ပထမပိုင်း နေ့လယ်ခင်းအချိန်၌ သောင်ထွန်းရွာ၏လမ်းမကြီးပေါ်တွင် အမျိုးသမီးနှစ်ဦး လမ်းလျှောက်၍လာခဲ့ကြသည်။ ချည်လွယ်အိတ်ကြီးများကိုယ်စီလွယ်ထားကြပြီး မျက်လုံးများကရွာထဲကိုကြည့်နေကြ၏။ တစ်ဦးကနက်မှောင်နေသောဆံပင်ရှည်ကြီးကို ဆံထုံး ထုံးဖွဲ့လို့ထားပြီးရုပ်သွင်ကတည်ကြည်လွန်းပြီး အသက်အားဖြင့်လေးဆယ်ကျော်အရွယ်ဖြစ်သည်။ ကျန်တစ်ဦးကတော့ ခန္ဓာကိုယ်သေးသွယ်ပြီး အတော်လေးငယ်ပုံရ၏။ ထိုအမျိုးသမီးတို့ရွာထဲသို့ဝင်လာသည့်အချိန်ကတည်းက သောင်ထွန်းရွာသူ၊ရွာသားတို့ကလည်း စူးစမ်းသယောင်ကြည့်နေကြသည်။ “ဗျို့…ကျုပ်တို့ရွာကိုလာတာလား… ဘယ်သူ့အိမ်ကိုသွားကြမလို့လဲ” ဟုရွာသားတစ်ဦးကမေးလေတော့… “ဒီရွာက ဘွားမယ်စိန်ဆိုတဲ့အမေကြီးဆီကိုလာတာပါ… သူ့အိမ်ကိုညွှန်ပေးလို့ရမလား” ဟု…ပြန်ပြောလေတော့ကြည့်နေကြသူများကလည်း ဘွားမယ်စိန်အိမ်သို့လာသော …