August 4, 2025
Uncategorized

အောင်မြတ်သာနှင့်ခဏတာခွဲခွာခြင်း(စ/ဆုံး)

++++++++++++++++++++++++ယောနယ်ကနေ ထွက်ခွာလာပီးနောက်ပိုင်း အိမ်မှာကျန်ခဲ့တဲ့ အမေဖြစ်သူကို သက်ခိုင်သတိရ လာတယ်။တရားထိုင်တိုင်းလဲ အရင်ကလိုစိတ်မတည်ငြိမ် တော့ပေ။ အာရုံထဲမှာ အမေ့မျက်နှာကိုပဲ မြင်နေ မိတယ်။ဆရာသခင်နောက်လိုက်ခဲ့တာ အခုဆို ၂နှစ်ကျော်လို့ ၃နှစ်နီးပါးပြည့်တော့မည်။ထိုအချိန်အတွင်း.မိမိဇာတိမြေကို.တစ်ခါမှ ခြေမချရသေးသည့် သက်ခိုင်တစ်ယောက် အမေနေများ ကောင်းပါ့မလားဆိုတဲ့ အတွေးတွေတော့ ဝင်မိတယ်။ဆရာကတော့ အမေကျန်းမာရေး ကောင်းတယ်.ပြောတဲ့အတွက် သက်ခိုင်စိတ်အေးခဲ့ရတယ်။အခုတော့ အမေ့ဆီပြန်မည့်ကိစ္စကို …

Uncategorized

အောင်မြတ်သာနှင့်အသက်လုဝိဉာဉ်

စာရေးဆရာ -ဇေယန(ရာမည)ကျောက်စက်ရေတွေ တစ်တောက်တောက် ကျနေတဲ့ ကျောက်ဂူတစ်လုံးထဲမှာတော့ လူတစ်ယောက်က ငြိမ်သက်စွာလှဲလျောင်းလျက်။သူ့ရဲ့ဘေးမှာတော့ ရှည်လျားတဲ့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ အဖိုးအိုတစ်ယောက်ရှိနေပြီး အဖိုးအိုရဲ့ဖြူဖွေးသွယ်လျနေတဲ့လက်တစ်ဖက်က လှဲလျောင်းနေသူရဲ့ ရင်ဘတ်ပေါ်မှာရောက်ရှိနေခဲ့တယ်။” အဖိုး.. သူ့အ​ခြေအနေက ဘယ်လိုရှိလဲ”ဂူဝကနေ တစ်လှမ်းချင်းလျောက်ဝင်လာတဲ့ သူရဲ့စကားကြောင့် အဖိုးအိုက ရင်ဘတ်ပေါ်တင်ထားတဲ့ လက်ကိုအသာရုတ်လိုက်ပြီး” အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမှာပဲရှိသေးတယ် လူလေး… သူ့ရဲ့စိတ်သန္တာန်က အခြားနေရာတစ်ခုမှာ …

Uncategorized

အောင်မြတ်သာနှင့်တမလွန်ရေဆန်လမ်း

အောင်မြတ်သာနှင့်တမလွန်ရေဆန်လမ်း စာရေးဆရာ -ဇေယန(ရာမည) ” ကျော့လှယဉ် သေပြီဆို… ဟုတ်လား” အကြော်စားနေရင်း မေးလိုက်တဲ့ သဲနု စကားကြောင့် ကျန်တဲ့သူတွေအားလုံး ခေါင်းတွေထောင်လာခဲ့ကြတယ်။ ” အကျော့က မျောနေတာပါဟယ်… ဒါကိုရွာလူကြီးတွေက သေပြီအထင်နဲ့ ရွာထဲမပေးဝင်တာလို့ကြားတယ်” ” ငါတော့ မျောနေတယ်လို့မထင်ဘူး… မျောနေတဲ့သူဆိုရင်အသက်ရှုရမှာလေ၊ ခုက အသက်လဲမရှုတော့ …

Uncategorized

အောင်မြတ်သာနှင့်ဘီလူးကျောက်စာ

++++++++++++++++++++++++++နေက ဦးခေါင်းတည့်တည့်ပေါ်ရောက်နေပြီမို့ တောက်ထိန်နဲ့ ဖိုးဝတို့နှစ်ယောက်သားရဲ့ ခြေလှမ်းတွေ နှေးကွေးလာသလို စိတ်ထဲကနေလဲ မကျေမချမ်းမှုတွေဖြစ်လာခဲ့တယ်။“ တောက်စ်.. အခုချိန်ထိ ဟင်းစားဆိုလို့ တောကြက်တစ်ကောင်တောင်မရသေးဘူး၊ ဒီပုံစံအတိုင်းဆိုရင် ညကင်းစောင့်တဲ့အခါ ငတ်ပီ ထင်ပါတယ်”တောက်ထိန်စကားကြောင့် ဖိုးဝက လေးခွကို ခါးကြားထိုးလိုက်ပြီး“ ဟင်းစားမရတော့လဲ ဦးဘလုံအိမ်က ကြက်သွားခိုးကြတာပေါ့ကွာ”“ မင်းမေကလွှား အခုထိ စိတ်မှတ်မရှိသေးဘူးလား၊ …

Uncategorized

အောင်မြတ်သာနှင့်ကဝေမြောက်စုန်း

+++++++++++++++++++++++++“ ဒုတ် ဒုတ် ဒုတ်”လက်ပံ‌သင်္ချိုင်းထဲကနေ စည်းချက်ညီညီထွက်ပေါ်လာတဲ့အသံကြောင့် ယိုင်နဲ့နေတဲ့ တဲအိမ်ထဲမှာအိပ်နေတဲ့ ဦးဘသော်တစ်ယောက် လန့်နိုးလာခဲ့တယ်။“ ဒီအချိန်ကြီး သင်္ချိုင်းထဲမှာ ဘယ်သူတွေ တူးနေကြပါလိမ့်”ဦးဘသော်က အိမ်နံရံမှာချိတ်ထားတဲ့ ရေနံဆီမီးအိမ်ကို ဆွဲယူပြီး တဲပေါ်ကနေ ဆင်းလာခဲ့လိုက်တယ်။“ ဒုတ် ဒုတ် ဒုတ်”တစ်ခုခုကို တူးဆွနေတဲ့အသံက တစ်ချက်မှမရပ်သွားပဲ ပိုပြီးမြန်ဆန်လာတာကြောင့် ဦးဘသော် …

Uncategorized

အောင်မြတ်သာနှင့်နာမ်စွဲခေါင်းပြတ်အရုပ်

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° #စာရေးဆရာ -ဇေယန(ရာမည)ညနေမှောင်ရီပျိုးတာနဲ့ ညောင်လိပ်ဘုရားပတ်ဝန်းကျင်ကို ဘယ်သူမှမသွားရဲကြ​တော့ပေ။ ညောင်လိပ်ဘုရားဆိုတာက ညောင်လိပ်ပင်အနီးနားမှာတည်ထားတာဖြစ်လို့ မူရင်းဘွဲ့တော်ပျောက်ပြီး ညောင်လိပ်ဘုရားလို့သာ လူသိခဲ့ကြတယ်။ညောင်လိပ်ပင်ဆိုတာက မနက်ဘက်ဆိုရင် သာမန် ညောင်ရွက်တွေလို​ဖြစ်ပြီး မှောင်စပျိုးတာနဲ့ ညောင်ရွက်တွေက လိပ်သွားတဲ့ညောင်ပင်မျိုး။ အဲဒီအချိန် ညောင်ပင်နားမှာရှိနေပါက ညောင်ရွက်လိပ်သံ တဖျစ်ဖျစ်ကိုကြားရမှာဖြစ်တယ်။ယခင်က ညောင်လိပ်ဘုရားပတ်ဝန်းကျင်ဆိုတာခုလိုခြုံနွယ်တွေမထူထပ်သေးပဲ တရားအားထုတ်လိုသူတွ လာရောက်တတ်ကြသလို ရည်းစားသနာတွေချိန်းတွေ့ ရာနေရာတစ်ခုလဲဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် …

Uncategorized

ကမ်းပျောက်တဲ့လှေ

မနက်စောစောကတည်းကကြက်သွန်အိတ်တွေကို စက်လှေပေါ်ကိုတင်နေပါပြီ..ဒီနေ့ မြို့ကပွဲရုံမှာ ကြက်သွန်တွေကို အမေ သွားရောင်းမှာပါ…အဖွားနဲ့အမေ့ညီမ ဒေါ်လေးကလဲမြို့ကကုန်ရောင်းပြီးအပြန်ရွာမှာ ပြန်ရောင်းမဲ့ ပစ္စည်းစာရင်းတွေကို သေချာရေးပေးနေလေရဲ့..ကျမတို့ရွာရဲ့ အနီးနားပတ်ဝန်းကျင်ရွာတွေ အထိပါအမေကအဝတ်အထည်..အိမ်သုံးဆေးဝါး..အလှကုန်..အစားအသောက်လေးတွေကိုပါအဆင်ပြေသလို မြို့ကဝယ်ယူပြီးရောင်းပါတယ်..ခရီးထွက်ခါနီးမို့ အမေက အလုပ်တွေကို ဇယ်ဆက်သလိုမနားတမ်းလုပ်နေတယ်..ကျမဘက်ကို တချက်လေးမှစောင်းငဲ့ မကြည့်ပါဘူး..ကျမကလဲ အမေမြင်သာမဲ့ နေရာလောက်ကနေကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့…ဆယ့်နှစ်နာရီစက်လှေထွက်မယ်ဟေ့ .. လို့အိမ်ရှေ့လမ်းမပေါ်ကနေဦးကြီးဘမောင်ကအိမ်ဘက်ကိုလှမ်းအော်သံကြားလိုက်တယ်…ဟင်! ဒါဆို အမေသွားတော့မှာပေါ့..ငါဒီတခေါက်မြို့ကိုအမေနဲ့အတူမလိုက်ရတာတော့သေချာနေပါပြီ..အမေကငါ့ဘက်ကိုကြည့်ပြီးဟိုကလေးမလေး…နေပူထဲထွက်မနေနဲ့နော် လို့တောင်မပြောဘူးငါကလဲ …

Uncategorized

ပွဲတက်မယား(စ/ဆုံး)

  —————— ခြံဝကိုရောက်တော့ အိမ်လေးကိုကြည့်ပြီး ကျွန်မ အံ့သြသွားတယ်။ အလို…ကျွန်မ ဒီအိမ်လေးကို သော့ပိတ်ထားခဲ့တာ သုံးနှစ်လောက်ရှိပြီ။ ခုတော့ ပြတင်းတံခါးတွေဖွင့်ထားပြီး ခန်းဆီးလိုက်ကာလေးတွေ တလွင့်လွင့်နဲ့ပါလား။ နှာခေါင်းထဲကို သနပ်ခါးပန်းနံ့လေး မွှေးကနဲအရမှာ ခြံထဲကြည့်လိုက်တော့ ပန်းအိုးလေးတွေ အစီအရီ။ မနေဖြစ်သေးလို့ ကျွန်မ ဘာပန်းမှစိုက်မထားပါဘူး။ တစ်ခုခုတော့လွဲနေပြီ။ ခြံဝမှာလည်း …

Uncategorized

အောင်မြတ်သာနှင့်သိုက်တူးသောလူခြောက်ကလေး

အောင်မြတ်သာနှင့်သိုက်တူးသောလူခြောက်ကလေး စာရေးဆရာ -ဇေယန(ရာမည)မှန်စီရွှေချထားတဲ့ တစ်တောင်သာသာ သေတ္တာလေးတစ်လုံးဘေးမှာတော့ လူအချို့ငြိမ်သက်စွာဒူးထောက်ထိုင်နေကြတယ်။ သူတို့ရဲ့မျက်နှာတွေက တစ်စုံတစ်ခုကိုစောင့်ဆိုင်းနေသလို မျှော်လင့်ချက်တွေနဲ့ပြည့်နေကြတယ်။ မကြာခင် ပြူတင်းပေါက်မှာတပ်ထားတဲ့ခန်းဆီးလိပ်ကာက လေမတိုက်ပဲ တဖျတ်ဖျတ်လှုပ်ခါလာချိန်မှာတော့ တိုက်ပုံအနက်ကိုဝတ်ဆင်ထားတဲ့လူကြီးက သေတ္တာနားကိုကပ်သွားပြီး တစ်ယောက်ထဲ စကားစမြည်ပြောဆိုနေခဲ့တယ်။အတန်ကြာပြောဆိုပြီးချိန်မှာတော့ အနောက်မှာရှိတဲ့သူတွေဘက်ကိုလှည့်ပြီး” ရွှေမင်းသားက အုတ်ဖိုတောင်ကြောမှာရှိတဲ့ သိုက်တစ်ခုကိုညွှန်ပြနေတယ်၊ လာမယ့် လကွယ်ညမှာ သိုက်စောင့်အကြီးအကဲတွေနဲ့ သိုက်ချုပ်တွေတွေ့မှာမို့ …

Uncategorized

အောင်မြတ်သာနှင့်မြောက်နန်းရွှေကိုယ်လေးအရုပ်

 အောင်မြတ်သာနှင့်မြောက်နန်းရွှေကိုယ်လေးအရုပ် ဇေယန(ရာမည)ကညင်တိုင်ဆီမီးတွေ ထိန်လင်းအောင်ထွန်းထားတဲ့ နန်းရင်ပြင်ထက်မှာတော့ ဓါးကိုင်လှံကိုင်အစောင့်ရဲမက်တွေ ခြေကျင်းလိမ်မျှ လှုပ်ရှားသွားလာနေခဲ့ကြတယ်။ ဒီလိုအစောင့်အကြပ်ထူထပ်လှတဲ့ နန်းတော်ဧရိယာထဲမှာတော့ မျက်လုံးနှစ်လုံးကိုသာ ပေါ်အောင်လှပ်ထားတဲ့ လူတစ်ယောက်က လျှင်မြန်တဲ့လှုပ်ရှားမှုမျိုးနဲ့ အမှောင်ထဲကနေ ရွေ့လျားသွားလာနေခဲ့တယ်။” တုံ တုံ တုံ…”ကင်းလဲချိန်အချက်ပေးအသံကြောင့် အစောင့်ရဲမက်တွေအချိန်းအပြောင်းလုပ်နေခဲ့ချိန်အတွင်း ၀တ်စုံအနက်ရောင်၀တ်ဆင်ထားတဲ့ လူက ကြောင်တစ်ကောင်လို ပေါ့ပါးသွက်လက်စွာဖြင့် နန်းတော်ခေါင်မိုးပေါ်ကို ကုတ်တွယ်တက်သွားခဲ့တယ်။ …