ရေနက်ကြီးရွာမှ ကျားသောင်းကျန်း
လေးမောင်ရေနက်ကြီးရွာမှ ကျားသောင်းကျန်းရန်ကုန် မန္တလေး အမှတ် (၃) အမြန်လမ်းမကြီးသည် ပဲခူးရိုးမကြီး အတွင်းပိုင်းဆီသို့ တဖြောင့်တည်း တိုးဝင်သွားသလို ဟိုမှာဘက် မရမ်းချောင်းကျေးရွာနှင့် သည်မှာဘက် ဥတိုကျေးရွာတို့အကြား တိုးဝင်ကာ ရေနက်ကြီးကျေးရွာကို ကျော်လျက် မြွေကြီးတစ်ကောင် ဆန့်တန်းကာ မလှုပ်မယှက် အိပ်ပျော်နေသယောင်။ထိုရေနက်ကြီးကျေးရွာဆီမှ ဟိုမှာဘက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ပါလျှင် မဟူရာတောင်ကြီးနှင့် စိန်တောင်ကြီးတို့နှင့် …