အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်
#စာရေးဆရာ -ဇေယန(ရာမည)အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးဆက်လာရင်း ထုံးကျောက်တောင်တွေ ထူထပ်စွာတည်ရှိနေတဲ့ ထုံးကျောက်ရွာဘက်ကို ရောက်လာခဲ့တယ်။ တောင်တွေက ရွာပတ်ပတ်လည်မှာနေရာယူထားတဲ့အတွက် ထုံးကျောက်ရွာက ဒယ်အိုးပုံစံလိုဖြစ်နေပြီး မိုးတွင်းကာလတွေဆိုရင် ရေကြီးမှုဒဏ်ကိုအမြဲတမ်းလိုလိုခံခဲ့ကြရတယ်။ ဒါကြောင့် ရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းမှာ လက်လှော်လှေလေးတွေရှိတတ်ကြတယ်။အောင်မြတ်သာတို့ရွာကိုရောက်တဲ့နေ့မှာပဲ တစ်ရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်နေပြီး ပစ္စည်းတွေကိုသယ်ယူနေကြတာမြင်လိုက်ရတယ်။ လူတွေရဲ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပေါ်လွင်နေတဲ့အတွက် အောင်မြတ်သာက ဘာအရေးကိစ္စများဖြစ်လဲဆိုပြီး မေးဖို့အလုပ် ရွာအရှေ့ဘက် တောင်ကြောကနေ …