ရေယဉ်ငယ်စီးပါတဲ့ မြစ်ကြီးငယ်သောင်ခြေ
နုနုရည် (အင်းဝ)(ကလျာမဂ္ဂဇင်း၊ အမှတ် ၃၅၊ နိုဝင်ဘာ၊ ၁၉၈၇)—ကျုပ် ဘာဖြစ်လို့ ဒီနေရာကို ရောက်မိပါလိမ့်နော်။တကယ်တော့ ကျုပ် ဘုရားကုန်းတော်ပေါ် အမှိုက်သရိုက်လေးဘာလေး ရှင်းဖို့ဆိုပြီး ကျောင်းက ထွက်လာခဲ့တာ။ အမှိုက်ရှင်းပြီး အချိန်လေးရရင် ဟိုဘက်ကမ်းသွားပြီး ဒကာမကြီးရဲ့ မြေပုံဘေးမှာ ပုတီးလေးသွားစိတ်လိုက်ဦးမယ် ဘုရားလို့လဲ ဆရာတော်ကိုလျှောက်ခဲ့တာ။ ဆွမ်းတောင်ဖြောင့်ဖြောင့် ဘုန်းမပေးနိုင်ခဲ့ဘူး။ …