August 1, 2025

ခြေရာနှင့် သားကောင်

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)ခြေရာနှင့် သားကောင်ဤဖော်ပြပါ အဖြစ်အပျက်သည် ကျွန်တော်၏ မုဆိုးနယ်မြေမှ အတွေ့အကြုံများအနက် သတ္တဝါလောက၏ ထူးဆန်းအံ့ဩဘွယ်ရာ ဖြစ်ရပ်ဆန်းတခုကို မှတ်တမ်းတင်ရစ်ခဲ့စေ၏။အစကနဦးက ကျွန်တော်ကိုယ်တိုင်၌ပင် ဖော်ပြပါဖြစ်ရပ်ကို ယုံကြည်ရန် ခဲယဉ်းခဲ့၏။ အကောင်အထည်နှင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရမှ သတ္တဝါလောက၏ ဆန်းကြယ်အံ့ဩစရာ အကြောင်းအရင်းကို လက်ခံကာ အင်မတန်ရှားပါးလှသော ထိုသတ္တဝါကောင်၏ ဖြစ်ရပ်ကို …

မျှင်

သောင်းမြင့်ဦး(ကွမ်းခြံကုန်း)မျှင်နောက်နှစ်ရက်ခန့်နေလျှင် ကောက်လှိုင်းတိုက်ရန် လှည်းဆင်ရတော့မည်။ဘီးဝင်ရိုး၊ ဇင်တုံးနှင့် လှည်းသန်၊ လှည်းအိမ်၊ ထမ်းပိုးတို့အားလုံး ကောင်းသဖြင့် ဘီးနှစ်ဘီးတွင် ဝင်ရိုးတပ် နားစောင့်သပ်ရိုက်သည်။ ဝင်ရိုးအပေါ်တွင် လှည်းသန်ကိုတင်၍ မရွေ့စေရန် လှည်းသန်ပေါက်နှင့် ဝင်ရိုးကို သပ်ရိုက်ထိန်းရသည်။နောက် လှည်းသန်ပေါ်တွင် လှည်းအိမ်တင်ရန် “ဇင် တုံး” ခေါ် သစ်သားတုံးကို ဝင်ရိုးနှင့်အပြိုင် တင်၍ …

ငူသား ချိုးသား တစ်ဟင်းစား

မန္တလာသားငူသား ချိုးသား တစ်ဟင်းစား“ဝါဆို ဝါခေါင်၊ ရေဖောင်ဖောင်” ဟူသော စာဆိုနဲ့အညီ “ပန်းလောင်မြစ်”ကြောတစ်လျှောက်မှာလည်း ရေများက ကမ်းပြည့်ကမ်းလျှံ ပေါင်းလန်ပြီး ဘေးဘက်ဝဲယာ စိုက်ပျိုးရေးခြံများထဲသို့ပင် ဒူးဆစ်ပေါင်လယ်အထိ ဝင်နေကြပေပြီ။ပန်းလောင်မြစ်ကမ်းနဖူးတွင် တည်ရှိသော တဘက်ဆွဲကျေးရွာကလေးတွင်လည်း အနိမ့်ပိုင်းများတွင်ရေများဝင်နေကြပြီဟု သတင်းအတိအကျပေးလာသည်။သတင်းရပြီး နောက်တစ်ရက်မှာပင် တဘက်ဆွဲရွာသို့ ဆိုင်ကယ်များနှင့် ကျွန်တော်တို့အဖွဲ့ ရောက်သွားကြသည်။ ကျွန်တော်တို့အပြင် …

အောင်မြတ်သာနှင့်ကိုအောင်နိုင်နတ်

အောင်မြတ်သာနှင့်ကိုအောင်နိုင်နတ်+++++++++++++++++++++++++“ ကိုအေးကျော်… ဗျို့ ကို‌အေးကျော်”“ ဟေ.. ဘာတုန်းကွ”“ လမ်း‌ဖောက်ဖို့ဆိုရင် ရှေ့က မြေကမူကို ဖြိုမှအဆင်ပြေမယ်”“ ဖြိုရမယ်ဆိုလဲ ဖြိုပေါ့ကွာ၊ ဘယ်တတ်နိုင်မလဲ၊ မင်းအလုပ်သမားတွေရော အားရဲ့လား”“ ရတယ်ဗျ… ထမင်းစားပြီးတာနဲ့ ဖြိုခိုင်းလိုက်မယ်”လမ်းအလုပ်သမားခေါင်းဆောင် မောင်ဖိုးထွန်းက ထမင်းစားနားနေကြတဲ့အလုပ်သမားတွေဆီ ထွက်သွားတော့ ကိုအေးကျော်လဲ ကျောက်စီနေတဲ့ ဘက်ကိုထွက်လာခဲ့လိုက်တယ်။ကိုအေးကျော်က ကျေးရွာချင်းဆက်လမ်းတွေကို …

မာန​၏ သားကောင်များ

အောင်နိုင် (တက္ကသိုလ်)မာန​၏ သားကောင်များ“ဘာမပိုင် တာဝေလို ငှပြန်တော့ ရာဇဂြိုဟ် သာကေတငယ်နဲ့ ဗာရာဏရယ်တဲ့ ဟဲ့ တက္ကသိုလ် ဟို ဟို ၊ အညီတွေးလိုက်ပြန်တော့ ဒီလေးပြည် ဗဟိုအလယ်တင့် ခို စဖွယ် ထိုဝယ် ခရီးမှာတော့၊ မှောင်စိုစို ညောင်ညိုကြီးရယ်ကွယ်၊ ထီးထီးဟီး ဖြန့်သလို ဟို …

မိုးမခပင်အောက်က မိုးသောက်ယံ

ပုသိမ်ရန်နောင်စိုးမိုးမခပင်အောက်က မိုးသောက်ယံ“အဘိုး … အဘိုး … အဘိုး … အဘိုး”စူးစူးဝါးဝါး ကျယ်ကျယ်လောင်လောင် အော်ဟစ် အဘိုးတလိုက်သည့် အသံကြောင့် ဦးထိပ်သီးတစ်ယောက် သူ့ဘဝ၏ ငယ်စဉ်က အခန်းဆက် တံငါ ဇာတ်လမ်းတွဲများမှာ ရုတ်ခြည်းပင် ပျောက်ကွယ်သွားတော့သည်။စိတ်တိုသလို ဖြစ်သွားပြီး ငါနှင့်ပင် ကလော်တုတ်ချင်စိတ် ပေါက်သွားသည်။ သို့သော်လည်း …

မုဆိုးနှင့် ကျုးကျော်သူ

#ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)မုဆိုးနှင့် ကျုးကျော်သူလေပြေကလေးက သုတ်သွေးလိုက်ပြီးနောက် ကျွန်းရွက်ဟောင်းတွေက ရှဲကနဲ မြေပေါ်သို့ ကျလာလေတော့၏။အကာအကွယ်လွတ်နေသော ကျွန်တော်၏ ဇက်ပိုးပိုင်းနှင့် မျက်နှာပြင်တဝိုက်ဆီသို့ လေပြေကလေးအတွင်းမှ အအေးဓါတ်တွေက မဆိုင်းမတွပင် အေးစက်သော ဝေဒနာကို ဖန်းတီးပေးလိုက်၏။ဟေမန်ရာသီ၏ တန်ခိုးအာဏာ မကုန်သော တပို့တွဲလ၏ နံနက်ခင်းကာလပင် ဖြစ်ပေ၏။ မြို့ကြီးပြကြီးများတွင် တပို့တွဲလမှာ အချမ်းပေါ့စေမည် ဖြစ်သော်လည်း …

အမြတ်ဆုံး ရတနာ

လင်းယုန်သစ်လွင်အမြတ်ဆုံး ရတနာမနန်းအိမ်သည် ကမ်းနဖူးထိပ်တွင် ရပ်လျက် မြစ်ပြင်ကျယ်ကြီးအား လှမ်းမျှော်၍ ကြည့်လေ၏။အပြောကျယ်သော ဧရာဝတီမြစ်ရေပြင်ကြီးသည် ငွေသင်ဖြူးကို ဖြန့်ခင်းထားသည့်နှယ် ရှိနေ၏။ လေငြိမ်၍ မိုးသက်ကင်းသည့်အခါ မြစ်မင်းဧရာသည် ပကတိတည်ငြိမ်သောအသွင်ဖြင့် တငြင်ငြင် တငြိမ့်ငြိမ့် တသိမ့်သိမ့် စီးဆင်းလျက် ရှိနေ၏။ကမ်းနဖူးထိပ်မှ ရပ်နေသော မနန်းအိမ်သည် မျက်စိတဆုံးဖြစ်သော မြစ်ပြင်ကျယ်ကြီး၏ ရေညာဘက်ဆီသို့ …

မြိုင်တောအလယ်မှာ

ရွှေဘိုစောလွင်မြိုင်တောအလယ်မှာ(၁)မြေက်လေတစ်ချက် ဝှေ့လိုက်သဖြင့် သစ်ကိုင်းသစ်ခက်များ သိမ့်ခနဲ လှုပ်ရှားသွားသည်။လေထဲတွင် အအေးဓာတ်က ရောပါလာ၍ ကျောရိုးတစ်လျောက် စိမ့်တက်သွားသလို ခံစားလိုက်ရ၏။သည်လို ဆောင်း၏ အအေးဒဏ်ကို ခံနေကျမို့ စောထွန်းကျော် သိပ်မဖြုံလှ။နေဝန်းက တရိပ်ရိပ် မြင့်တက်လာနေပေမယ့် အအေးဓာတ်ကတော့ တောတစ်ခွင်လုံး စိုးမိုးနေဆဲ။ နေရောင်ခြည် မပက်ဖျန်းနိုင်သည့် နေရာများ၌ ငွေနှင်းရည်စက်တွေက သစ်ရွက်ဖားဖားကြီးတွေပေါ်ဝယ် …

ဆင်ညီနောင်

ခင်မောင်အေး (မန္တလေး)ဆင်ညီနောင်(၁)ဆောင်းဦးပေါက်ကာလ ဖြစ်သည်။တောင်ပေါ်တွင် ဝါးရွက်များ ခြောက်လာနေပြီ။ မိုးကာလက စိမ်းစိုညိုမှောင်လျက်ရှိသည့် သစ်တောသည် ရွက်ခြောက်များကြောင့် အဝါရောင်သမ်းလာနေပြီ ဖြစ်ပါသည်။မိုးမိတ်ဒေသလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသော ကျွန်တော့်ထံသို့ မဘိန်းသစ်ထုတ်ရေးဒေသ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် လက်ထောက်မန်နေဂျာ ဦးကျော်တင့် ရောက်ရှိလာသည်။ကျွန်တော်တို့နှစ်ယောက်က တစ်ဦးနှင့် တစ်ဦး ညီအစ်ကိုရင်းမျှမက ချစ်ခင်ရင်းနှီးကြသူတို့ဖြစ်၏။ တစ်ဦးအကျိုး တစ်ဦး ကြည့်ရှုကျေးဇူးပြုခဲ့ကြသူ …