဘာပြဿနာများရှိလို့လဲ…”ကျော်ဦးက ဘွားမယ်စိန်ကိုရောက်ကတည်းကမေးလိုက်မြန်းလိုက်ပြောလုပ်ဖြင့်လုပ်နေခဲ့သည်။ယခုလည်းဘွားမယ်စိန်၏အမေးကိုသူပဲပြန်ဖြေ၏။“ပြဿနာက အခြားမဟုတ်ဖူးဗျ…သရဲမ ခင်မြနှစ်ကို ရှင်းလင်းပေးဖို့ အမေကြီးဆီကိုလာပြီးအကူအညီတောင်းရတာပါ…”“သရဲမ ခင်မြနှစ်…သူကမောင်ရင်တို့ကိုဘယ်လိုဒုက္ခများပေးနေလို့လဲကွဲ့…”“ဒုက္ခပေးတာတော့ပြောမနေပါနဲ့ဗျာ…အဲ့သည်သရဲမလက်ချက်ကို ကျုပ်တို့တွေ ကျောကော့အောင်ခံကြရတာဗျ…”“အလိုလေး…”ပွေးထူ၏စကားကြောင့် ဘွားမယ်စိန်ပင်အလိုလေး ဟု ယောင်ယမ်းသွားသည်။ပွေးထူကလည်းသူ၏ကျောကိုလက်နောက်ပြန်ကိုင်၍နာနာကျင်ကျင်ရုပ်ကြီးဖြင့် …

Uncategorized

ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော စုန်းညီအစ်မ

စဆုံးအမှောင်ရိပ်၌ မိန်းမကြီးသုံးယောက် မတ်တပ်ရပ်လျှက်စကားပြောနေကြသည်။ထိုမိန်းမကြီးသုံးယောက်သည် ရှင်ညိုကို ကျောပေးလို့ထား၏။“ဒီမှာ…ဒီမှာ ကျုပ်ခေါ်နေတာကိုကြားကြရဲ့လား”ရှင်ညို ထိုမိန်းမကြီးသုံးယောက်ကိုခေါ်လိုက်သည်။ရှင်ညို၏အသံကိုကြားကြဟန်မတူပေ။“ဒီမှာအဒေါ်တို့….”ရှင်ညိုထပ်မံအော်လိုက်တော့ မိန်းမကြီးတွေကရှင်ညိုဘက်ကိုလှည့်လာကြသည်။“ဟင်…”ရှင်ည်ုထိတ်လန့်သွားသည်။မိန်းမကြီးများ၏ရုပ်သွင်မှာ ကြမ်းတမ်းခက်ထန်လွန်းလှ၏။“တော်…တော်တို့က ဘာတွေလဲ”ရှင်ညိုမေးသော်လည်း ထိုမိန်းမကြီးတွေကပြန်၍မဖြေဘဲ ရှင်ညိုကိုကြည့်ကာ ဟားတိုက်ရယ်မောနေကြသည်။“ဟားးး….ဟား….ဟားးး….ဟားးး…ဟားးး…ဟားးး…ဟားး….ဟားးး…ဟားးး…ဟားး…..”မိန်းမကြီးများ၏ရယ်သံကြောင့် ရှင်ညို နားများမခံသာဖြစ်လာသည်။“အမယ်လေး…”ရှင်ညို နားနှစ်ဖက်ကို လက်ဖြင့်အုပ်၍အော်ဟစ်လိုက်တော့သည်။“ဟင်…”မျက်လုံးများဖွင့်မိတော့ ရှင်ညို အိပ်ရာထဲ၌ပင်ရှိနေ၏။နားကိုအုပ်ထားမိသော လက်နှစ်ဖက်ကိုဖယ်လိုက်တော့မီးဖိုထဲ၌ ဒေါ်ဝင်း၏ ချက်ပြုတ်သံများကိုပါကြားနေရပြီဖြစ်သည်။“အိမ်မက်လား…… “ရှင်ညိုရေရွတ်လိုက်သည်။“မမ နိုးပြီလား”နန်းကြိုင်က ရှင်ညို၏အိပ်ရာနံဘေးရောက်လာသည်။“မမနိုးပြီညီမလေး”“အဲ့တာဆို …

Uncategorized

ဘွားမယ်စိန်နှင့် ကဝေလေးရှင်ညိုပါဝင်သော တစ္ဆေဘိုးပေါက်

စဆုံးမိုးကျလေပြီ။နယုန်ဝါဆိုမှာမိုးကောင်းလာတာကြောင့်လယ်တွေမှာရေတင်နေရပြီဖြစ်သည်။အမေဖြစ်သူနှင့်နှစ်ယောက်ထဲရပ်တည်နေရသောမောင်တိုးမှာလည်း ဘွားမယ်စိန် ခရီးမထွက်ဖြစ်သောရက်များ၌ကောက်စိုက်၊ပျိုးနှုတ်ဖြင့်အလုပ်များနေခဲ့သည်။မောင်တိုးတို့နဲ့အတူကောက်စိုက်သောကောက်စိုက်သမများမှာသနပ်ခါးပါးကွက်ကြားဖြင့် ထဘီကိုခပ်တိုတိုဝတ်ကာ သီချင်းများတကြော်ကြော်ဆိုရင်းကောက်စိုက်ကြလေသည်။ထိုအုပ်စုနှင့်မောင်တိုးတို့မှာ အတော်​လေးရင်းနှီးကြသည်။တစ်ရွာထဲနေသူများဖြစ်၍ စကားပြောကြတာကလည်းအတော်ပင်ပွင့်လင်းကြ၏။“တော့်ကိုကြီးတိုး”“အေး…ပြော…”“တော်ဘယ်တော့မိန်းမယူမှာလဲ”“ဟ…ဘာဖြစ်လို့လဲ…ငါမိန်းမယူတဲ့အချိန်နင်မရှိတော့မှာစိုးရိမ်လို့လားဟ”“အမယ်…သေနာကြီး…ကျုပ်ကမရှိတော့ဘယ်သွားသေရမှာလဲ”“ဟား…ဟားး…ဟားး…မသိပါဘူးဟာ…ဒါဆိုငါ့ကိုဘာလို့မေးနေကြတာလဲ…နင်တို့အုပ်စုက တွေ့တာနဲ့ဒါပဲမေးနေကြတော့တာပဲ”“ဟောတော်…ဟိုမှာ ကိုကြီးအုန်းတို့ကနှစ်ဖက်မိဘအသိပေးပြီး စုံတွဲတောင်ခုတ်နေကြပြီ…တော်ပဲမရှိသေးတာ…”“အေးဟ…ငါကြိုက်လောက်မယ့်အပျိုဒီရွာမှာမရှိသေးလို့ထင်ပါတယ်ဟာ…”“အမယ်လေး…ပြောတတ်လိုက်တာတော်…ရော့ ရေနွေးဖြည့်ပေးဦး”ရွာသူကောက်စသမအုပ်စုမှာ မောင်တိုးကိုစနောက်နေကြသည်။“ဒီမှာတော့…ကိုကြီးတိုးရဲ့ တော်မျက်စိများမှုန်နေသလား”“မိပုရဲ့…ကျုပ်ကဘာလို့မျက်စိမှုန်ရမှာလဲ”“တော်ပဲမမြင်တာလေ…ကျုပ်တို့တွေကတော့တော်နဲ့လိုက်ဖက်မယ့်သူကိုမြင်တယ်တော့်”“ဟေ…ဘယ်သူများတုန်း”“ဟို…ရှင်ညိုလေ…ရှင်ညို”“ဟဲ့​မသာမရဲ့…အဲ့တာငါ့နှမပါဟ…မပြောသင့်တာကိုမပြောကြစမ်းနဲ့ နားရင်းကိုရိုက်ထည့်လိုက်ရ”မိပုစကားကြောင့် မောင်တိုးထဟောက်လိုက်သောအခါတဟီးဟီးတဟားဟားဖြင့်စနောက်ရယ်မောနေသောကောက်စသမအုပ်စုလည်းငြိမ်ကျသွားသည်။“နင်တို့ကိုတစ်ခါထဲပြောထားမယ်နော်…အခုကောနောက်ကိုကော…ရှင်ညိုနဲ့ငါ့ကိုမစနောက်ကြနဲ့…သူနဲ့နန်းကြိုင်ဆိုတာ ငါစောင့်ရှောက်ရမယ့်ငါ့ညီမတွေပဲသူတို့နဲ့ပတ်သတ်ပြီးထပ်စရင် ငါ့အဆိုးမဆိုကြနဲ့နော်…”“ဟုတ်ကဲ့ပါတော်…ကျူပ်တို့လည်းဆင်ခြင်ပါ့မယ်”မောင်တိုးသည် ရှင်ညိုတို့အပေါ်၌ညီမလေးများကဲ့သို့ပင်သဘောထားရှာသည်။ထို့ကြောင့်သူ့အားစနောက်နေကြခြင်းအပေါ်စိတ်ဆိုးလေသည်။“အဲ့တာဆိုရင်တော့ကိုကြီးတိုးရေ…တော်နဲ့လိုက်ဖက်မယ့်သူကိုကျုပ်တွေ့ထားတယ်…”ကောက်စိုက်သမအုပ်စုထဲမှ ပါးစပ်ပြဲပြဲဖြင့်မိငွေ ၏စကားသံထွက်ပေါ်လာပြန်သည်။“ဘယ်သူတုန်း”“ဘယ်သူကမှာတုန်း…ဒီမှာလေ…ဒေါ်ရွှေဝါဝင်းကြီး…”“အမယ်လေး…ဗိုင်းတာမရဲ့ ငါ့ကိုများဒေါ်ရွှေဝါဝင်းတဲ့”ဒေါ်ကုလားမ ထအော်လေသည်။မည်းတူးနေသောသူ၏အသားအရည်ကြောင့်သူ့အားဒေါ်ရွှေဝါဝင်းဟုခေါ်ခြင်းအပေါ်သဘောကျပြီးတဟားဟားရယ်မောကုန်ကြတော့သည်။တစ်ရက်၌….“အဘွား….အဘွားရှိလားဗျို့….”“ဘွားမယ်စိန်ရှိလားဗျို့….”ဘွားမယ်စိန်အိမ်အရှေ့ဆီသို့ ရွာသားငါးဦးရောက်လာခဲ့သည်။“ဟေ့…ဘယ်သူတွေလဲကွ…”ဘွားမယ်စိန်ရဲ့အိမ်ဝိုင်းအပြင်၌စုရုန်းရောက်ရှိနေသောလူစုကြောင့် သူကြီးဦးနောင်ချိုတို့ပင်ရောက်ချလာခဲ့သည်။“ဟာ…ဒါရွာသစ်ကလူတွေပဲဗျ”“အေး…ဟုတ်သား”“နေပါဦး…ခင်ဗျားတို့ကဘာတွေအရေးကြီးနေကြတာလဲ”ရွာသူကြီးဦးနောင်ချိုကမေးတော့ရွာသစ်သားမှ…“နေပါဦးသူကြီးရာ…ကျုပ်တို့ဘွားနဲ့အရင်တွေ့ပါရစေဗျာ”ဟုပြောလေတော့ သူကြီးဦးနောင်ချိုမျက်နှာပျက်သွားရှာသည်။“ဘယ်သူတွေလဲကွဲ့…”ဘွားမယ်စိန်ခြံပြင်သို့ထွက်လာခဲ့သည်။အနောက်ဆီမှရှင်ညိုတို့ဒေါ်ဝင်းတို့ကလည်းလိုက်လာခဲ့၏။“ဘွားရေ…အရေးကြီးလို့ဗျ”“ဟေ…ဘာများဖြစ်လို့တုန်း”“ကျုပ်တို့ရွာသစ်ကရွာသားတစ်ယောက်ပျောက်သွားလို့ပါဗျ…”“ဘယ်လိုများဖြစ်ရတာလဲကွဲ့”“နေဦးဗျာ…ဒါတော့ကျုပ်ဝင်ပြောရလိမ့်မယ်…ဟေ့ကောင်တွေ …

Uncategorized

ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော ဒေါ်ရင်လှ

 တစ်ရက်၌.. ဘွားမယ်စိန်၏နေ့အိမ်ဆီသို့ သူကြီးဦးနောင်ချိုရောက်လာခဲ့သည်။သူကြီးဦးနောင်ချိုနှင့်အတူ ဧည့်သည်တစ်ဦးလည်းပါလာခဲ့သေး၏။“ဘွား…ဟောသည်ဘက်ကသူက ပူကင်းရွာရဲ့သူကြီး…ဦးလူမောင်လို့ခေါ်တယ်ဗျ…”“သြော်…အေး…ပူကင်းရွာကိုတော့ဘွားတို့ရောက်ဖူးပါတယ်…သူကြီးကိုတော့အခုမှပဲမြင်ဖူးတယ်ကွယ်…”“ဟုတ်ပဗျာ…ဘွားတို့ကျုပ်ရွာကိုလာတုန်းကကျုပ်မသိလိုက်လို့ပါ…သိများသိရင်အဲ့ကတည်းကကျုပ်အိမ်မှာပဲတည်းခိုခိုင်းပါတယ်…”“အေးကွယ်…”“ဟော…ကိုလူမောင်…ခင်ဗျားလာရင်းကိစ္စလေးဘွားကိုပြောလိုက်ပါဦးဗျာ…”“အေး…ငါပြောပါ့မယ်နောင်ချိုရာ…ဒီလိုပါဘွားရဲ့…ကျုပ်ရဲ့အလှူလေးကိုလာခဲ့ပေးဖို့ ဘွားကိုလာဖိတ်တာပါ…”“သြော်…အေး… အေး.. သူကြီးကိုယ်တိုင်ဖိတ်မှတော့လာရမှာပေါ့ကွယ် …”“အဟင်း….ဝမ်းသာလိုက်တာဗျာ…လာသာဖိတ်ရတာ…ဘွားလာမှလာပါ့မလားလို့စိုးရိမ်နေတာဗျ…”“လာရမှာပေါ့ကွယ်…”ဘွားမယ်စိန်နဲ့ သူကြီးတို့တတွေ စကားဆက်ပြောနေကြသည်။“အမေ…ကျုပ်ကြက်သားဟင်းစားချင်တယ်…”“ဟောတော်…စောစောကပြောပါလား…အမေဖြင့် ဒီကနေ့အတွက် ငံပြာရည်ချက်အတို့အမြုပ်နဲ့ကြက်ဥလေးပဲကြော်ထားတာသမီးရဲ့”“ရပါတယ်အမေရယ်…နောက်ရက်မှစားတာပေါ့”ဒေါ်ဝင်းနဲ့နန်းကြိုင်တို့သားအမိ မီးဖိုထဲ၌စကားပြောနေကြသည်။“အရီး…”“ဟေ…သမီးပြောလေ…”“ညီမလေးက ကြက်သားစားချင်တာဆိုရင်ကျုပ်ကြက်သား ချက်ပေးလိုက်မယ်လေ…”“အိုအေ…အချိန်မရှိတော့ပါဘူး ရှင်ညိုရယ်…ညည်းညီမစားချင်ရင်အရီးနောက်ရက်မှချက်ကျွေးလိုက်ပါ့မယ်အေ့”ရှင်ညိုက နန်းကြိုင်စားချင်သည့်ကြက်သားကိုချက်ကျွေးချင်သည်။ဒေါ်ဝင်းက တားသော်လည်း ရှင်ညို က…“ဒီကနေ့တော့ညီမလေးစားချင်နေတဲ့ကြက်သားပဲကျွေးလိုက်ပါအရီးရယ်…”ဟုထပ်မံကာပြောလေသည်။“ရှင်ညို…ညည်းကလည်းအေ…သူစားချင်တာကိုကျွေးမယ်ဟုတ်ပြီအေ…ဒါဖြင့် ကြက်ကဘယ်မှာတုန်း…သူစားချင်ရင်နောက်ရက်မှ အရီးသွားဝယ်ပြီးချက်ကျွေးလိုက်ပါ့မယ်အေ…လောလောဆယ်လည်းကြက်မှမရှိတာအေ့…”ဘွားမယ်စိန်သည် သူကြီးတို့နှင့်ပင်စကားဆက်မပြောဘဲရှင်ညိုတို့ပြောတာကိုသာ နားစွင့်နေခဲ့သည်။“ဒါလေးများအရီးရယ်…ခဏလေးကျူပ်သွားရှာမယ်…”“ဟဲ့ရှင်ညို…ဟဲ့…သြော်…ဒီကောင်မလေးကတော့စိတ်မြန်လက်မြန်နဲ့ခက်လိုက်တာ”ရှင်ညိုအိမ်အပြင်ကိုထွက်သွားသည်။နန်းကြိုင်ကလည်းရှင်ညိုအနောက်သို့အပြေးလိုက်သွား၏။ခဏကြာတော့ …

Uncategorized

ကန္တာရနှင်းဆီ

ရဲရင့်ကျော်ကန္တာရနှင်းဆီခပ်လှမ်းလှမ်းရှိ ဓနိပင်တန်းလေးဆီကနေ ဘုတ်ငှက်မြည်သံ လေးတွဲ့တွဲ့က ပျင်းရိစရာကောင်းအောင် ပေါ်ထွက်လာနေသည်။မိုးနံ့သင်းသော အနောက်တောင်လေညင်းလေးက ဝေ့ကာဝိုက်ကာ ဆော်သွေးနေသဖြင့် ချောင်းရိုးကလေး၏ ကမ်းနှစ်ဖက်ရှိ လမုပင်အပျိုဖျန်းတွေက လှုပ်ကာယမ်းကာ၊ နွဲ့ကာယိမ်းကာ ကကြိုးဆင်နေ ကြသည်။ဘုတ်ဆိုတာ အလကားမြည်သည်မဟုတ်။ ဒီရေတက်ချိန်မှာ တစ်ခါ၊ ဒီရေကျချိန်မှာ တစ်ခါ မှန်မှန်ကြီးမြည်ကြွေးလေ့ရှိသော ငှက်တစ်မျိုးပါ။ သူတို့မြစ်ဝကျွန်းပေါ်ဒေသကြီး၏ တောင်ဘက်ကျကျ …

Uncategorized

ကျားမ၏ ရန်ငြိုး

ဗိုလ်လုံကျား၊ ခြင်္သေ့နှင့် ကျားသစ်တို့သည် တော၏ အရှင်သခင် ဘုရင်များပင် ဖြစ်ပါသည်။ကျားသည် အာရှတိုက်ရှိ တောများတွင် ဘုရင်ဖြစ်သကဲ့သို့ ခြင်္သေ့သည် အာဖရိကတိုက်ရှိ တောများတွင် ကြီးစိုးမင်းမူပါသည်။တောတွင်းရှိ မြက်စားသည့် ခြေလေးချောင်းသတ္တဝါများသည် ထိုတောဘုရင်များ၏ အစာဖြစ်ပါသည်။ထို့ကြောင့် သတ္တဝါများသည် ထိုတောဘုရင်များကို အလွန်ကြောက်ကြရပါသည်။ သို့သော်လည်း ထိုတောဘုရင်များသည် တောကောင်များကို မတရားသတ်ဖြတ်နှိပ်စက်ခြင်းတော့ …

Uncategorized

မျက်စိလည်သောည

ဗိုလ်တာရာမြေသင်းနံ့သည် လှိုင်ကာ မြိုင်လုံးကို ချယ်လှယ်နေတော့သည်။ပုရစ်ဖူးတွေကလည်း အစီအရီဖြင့် မျှော်လိုက်တိုင်း စိမ်းလန်းစိုပြေနေသည်ကို တွေ့ရပေ၏။နွေတထောက်ကို ကျော်လွန်ခဲ့သည့် မိုးဦးကျစ နေ့တနေ့ နံနက်ခင်းပိုင်းလည်း ဖြစ်ပေ၏။ ထို့ကြောင့်လည်း တနွေလုံး အပူဒဏ်ကို တင်းတင်းခံရင်း မုဆိုးဘဝကို ရင်ဆိုင်ခဲ့ရသော ကျွန်တော်နှင့် ဦးဘိုးဟန်အဖို့ အသက်ရှူပေါက်ရစေသည့် မိုးကဖွဲဖွဲ။လေအေးက မြူးမြူးအချိန်၊ သို့မဟုတ် …

Uncategorized

မိန်းမကြာကူလီနှင့်လှည်းကျိုးထမ်းသောနွားများ(စ/ဆုံး)

ညနေ၆နာရီ ခွဲပြီ။ လူတစ်ယောက်ကို ကိုမောင်မောင်မျှော်နေမိ သည်။ ကလပ်တွေပါတီတွေနဲ့ ညတိုင်းအလုပ် ရှုပ်နေတဲ့ သူ့ဇနီးကိုတောင် ဒီည မိတ်ဆွေ တစ်ယောက်ဖ်ိတ်ထားတဲ့အတွက် ဘယ်မှ မသွားဖို့ ပြောထားရသည်။ ခဏကြာတော့ ခြံစောင့် ဖိုးထူးက လူတစ်ယောက် နဲ့ ဧည့်ခန်းထဲရောက်လာသည်။ ထိုလူကိုမြင်လိုက်သည်နှင့် ကိုမောင်မောင် အားရဝမ်းသာ ဖြစ်သွား၏။ …