August 3, 2025
Uncategorized

မျှင်

သောင်းမြင့်ဦး(ကွမ်းခြံကုန်း)မျှင်နောက်နှစ်ရက်ခန့်နေလျှင် ကောက်လှိုင်းတိုက်ရန် လှည်းဆင်ရတော့မည်။ဘီးဝင်ရိုး၊ ဇင်တုံးနှင့် လှည်းသန်၊ လှည်းအိမ်၊ ထမ်းပိုးတို့အားလုံး ကောင်းသဖြင့် ဘီးနှစ်ဘီးတွင် ဝင်ရိုးတပ် နားစောင့်သပ်ရိုက်သည်။ ဝင်ရိုးအပေါ်တွင် လှည်းသန်ကိုတင်၍ မရွေ့စေရန် လှည်းသန်ပေါက်နှင့် ဝင်ရိုးကို သပ်ရိုက်ထိန်းရသည်။နောက် လှည်းသန်ပေါ်တွင် လှည်းအိမ်တင်ရန် “ဇင် တုံး” ခေါ် သစ်သားတုံးကို ဝင်ရိုးနှင့်အပြိုင် တင်၍ …

Uncategorized

ချောင်းရေဖွေးဖွေး မိုးအေးအေး

တွင်းကြီးသားတင်ဝင်းဦးထက်ကောင်းကင်သည် ပြာပြာမှိုင်းမှိုင်း။ပါးလွှာသော တိမ်ပါးတို့သည် ပြေးလွှားနေရာမှ ထက်အာကာကို လွှမ်းခြုံထားလိုက်ကြချေပြီ။တောင်လေက ခပ်ညင်းညင်းတိုက်နေသည်။မိုးရနံ့က မနေ့ကအတိုင်း မွှေးမြမြ။နေမင်းသည် တိမ်ယံတို့အကြား ကွယ်ပုန်းနေပြီ။ရိုးပြတ်ချောင်း၏ သည်ဘက်ရှိ ရိုးပြတ်ကွင်းထဲတွင် ထွန်ယက်နေကြချေပြီ။မနေ့က မိုးရွာခဲ့သည်။ နှစ်နာရီကျော်ကြာ ရွာခဲ့သောမိုးက အနှစ်ပါသည်။ ရွာပေါ် မှာရော ရိုးပြတ်ကွင်းမှာပါ ရေတွေအပြည့်။ ရိုးပြတ်ကွင်း ရေပြည့်ပြီဆိုသောအခါ နွေအခါ …

Uncategorized

ကြောက်စရာ့ စိတ်အလျင်

ကိုပိုက်ကြောက်စရာ့ စိတ်အလျင်သူလျှောက်ခဲ့သောခရီးသည် ဝေးလှသည်မဆိုသာငြား ရရှိထားသော ဒဏ်ရာကြာင့် ထိုခရီးတိုလေးသည် သူ့အတွက် အားသွန်ခွန်စိုက်လာခဲ့ရခြင်းကြောင့် လွန်စွာမျှပင်ပမ်းလှသည်ဟု ထင်မိ၏။ ရရှိထားသော ဒဏ်ရာသည် ပေါင်လယ်တွင်ဖြစ်သည်ကြောင့် နောက်ထပ်ကျရောက်လာမည့် အန္တရာယ်ဆိုးမှ ရှောင်တိမ်းရန်အလို့ငှာ အားတင်းကာ ဆက်လျှောက်ရပေဦးမည်။ နားနေလို့ကတော့ ကျားရှေ့မှောက်လျက်လဲသူလို ဖြစ်ချေတော့မည်။အငြိမ်းစားအရာရှိကြီးတစ်ယောက်ဖြစ်သည့် သူသည် အမဲလိုက်ခြင်းကို ဝါသနာပါ၍တော့ မဟုတ်။ …

Uncategorized

ကံဆိုးသူ

————- ရန်ကုန်မှထွက်လာသည့် လော်ကယ်ရထားကြီးသည် ပဲခူးမြို့ထဲကို တရွေ့ရွေ့ဝင်လာသည်။ည ၇ နာရီခွဲနေပြီ။ခါတိုင်း ၆ နာရီလောက်တွင် ပဲခူးဘူတာကို ဆိုက်ရမည့် ရထားသည် လမ်းတွင် အမြန်ရထားတွေကို ရှောင်ပေးရင်းက မိုးချုပ်သွားရသည်။ဆရာမကြီး ဒေါ်မြနှင်းသည် ရထားပေါ်ကဆင်းလိုက်ပြီး ဘူတာထဲက ထွက်လိုက်သည်။“ဆရာမကြီး ဆိုက်ကားလား”သူကပြုံးပြီး လက်ခါပြလိုက်သည်။ ကျောင်းဆရာမလစာနှင့် ဆိုက်ကားစီးရလောက်အောင် မစွန့်စားချင်။ကြိမ်ခြင်းလေးကိုဆွဲလာရင်း …

Uncategorized

ဒုတိယဇနီးသည်(စ-ဆုံး)

သော်တာလမင်းစန္ဒာ မမိုးစံ ဆုံးပြီဟူသောသတင်းကြောင့် ကျွန်မခင်ပွန်းမျက်နှာအနည်းငယ်ညိုးငယ်သွားလေသည်။ သူလည်းနှစ်ပေါင်းများစွာသံယောဇဉ်ကြောင့်အနည်းနဲ့အများတော့ခံစားရရှာပေမည်ဟုကျွန်မနားလည်မိသည်။သို့သော်လည်းနားလည်သလိုနှင့် မနာလိုစိတ်ကလေးကတော့ကပ်ပါလာစမြဲ။ ခင်ပွန်သည်၏ပျက် ယွင်းသွားသောမျက်နှာကို အလိုမကျသလိုတစ်ချက်ကြည့်မိပြီးမှ ကိုယ့်စိတ်ကိုယ် ကိုယ်ပြန်လျော့ချလိုက် ရသည်။ မမိုးစံဆိုသည်က ကျွန်မခင်ပွန်းကိုပြည့်ဖြိုးအောင်၏ ပထမအိမ်ထောင်ဖြစ်သည်။ မမိုးစံနှင့် ၁၃နှစ်တာပေါင်းသင်းပြီးမှစိတ်သဘောထားခြင်းမတိုက်ဆိုင်၍ ကွာရှင်းခဲ့ကြသည်။ ပထမအိမ်ထောင်နှင့် သားလေး တစ်ယောက်လည်းရှိသည်။ သားကိုတော့မမိုးစံကခေါ်ယူစောင့်ရှောက်ထား၏။ ၎င်းတို့ကွာရှင်းပြီး နှစ်နှစ်ခန့်အကြာတွင် ကျွန်မနှင့်အကြောင်းဖန်လာပြီး …

Uncategorized

ရွှေလီရိုးက ဝံဆိုး

ဖိုးကျော့ ကိုလူမောင်သည် မိုးကောင်းကင်ကို တစ်ချက်မော့် ကြည့်လိုက်သည်။မုတ်သုန်ရာသီသည် ပီပီပြင်ပြင်မရှိတော့။ တော်သလင်းလ၏ ကောင်းကင်က ကြည်လင်နေသည်။ တိမ်ပဝါတစ်စနှစ်စသာ ကျယ်ပြောလှသော မိုးထက်ဝဠာမှာ မသိမသာလွင့်မျောပါနေ၏။အပတောများ၌ သစ်စေးထိုးလုပ်သားဖြစ်သော ကိုလူမောင်သည် ဆောက်ပြား၊ ဓားနှင့် ဘောက်ခွက်များကိုယူကာ အိမ်က ထွက်လာလေသည်။ရွာဖျားအရောက်တွင် အိမ်ဘေးအဖီအောက်၌ နှီးဖြာနေသော ဦးဘအောင်ကြီးက …“လူမောင် … …

Uncategorized

ဝဋ်ကြွေး(စ/ဆုံး)

———— နန်းကျင်သည်နာမည်ကြီးငါးချဉ်စပ်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်သည်။ငါးချဉ်စပ်ဆိုင်ဆိုသော်လည်းငါးတစ်မျိုးထဲရောင်းသည်မဟုတ်ပါ။ဘီယာနှင့်အရက်မျိုးစုံ မာလာဟင်းနှင့်ဆာ့ခုမ်တို့ကိုလည်းရောင်းချသည်။သူတို့ဆိုင်မှာသီးသန့်ဖွင့်ထားခြင်းမဟုတ်။အိမ်ရှေ့မျက်နှာစာအပြည့်ဆိုင်ဆောက်ပြီးစားသောက်ဆိုင်ဖွင့်ထားခြင်းဖြစ်သည်။   နန်းကျင်သည်ဆိုင်ရှင်ဆိုသော်လည်းငါးချဉ်စပ်ငါးကြော် မာလာဟင်း စသည့်ချက်ပြုတ်ကြော်လှော်သည့်တာဝန်ကိုသူယူထားသည်။သူတို့မှာမိသားစုများများစားစားမရှိပေ။သူ့အမေနှင့်သူ့ညီမပါဆိုလျှင်မိသားစုသုံးယောက်သာရှိသည်။   သူ၏ညီမလေးမှာတက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်၍ဆိုင်ကိုအမြဲတမ်းမကူညီနိုင်ပေ။သူ၏အမေသည်လည်းခဏတဖြုတ်လောက်သာဆိုင်ထိုင်ပေးနိုင်သည်။နန်းကျင်တို့မိသားစုမှာတိုင်းရင်းသားမျိုးနွယ်ထဲတွင်ပါဝင်သောလူမျိုးတစ်မျိုးဖြစ်သည်။နန်းကျင်ကသဘောကောင်းသည်။   ပေါင်းသင်းဆက်ဆံရေးအဆင်ပြေသူတစ်ယောက်ဖြစ်၍သူနှင့်အလုပ် လုပ်ရသည်မှာအဆင်ပြေကြသည်။ကျွန်တော်ကသူ၏ဆိုင်တွင် အလုပ်လုပ်သည့်စားပွဲထိုးတစ်ယောက်ဖြစ်သည်။တခြားဆိုင်အကူကောင်မလေးတွေလည်းရှိသည်။   နန်းကျင်တို့ဆိုင်ဘေးတွင်အုတ်ကန်နှစ်ကန်လုပ်ထားသည်။တစ်ကန်မှာငါးခူများဝယ်ထည့်ထားပြီးနောက်တစ်ကန်မှာ အခြားငါးများ ငါးရှဉ့်များဝယ်ထည့်ထားသည်။   သူ၏ငါးချဉ်စပ်ရောင်းကောင်းသည်မှာငါးများမှာရေခဲရိုက်ငါးများမဟုတ်ဘဲလတ်လတ်ဆတ်ဆတ်ကိုယ်ကြိုက်သည့်ငါးရွေးပြီးချက်ပြုတ်ကြော်လှော်ခိုင်း၍ရခြင်းကြောင့်ဖြစ်သည်။နန်းကျင်တို့မိသားစုမှာ”တိရစ္ဆာန်ဆိုတာစားဖို့ဘုရားသခင်ကဖန်ဆင်းပေးထားတာ” ဟူသောအယူအဆကိုလက်ကိုင်ထားသူများဖြစ်ကြသည်။   သူတို့ဆိုင်သည်ကားလမ်းမကြီးဘေးတွင်ဖွင့်ထား၍နေရာလည်းကောင်း ကားများဆိုင်ကယ်များရပ်ရန်အဆင်လည်းပြေတာကြောင့်ရောင်းကောင်းလှသည်။ ညနေလေးနာရီမှညဆယ့်နှစ်နာရီထိရောင်းချပေးသည်။   …

Uncategorized

အောင်မြတ်သာနှင့်ညောင်ပင်ထက်ကအဖိုးအို

#စာရေးဆရာ -ဇေယန(ရာမည)” ချွတ် ချွတ် ဂျွတ်”ကောက်လှိုင်းတွေကို နင်းလို့ထွက်လာတဲ့အသံကြောင့် မြတ်သူ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ထိုင်ရာကနေထကာကြည့်ကာ” ဆုဝေရယ် ကို စောင့်နေတာကြာပြီ.. ဘာလို့အခုမှထွက်လာတာလဲ”” အို … အဘက ဒီနေ့မှ မအိပ်ပဲ စကားတွေထိုင်ပြောနေလို့ ထွက်မရဖြစ်နေတာ၊ ဘာလဲ အခုထဲက ညိုငြင်နေပြီလား”” ဟား ငြိုငြင်စရာလားကွာ… ကို့ …

Uncategorized

စုန်းထီးကြီး ဦးဘသာနှင့် တစ်ခုသော လကွယ်ည

*စုန်းထီးကြီး ဦးဘသာနှင့် တစ်ခုသော လကွယ်ည* ******************************************* (၁) မနက်မိုးလင်းစားသောက်ပြီးတာနဲ့ အမေပေးလိုက်တဲ့ ထမင်းတောင်းကလေးထမ်းပြီးတော့ အိမ်ကထွက်လာခဲ့တာပေါ့ဗျာ၊ လမ်းမှာတော့ ကိုမြင့်တို့နဲ့တွေ့သဗျ၊ “အလတ်ကောင်၊ ငါတို့ ဒီညနေပဲ သွားကြည့်ကြမယ်ဟေ့” “ဘယ်လိုလုပ်မလဲ ပြောပါအုံး” ဘုရားပျက်ကုန်းအနားက တောတန်းထဲကနေ ချောင်းမယ်ကွာ၊ အဲဒီနေရာကနေဆိုရင် ညောင်ပင်ကို အပေါ်စီးကနေ ကောင်းကောင်းမြင်ရတယ်မဟုတ်လားကွ၊ …

Uncategorized

ဖောက်ပြန်သူ၏စိတ်ရိုင်း

 ဖောက်ပြန်သူ၏စိတ်ရိုင်း(စ/ဆုံး) —————————————–ဆရာကြီး ဦးထိပ်ခေါင်သည် ပင်လယ်ကမ်းခြေအနီး မထင်ရှား သော တောရွာ လေးတစ်ရွာတွင် သိုင်းပညာကိုသင်ကြားပြီးကျွမ်းကျင်စွာတစ်ဖက်ကမ်းခတ်တတ် မြောက်လာခဲ့ရာမှ သူ သင်ကြားပေးခဲ့သောတပည့်များများစွာပေါ်ထွန်းခဲ့သည်။ ဦးထိပ်ခေါင်သည်တပည့်များနှင့်အတူအမြို့မြို့၊အနယ်နယ်၊အရပ်ရပ်သို့လှည့် လည်၍ သိုင်းစွမ်းရည်နှင့် သိုင်းအလှပြပွဲကြီးကို ပြသခဲ့ကြသည်။ နာမည်သည် ကြီး သည်ထက် ပို၍ပို၍ ကြီးလာသည်။ နာမည်ကြီး ဆရာအဖြစ် ဟိုးလေးတကျော် …