August 3, 2025
Uncategorized

မုဆိုးဖို(စ/ဆုံး)

———— ကျုပ်ကတော့ ယုံကို မယုံနိူင်တော့တာ။ဒီလိုကြီးဖြစ်သွားလိမ့်မယ် ဆိုတာကိုပေါ့။……. အဲဒီနေ့က နေ့ခင်းဘက် အလုပ်ထဲမှာ …ကျုပ် သူငယ်ချင်းမ ဝေဝေလွင်က ဖုန်းဆက်တယ်. “စိုင်းအောင် နင်ခုပြန်လာခဲ့တော့…ခင်ရူပါ ဆုံးပြီ… ကျုပ်..နားကြားများလွဲလေသလား…ခင်..သေပြီလို့ပြောလိုက်တာများလား..တဖက်ကိုဘာမှပြန်မပြောနိူင်ပဲ..ကစဉ့်ကလျားနဲ့ ကျုပ်အသိစိတ်တွေက ..ခုန်ပေါက်ပြေးလွှားကုန်တယ်… “ငါပြောတာကြားလား ပြန်လာခဲ့တော့နင့်မိန်းမ ဆုံးပြီ..ဟင့်..ဟင့်….. ခင်..ဆုံးပြီတဲ့..မနက်က ကျုပ်အလုပ်လာခါနီးတောင်..အစ်ကို..လမ်းကို ဆိုင်ကယ် ဂရုစိုက်စိုက်ပြီးစီးနော်..ဆိုပြီးကျုပ်ကို …

Uncategorized

ဘွားမယ်စိန်နဲ့ သူတော်ယောင်

စ…ဆုံးထိုနေ့သည်သောင်ထွန်းရွာ၌ ထူးခြားမှုရှိနေခဲ့၏။ဖြစ်ပုံသည်ကသောင်ထွန်းရွာရှိ ထန်းတက်သမားတစ်ဦးဖြစ်သော မောင်စိုင်၏ မိတ်ဆွေတစ်ဦးရွာသို့လာရောက်ခြင်းကြောင့်ဖြစ်ပေသည်။ထိုထန်းတက်သမားမောင်စိုင်၏ မိတ်ဆွေကြောင့်ပင် ရွာရှိကာလသားများ မောင်စိုင်၏အိမ်၌ ဝိုင်းဖွဲ့နေကြလေသည်။မောင်စိုင်၏ မိတ်ဆွေသည်က သာမာန်မဟုတ်…။တုတ်ပြီး..ဓားပြီးဆေးများ ကျွမ်းကျင်သူဟုနာမည်ကြီး၏။“ဟကောင်တွေ…မင်းတို့က ဒီမှာသောက်လို့ကောင်းနေကြ…။ဟိုမှာဆရာက ဆေးတွေပေါက်ပေးနေတယ်လေ မင်းတို့သွားမကြည့်ကြဘူးလား”အရက်ဆိုင်အတွင်း ရွာသားများ ပြောဆိုနေကြခြင်းဖြစ်၏။“ဆေးကတကယ်ရောစွမ်းတာဟုတ်ရဲ့လားဗျာ…။ကျုပ်တော့မယုံပါဘူး”ရွာသားတစ်ဦးကသောက်လက်စအရက်ခွက်ကိုချကာပြောလိုက်လေတော့…“ဟ..ကိုမောင်စိုင်မိတ်ဆွေက တကယ်စွမ်းတာဟ…သူနဲ့ကိုမောင်စိုင်နဲ့က မြို့မှာဆုံပြီးခင်ခဲ့ကြတာဆိုပဲ…တို့ ကိုမောင်စိုင်ကြီးကို သူကဆေးပေါက်ပေးလိုက်တယ်တဲ့ကွ…အဲ့သည်ကနေ ပြန်လာ​တော့ ကိုမောင်စိုင် ထန်းပင်ပေါ်ကပြုတ်ကြသေးတယ်လေကွာ…အားလုံးက သေပြီထင်တာ…ဘယ်ဟုတ်မလဲ..သူ့မှာပွန်းရာပဲ့ရာတောင်မဖြစ်ဘူးဟ…အဲ့ဆရာဆေးစွမ်းလိုက်ပုံများ…အခုဆို …

Uncategorized

အောင်မြတ်သာနှင့်နတ်ဖွက်ထားသည့်မိန်းမပျို

***အောင်မြတ်သာနှင့်နတ်ဖွက်ထားသည့်မိန်းမပျို***——————————-@@@@@——————————–အောင်မြတ်သာနှင့်နတ်ဖွက်ထားသည့်မိန်းမပျိုကောင်းကင်တစ်ခုလုံး တိမ်သားတွေကင်းစင်နေပြီး ပြာလဲ့လဲအရောင်သန်းနေတဲ့ နံနက်ခင်း အချိန်ကာလမှာ ရွှေရောင်တစ်လက်လက်ထနေတဲ့ ကိုးတောင်ပြည့်စေတီထီးတော်တင်ပွဲကို အောင်မြတ်သာတို့ဆရာတပည့်တွေ မထင်မရှားဟန်နဲ့ ရောက်ရှိခဲ့ကြတယ်။ စေတီအဝင်ဝ မုဒ်ဦးမှာတော့ လက်ရာ မြောက်စွာထုဆစ်ထားတဲ့ ဂဠုန်ငှက်ရုပ်ထုကြီးကလဲ ရောက်လာသူ အပေါင်းကို တစ်မျိုးတစ်ဖုံ စွဲဆောင်နေခဲ့တယ်။ထီးတော်တင်ပွဲပြီးဆုံးတဲ့အချိန်မှာတော့ မုဒ်ဦးအဝင်ဝမှာ ထိုင်ပြီး ငိုယိုနေတဲ့ ယောင်္ကျား တစ်ယောက်အမှတ်မထင်မြင်တွေ့လိုက်ရတယ်။ ဘုရားထီးတင်ပွဲလာကြတဲ့ပရိတ်သတ်တွေကတော့ …

Uncategorized

ဘွားမယ်စိန်နှင့်တစ္ဆေငြိုးတဲ့ရွာ (စဆုံး)

=======“ဘွားမယ်စိန်ရှိလားခင်ဗျ…ဗျို့…ဘွားမယ်စိန်ရှိလား”ခြံဝိုင်းအပြင်မှအသံဆူးဆူးလေးဖြင့်အော်ခေါ်နေသောကြောင့်ဒေါ်ဝင်း…မီးဖိုထဲမှထွက်လာခဲ့သည်။ခြံဝိုင်းအပြင်၌ရပ်နေသော ဘုန်းကြီးကျောင်းသားငသွင်ကိုဒေါ်ဝင်းမြင်လေတော့…“ဟဲ့ငသွင်…ခြံထဲဝင်မလာဘဲနဲ့ဘာလို့အော်နေရတာလဲ…”“သြော်အရီး…ကျုပ်ကဘွားရှိမရှိမသိလို့…အော်မေးတာပါဗျ…”“နင့်အဘွား…ခြံနောက်ဖေးမှာရှိတယ်…လာ…လာ…ဝင်ခဲ့…”“ဟုတ်…ဟုတ်…”ငသွင်ဝိုင်းထဲသို့ဝင်လာခဲ့သည်။“အမေ…ဒီမှာဘုန်းကြီးကျောင်းသားငသွင်ရောက်နေတယ်တော့်…”ဟု…ဒေါ်ဝင်းက ခြံနောက်ဖေး၌ရှိနေသောဘွားမယ်စိန်ကြားစေရန်အော်ပြောလိုက်သည်။ခဏမျှကြာလေတော့ဘွားမယ်စိန်ရောက်လာခဲ့၏။“မောင်ကျောင်းသား…ဘုန်းကြီးကျောင်းမှာဘာကိစ္စရှိလို့ရောက်လာတာလဲကွဲ့”ဟုဘွားမယ်စိန်ကမေးတော့ ဘုန်းကြီးကျောင်းသားငသွင်ကခေါင်းကိုခါရမ်းပြီး…“ကျောင်းမှာဘာကိစ္စမှမရှိပါဘူးဘွားရဲ့…ကျုပ်ကိုကပ္ပိယကြီးက ရွာထဲကိုသွားခိုင်းလို့ရောက်လာတာပါဗျာ…”“သြော်…ဒါဆိုမောင်ကျောင်းသားကဘွားဆီကိုအလည်ရောက်လာတာပေါ့”“ဟီး…ဟုတ်တယ်ဗျ…ကျုပ် လည်းဘွားဆီကိုမရောက်တာကြာပြီလေ…နောက်ပြီး ပြောစရာလည်းရှိလို့ပါ…”“အလိုလေး…ဘာတွေများပြောချင်တာလဲမောင်ကျောင်းသားရဲ့”“ကျုပ်ဖြင့် ကိုကြီးမောင်တိုးတို့ကိုအားကျတယ်ဗျာ…သူတို့ဆိုဘွားသွားလေရာကိုလိုက်ရပြီး…ဗဟုသုတလည်းအစုံရကြတယ်လေ…ဒါကြောင့် ဘွားတို့ဒီတစ်ခေါက်ခရီးသွားရင်ကျုပ်လည်းလိုက်ချင်တယ်ဗျာ…”ဟု…ဘုန်းကြီးကျောင်းသားငသွင်က ပြောသည်။“မောင်ကျောင်းသားလိုက်ချင်တာကဟုတ်ပါပြီ…ဆရာတော်ဘုရားနဲ့ကပ္ပိယကြီးတို့ကရောခွင့်ပြုပါ့မလားကွဲ့…”“ဆရာတော်နဲ့ကပ္ပိယကြီးကဘွားပြောပေးရင်ရပါတယ်ဗျ…တကယ်ပြောတာပါဗျာ…ကျုပ်လိုက်ချင်လို့ခေါ်ပါဘွားရယ်”ဟု…ငသွင်တစ်ယောက်ဘွားမယ်စိန်ကိုအပူကပ်လေသည်။ဘွားမယ်စိန်ကခေါင်းလည်းမညိတ်ခေါင်းလည်းမခါ…စဉ်းစားနေဟန်ရသည်။မီးဖိုထဲမှထွက်လာသောဒေါ်ဝင်းက…“အမေရယ်…ဒီကောင်လေးအတော်လိုက်ချင်နေပုံရပါတယ်…ခရီးသွားဖြစ်ရင်တစ်ခါလောက်တော့ခေါ်သွားပေးလိုက်ပါ…”ဟု…ဒေါ်ဝင်းကငသွင့်ဘက်မှဝင်ကူကာပြောပေးလေတော့…“အင်း…အမေလည်းစဉ်းစားနေတာ…သူကငယ်သေးတော့…ဖြစ်ပါ့မလားအေ…”“အို…အမေရယ်…သူ့အစ်ကိုတွေလည်းပါနေတာပဲဟာ…ဟိုနှစ်ကောင်ထိန်းပါလိမ့်မယ်တော်…”“အင်း…အေးလေ…ခရီးသွားဖြစ်ရင်တော့ခေါ်ကြည့်တာပေါ့”ဟု…ဘွားမယ်စိန်ကပြောတော့ငသွင်အတော်ပျော်သွားသည်။ဒေါ်ဝင်းလည်းငသွင်ပျော်တာကိုကြည့်ပြီးပြုံးသွားလေသည်။ထိုအချိန်…“ဘွားမယ်စိန်ရှိလားခင်ဗျ…”ဟုသောခေါ်သံကိုကြားလိုက်ရပြန်သည်။“ရှိတယ်ဟေ့…ဝိုင်းထဲဝင်ခဲ့”ဒေါ်ဝင်းကပြန်ဖြေလိုက်တော့ခြံဝိုင်းထဲကိုလူနှစ်ယောက်ဝင်လာခဲ့သည်။“သြော်…ဧည့်သည်တွေပဲ…”ဒေါ်ဝင်းကလူစိမ်းနှစ်ယောက်ကို မြင်တော့အံ့သြသွားသည်။ထိုလူနှစ်ယောက်ကို ကွပ်ပျစ်ခင်း၌ဝင်ထိုင်စေ၏။အသက်သုံးဆယ်ကျော်ယောကျာ်းနှစ်ဦးသည်သူတို့ခေါင်း၌ဆောင်းထားသောဝါးခမောက်များကိုချွတ်လိုက်၏။“ဘွားမယ်စိန်ဆိုတာ…ဟောသည်ကအမေကြီးလားခင်ဗျ”ဘွားမယ်စိန်ကိုကြည့်ရင်းမေးလိုက်တော့ဘွားမယ်စိန်ကခေါင်းညိတ်၍…“ဟုတ်ပါတယ်…ဘွားကမောင်ရင်တို့ပြောတဲ့ဘွားမယ်စိန်ပါ…ဒါနဲ့မောင်ရင်တို့က ဘယ်ရွာကနေများ လာကြတာလဲကွဲ့”ဟုပြန်မေးလေတော့ …“ကျုပ်နာမည်က လူအေးပါ…ဟောသည်ကတော့ကျုပ်ညီတစ်ဝမ်းကွဲ…စိန်လုံးလို့ခေါ်ပါတယ်…ကျုပ်တို့ကသဲကုန်းရွာကလာကြတာပါ…”“သဲကုန်းရွာ…အင်း…ဒီရွာနာမည်ကိုတော့ဘွားမကြားဖူးသေးဘူးကွဲ့”“ဟုတ်ကဲ့…ကျုပ်တို့လည်း အခက်အခဲကြုံမှဘွားအကြောင်းတွေသိခဲ့ရတာပါခင်ဗျာ…”“ဟေ…မောင်ရင်တို့မှာ…ဘယ်လိုအခက်အခဲများကြုံလို့လဲကွဲ့…”ဘွားမယ်စိန်မေးတော့ ကိုလူအေးနှင့်ကိုစိန်လုံးတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ကိုလူအေးမှ…“ကျုပ်ပြောပါ့မယ်…ဒီလိုပါအမေကြီး…အခုလိုမျိုးကျုပ်တို့ရွာမှာတစ်ခါမှမဖြစ်ခဲ့ဖူးပါဘူးအမေကြီးရယ်…”ဟု…အစချီပြီးပြောပြလေတော့သည်။သဲကုန်းရွာ….သဲကုန်းရွာသည်အေးချမ်းသောရွာတစ်ရွာဟုဆိုရပေမည်။ရွာသူ၊ရွာသားတို့သည် ရွာအရှေ့ဘက်၌ချောင်းကိုအမှီပြု၍ဖားရှာ…ငါးရှာ ၍အသက်မွေးကြသလို…လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသူများလည်းရှိပေသည်။အေးချမ်းလှသောသဲကုန်းရွာလေးအားမွှေနှောက်မည့်မုန်တိုင်းတစ်ခုရောက်လာမည်ကိုတော့မည်သူမှကြိုမသိခဲ့ပေ။ညနေ နေဝင်ရီတရောအချိန်မှစ၍…ရွာထဲရှိအိမ်တိုင်းအလိုလိုတွင်နွားများ၊ခွေးများမှာဂဏှာမငြိမ်ဖြစ်နေခဲ့သည်။ခွေးတွေကတအီအီဖြစ်နေသလို…နွားများကလည်းနှာတဖူးဖူးမှုတ်နေကြ၏။“ဟဲ့ခွေး…ဘာဖြစ်နေတာလဲ…မောင်းကြစမ်းပါဟဲ့”ခွေးတွေကိုအော်ကြ…မောင်းကြပေမယ့်…ခွေးများကတစ်စုံတစ်ခုကိုကြောက်နေဟန်ဖြင့်တစ်ကိုယ်လုံးတုန်ရီပြီးလူတွေမောင်းထုတ်သည်ကိုပင်မရ။ညသန်းခေါင်သို့ရောက်လာတော့…“ဂီးးးးးးဂီးးးးးးးဂီးးးးးးးးးးးဂီးးးးးးးးးးးး”ငှက်ဆိုးတစ်ကောင်သည် အိမ်တစ်အိမ်၏ခေါင်မိုးပေါ်၌ တဂီးဂီးအော်သံပေးပြီး နားနေခဲ့သည်။ငှက်ဆိုးအော်သောထိုအိမ်၌ နောက်တစ်နေ့နံနက်တွင်အိမ်ရှိလူတစ်ယောက်သေဆုံးသွားခဲ့လေသည်။အကြောင်းအရင်းမရှိသေဆုံးသွားခြင်းကြောင့်မိဘဆွေမျိုးများမှာလက်မခံနိုင်ဘဲသေဆုံးသူအတွက်ယူကျုံးမရငိုယိုနေခဲ့ကြသည်။တစ်ပတ်မျှကြာလေတော့ …

Uncategorized

ဘွားမယ်စိန်နှင့်မယားကိုစွဲလမ်း၍မကျွတ်လွတ်သူ (စဆုံး)

—–%%%—-ကံဇာတ်ဆရာ၏အလိုကျရာသီသည်နွေမှ…မိုး၊မိုးမှဆောင်းသို့ပြောင်းလဲနေရင်း ယခုနွေရာသီသို့တရွေ့ရွေ့ပြောင်းလဲနေသည်။” မိချို…မိချိုရေ…”တဲပြင်မှခေါ်သံကြောင့် မိချို တစ်ယောက်မီးဖိုချောင်ထဲမှချက်လက်စဟင်းအိုးကိုအသာချရင်း…“ဗျို့…ဘယ်သူတုန်း.. လာပြီတော်ရေ…လာပြီ”တဲအပြင်သို့ထွက်ဖို့ပြင်ဆင်ရင်းမှပင် မိချိုသည်သူ၏ ထဘီအားခပ်တင်းတင်းပြင်ဝတ်လိုက်ပြန်၏။“ဟော…ဘယ်သူများလဲလို့ ငအောင်ကို…”မိချို တဲအပြင်မှလူကို မေးလိုက်လေတော့ ထိုလူကအလောတကြီးဟန်ဖြင့်…“နင့်ယောကျာ်းမောင်ခင်လေ…မောင်ခင် ထန်းပင်ပေါ်ကပြုတ်ကျလို့ဟ”“ဟင်…ငါ့ယောကျာ်း…ငါ့ယာကျာ်း ထန်းပင်ပေါ်ကပြုတ်ကျတယ် ဟုတ်လား”“ဟုတ်တယ်…ထန်းတောထဲ ထန်းတက်နေရင်း ခြေချော်ပြုတ်ကျတာဟ…ဟိုမှာလူတွေလည်းအုံပြီးပြုစုပေးနေကြတယ်…ငါကနင်သိအောင်လာပြောတာ”“အမလေး…လေး….ကျုပ်ယောကျာ်း ဘာမှမဖြစ်ပါစေနဲ့”“ဟဲ့…မိချို…ဟဲ့”မိချိုတစ်ယောက် ထန်းတောဆီသို့အပြေးထွက်သွားတော့သည်။မိချိုထန်းတောသို့ရောက်တော့ လူများဝိုင်းအုံနေသည့်နေရာအားတွေ့သွား၏။မိချို ထိုလူများကို တိုးဝှေ့ကာဖြင့်…“ဟင်…ကိုမောင်ခင်…ကိုမောင်ခင်…ယောကျာ်း…အမလေးလေး…ကျုပ်ယောကျာ်းကိုမကယ်နိုင်ကြတော့ဘူးလား…..အီးးးး….ဟီးးးး….ဟီးးးး….ဟီးးး….”” မိချို…ညည်းယောကျာ်းအမြင့်ကကျပြီးဆုံးသွားရှာပြီအေ့…ငါတို့လည်းဘာမှမတတ်နိုင်ပါဘူးမိချိုရယ်…”“စိတ်မကောင်းလိုက်တာကွာ…မောင်ခင်ရာ မင်းလည်းအဖြစ်ဆိုးပါ့ကွာ”အနီးရှိကြည့်ရှုနေကြသူများသည် အဖြစ်ဆိုးရှာသော …

Uncategorized

ဘွဲ့ရနှင့် ငါးစိမ်းသည်

“ဘွဲ့ရနှင့် ငါးစိမ်းသည်”Credit: ဆရာတင်ညွန့်ယနေ့မနက် ငါးကြော်လေး စားချင်လာသဖြင့် ဈေးထဲကို ငါးဝယ်ရန် ရောက်လာသည်။ကျွန်တော် ဝယ်နေကျ ငါးဆိုင်ရှိသည်။ငါးကြင်း တစ်မျိုးတည်း ရောင်းပြီး ဖော်ရွေသည်။ဝယ်သူအကြိုက် မညည်းမညူ လုပ်ပေးလေ့ရှိသည်။ငါးရောင်းသူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။ငါးစိမ်းသည် ဆိုသည်မှာ စွာတာတာ၊ကက်ကက်လန်၊မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော် ငါးဝယ်သည့်ဆိုင်မှ “မရွှေ” ကို ခေါ်ပြချင်ပါသည်။“ဦးလေး …

Uncategorized

အောင်မြတ်သာနှင့်မောင်းတစ်လုံးတောင်

  °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°#စာရေးဆရာ -ဇေယန(ရာမည)နှစ်ပေါင်းများစွာမပြုပြင်ပဲထားခဲ့တဲ့ တန်ဆောင်းတစ်ခုအတွင်းကနေ ဖယောင်းတိုင်မီးအလင်းရောင် မှိန်ပြပြက သူ့အထွာနဲ့သူအလင်းဓါတ်ကိုပေးနေခဲ့တယ်။ ဖယောင်းတိုင်မီးအလင်းရောင်ကြောင့် အမှောင်ထုကိုခိုပြီး တွယ်ကပ်နေကြတဲ့ လင်းနို့တွေရဲ့အော်မြည်သံကလဲ တိတ်ဆိတ်တဲ့ညအချိန်အခါမှာ ရံဖန်ရံခါထွက်ပေါ်လာခဲ့တယ်။လူရိပ်လူခြေမရှိ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ တန်ဆောင်းထဲမှာတော့ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်ကငြိမ်သက်စွာထိုင်ပြီး သမထကိုမြင့်သထက်မြင့်အောင် အားထုတ်နေခဲ့ရာ ခန္ဓာကိုယ်မှာရှိတဲ့မွှေးညှင်းနုလေးတွေရဲ့လှုပ်ရှားမှုကအစ သတိထားမိလာတဲ့အဆင့်ထိရောက်လာခဲ့တယ်။ အဲဒီအချိန် …“ တရားဖြုတ်ပြီးတာနဲ့ တောင်ဘက်စူးစူးကိုသွားပါ… ထမင်းအိုးသုံးလုံးချက်လောက်သွားပြီးတာနဲ့ အုတ်ကျိုးအပျက်တွေအတိဖြစ်နေတဲ့စေတီပျက်တစ်ဆူကိုမြင်ရလိမ့်မယ်၊ …

Uncategorized

အောင်မြတ်သာနှင့်ငွေယားသိုက်

“ ချွင် ချလွင် ချလွင်…..”နဂါးကြီးတစ်ကောင်အိပ်ပျော်သလိုဖြစ်နေတဲ့ တောင်တန်းပေါ်ကနေထွက်ပေါ်လာတဲ့အသံကြောင့် စင်္ကြန်လျောက်နေတဲ့ အောင်မြတ်သာရဲ့ခြေလှမ်းတွေရပ်တန့်သွားသလို အိပ်ဖို့ပြင်နေကြတဲ့ သက်ခိုင်နဲ့ တောက်ရတို့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။“ ဆရာ တောင်တန်းပေါ်မှာ မြည်နေတဲ့အသံတွေကြားတယ်မဟုတ်လား… အဲဒါ ဘာအသံတွေလဲဟင်”သက်ခိုင်စကားကြောင့် အောင်မြတ်သာက လက်ထဲမှာကိုင်ထားတဲ့ ပုတီးစိပ်ကို လည်ပင်းမှာဆွဲလိုက်ပြီး“ နှစ်ပေါင်းများစွာကြာမှ တစ်ခါဖွင့်တဲ့ ငွေယားသိုက်ဆီကနေ ထွက်လာတဲ့အသံတွေဖြစ်မယ်ထင်တယ်”“ …

Uncategorized

“အောင်မြတ်သာနှင့်စပါးကျီစောင့်သရဲ”

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°#စာရေးဆရာ -ဇေယန(ရာမည)ဘေးပတ်ပတ်လည် လယ်ကွင်းတွေနဲ့ဝန်းရံထားတဲ့ ဇရပ်ကွင်းရွာလေးကတော့ နေရောင်ပျောက်တာနဲ့ လုံးဝကိုငြိမ်သက်သွားခဲ့တယ်။ လယ်ကွင်းပြင်တွေဘက်ကနေ အော်ဟစ်နေတဲ့ ပိုးကောင်ငယ်လေးတွေရဲ့အသံ၊ တစ်စွန်းတစ်စ ထွက်ပေါ်လာတဲ့ ခွေးအူသံတွေကလွဲလို့ တစ်ရွာလုံးတိတ်ဆိတ်နေခဲ့တယ်။ အဲဒီအချိန် ရွာအပြင် ထန်းတောဘက်ကနေ စွဲစွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံတွေနဲ့အတူ မြင်းခွါသံအချို့ကိုကြားလိုက်ရတယ်။“ မြင်း…မြင်းခွါသံတွေ ကြားရလား… အမေ ဓါးမြတွေဝင်ပြန်ပီနဲ့တူတယ်”“ ဟဲ့ မိပိန် စကားများမနေနဲ့ …

Uncategorized

အောင်မြတ်သာနှင့်အိမ်အိုအောက်ကငိုညဉ်းသံ

“တိုက်နီနီအောက်မှာ ငါ့ကိုမြုပ်ထားတယ်…ကယ်ကြပါဦး.. ငါ့ကိုကယ်ကြပါဦး” ဆိုတဲ့အသံက တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့နားထဲကို စူးရှစွာဝင်ရောက်လာခဲ့တယ်။အောင်မြတ်သာနည်းတူ အင်းစမတွေရေးဆွဲနေတဲ့ သက်ခိုင်နဲ့တောက်ရတို့မျက်နှာမှာလဲ အံ့ဩမှုတွေကအထင်းသား။ညနှစ်ချက်တီးအချိန်လောက်ရောက်တော့ တရားဖြုတ်ပြီးထလာတဲ့အောင်မြတ်သာက“ မင်းတို့ဆွဲထားတဲ့အင်းတွေအကုန်သုံးမရဖြစ်တာရောသိကြလား”“ ဗျာ ဘယ်လို သုံးမရတာလဲဆရာ”“ ခုနက မင်းတို့အာရုံထဲမှာ မိန်းမတစ်ယောက်ရဲ့ စူးစူးဝါးဝါးအော်သံကိုကြားမိခဲ့တယ်မဟုတ်လား”“ ဟုတ်ပါတယ်ဆရာ ကြားမိပါတယ်”“ အေး အဲဒီအချိန် မင်းတို့စီရင်နေတဲ့အင်းရဲ့ဘောင်ကို တားနေချိန်မဟုတ်လား”“ …