ဝဋ် (စ-ဆုံး)
ဦးကောင်းထွန်း၊ဒေါ်မြခင်တို့မှာ သားသမီး သုံးယောက်ထွန်းကားတယ်။ ဦးကောင်းထွန်းက ကိုယ်ပိုင်ဆိုက္ကားကိုကိုယ်တိုင်နင်းတယ်။ သန်တုန်း၊ မြန်တုန်းပါပဲ။ဒေါ်မြခင်က သမီးကြီးနှစ်ယောက်အတူ အိမ်မှာကုန်စုံဆိုင်လေးဖွင့်ရောင်းတယ်။ဒီတော့ အသင့်အတင့် အဆင်ပြေကြတယ်။သားငယ် အောင်မြင့်မြတ် အကြောင်းပြောချင်တာပါ။သူက မွေးကတည်းက ထူးခြားတယ်။ခေါင်းကြီးကိုယ်သေးသေးပါ။ခေါင်းက ဘယ်လောက်ကြီးသလဲဆိုရင်ခန္ဓာကိုယ်နဲ့မမျှ ကြီးလွန်းလို့ မွေးကတည်းကယခု(၁၂)နှစ်သား အရွယ်ထိ အိပ်ယာထဲမှာလဲနေရတာပါပဲ။ဒီလောက်ကြီးမားတဲ့ ခေါင်းကြီးကို ခန္ဓာကိုယ်ကထိန်းမထားနိုင်တဲ့အတွက် မထိုင်နိုင်၊ မရပ်နိုင်၊မလျှောက်နိုင် ဖြစ်နေပါတယ်။အသက်သာ …