August 2, 2025

အသပြာမုဆိုး

ချင်းမောင်လေး(ထမံသီမြေ)အသပြာမုဆိုး“ဒီလိုလုပ်တော့ ဒီလိုပဲ ခံရမှာပေါ့”“ခံခဲ့ရဖို့အချိန်တောင် အတော်နောက်ကျခဲ့တာ သူ့ကံပဲ”လူအများက သေဆုံးသူ ဦးလေးအား ပြစ်တင်ပြော ဆိုကြသည်။ ကျွန်တော် အပြစ်မတင်မိ။ မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးသွားခဲ့သော ဦးလေးအတွက် ကျွန်တော် ဝမ်းမနည်းမိသည်မှာ အကြောင်းရှိသည်။ကျွန်တော့် ဦးလေး ဦးရှင်းမာန်သည် တောကောင်ပစ် မုဆိုးတစ်ယောက်ဖြစ်သည်။ ရိုးသားသော မုဆိုးကျော်ဘဝမှ မရိုးသားသော …

ဝက်ထောင်ကျုံး

မင်းဟိန်းထိဝ်ဝက်ထောင်ကျုံးတန်ဆောင်မုန်းလတွင် ဖြစ်သည်။မောင်အေးချမ်းသည် အဖေ အမွေဆက်ထားခဲ့သော တောင်ယာကို ဦးစီးလုပ်ကိုင်နေရ၏။ တောင်ယာသည် တောရိုင်းမြေဖြစ်၍ အသီးအနှံထွန်းသောကြောင့် အထိုက်အလျောက် အကျိုးဖြစ်ထွန်းသည်။ မြိုးမြိုးမြက်မြက် ရလိုက်သည်ဟု ဆိုနိုင်သည်။ပြောင်း နှစ်ဧကတွင် ငွေတစ်အောင်ခန့် စုမိပြီး စပါးတစ်ကွက်တွင်လည်း တင်းရှစ်ဆယ်ခန့် ရသည်။ ဤ မျှရလျှင် တောင်ယာလုပ်သားတစ်ယောက်အဖို့ အကျိုးရှိသည်ဟု ဆိုနိုင်သည်။တောင်ယာဟူသည်မှာ …

ချောင်းရေဖွေးဖွေး မိုးအေးအေး

တွင်းကြီးသားတင်ဝင်းဦးချောင်းရေဖွေးဖွေး မိုးအေးအေးထက်ကောင်းကင်သည် ပြာပြာမှိုင်းမှိုင်း။ပါးလွှာသော တိမ်ပါးတို့သည် ပြေးလွှားနေရာမှ ထက်အာကာကို လွှမ်းခြုံထားလိုက်ကြချေပြီ။တောင်လေက ခပ်ညင်းညင်းတိုက်နေသည်။မိုးရနံ့က မနေ့ကအတိုင်း မွှေးမြမြ။နေမင်းသည် တိမ်ယံတို့အကြား ကွယ်ပုန်းနေပြီ။ရိုးပြတ်ချောင်း၏ သည်ဘက်ရှိ ရိုးပြတ်ကွင်းထဲတွင် ထွန်ယက်နေကြချေပြီ။မနေ့က မိုးရွာခဲ့သည်။ နှစ်နာရီကျော်ကြာ ရွာခဲ့သောမိုးက အနှစ်ပါသည်။ ရွာပေါ် မှာရော ရိုးပြတ်ကွင်းမှာပါ ရေတွေအပြည့်။ ရိုးပြတ်ကွင်း ရေပြည့်ပြီဆိုသောအခါ …

တောပြောင်းသောကျားနှင့် ကျားနက်

မြဝဇီတောပြောင်းသောကျားနှင့် ကျားနက်(၁)ထန်ပုတို့ ချင်းရွာကလေးသည် မျှင်ဝါးတောင်နှင့် တောင်ညိုကြားမှ တောင်ကြောပေါ်တွင် တည်ထားသည့် ရွာကလေးဖြစ်၏။ရွာအမည်မှာ “ဟိုက်ခါး” ဖြစ်သည်။ ထန်ပုတို့ရွာတွင် ယခုတလော ကြက်နှင့် ခွေးများ အဆက်မပြတ် ပျောက်နေ၏။နတ်စားရန်ထားသော ထန်ပု၏ ခွေးကြီးတကောင်မှာလည်း ညဉ့်သန်းခေါင်ယံအချိန်တွင် ပျောက်သွားလေသည်။ထို့ကြောင့် ဒူးလေးကြီးများနှင့် စောင့်ကြည့်ကြ၏။ ရွာစည်းရိုးကိုကျော်ကာ မည်းမည်းကြီးသုံးကောင် ခုန်ဝင်လာ၏။ …

ကျားမ၏ ရန်ငြိုး

ဗိုလ်လုံကျားမ၏ ရန်ငြိုးကျား၊ ခြင်္သေ့နှင့် ကျားသစ်တို့သည် တော၏ အရှင်သခင် ဘုရင်များပင် ဖြစ်ပါသည်။ကျားသည် အာရှတိုက်ရှိ တောများတွင် ဘုရင်ဖြစ်သကဲ့သို့ ခြင်္သေ့သည် အာဖရိကတိုက်ရှိ တောများတွင် ကြီးစိုးမင်းမူပါသည်။တောတွင်းရှိ မြက်စားသည့် ခြေလေးချောင်းသတ္တဝါများသည် ထိုတောဘုရင်များ၏ အစာဖြစ်ပါသည်။ထို့ကြောင့် သတ္တဝါများသည် ထိုတောဘုရင်များကို အလွန်ကြောက်ကြရပါသည်။ သို့သော်လည်း ထိုတောဘုရင်များသည် တောကောင်များကို …

ပင်လယ်ဆူချိန်

မောင်သော်မော်ပင်လယ်ဆူချိန်အောင်ထွန်းစိန် အနောက်ရပ်သို့ လှမ်းကြည့်သည်။ ရေတက်ရေကျ၌ မျောနေသော ဒိုက်သရောတန်းဆီ အာရုံလွှတ်ထားသည်။ ရှည်ရှည်လျားလျား ခွေခွေကောက်ကောက် ဒိုက်သရောတန်းကြီးမှာ အဏ္ဏဝါလှိုင်းအကြီးများအတွင် ဧရာမမြွေကြီးတစ်ကောင် ကူးခတ်နေဘိသကဲ့သို့ ။အောင်ထွန်းစိန် သောင်ပြင်ဆင်းကာ ကြည့်သည်မှာ ကြာပြီ။ ဇာနားကွပ်ထားသည့်အလား လှိုင်းခေါင်းဖြူများ တရုန်းရုန်းထလျက်ရှိသောကြောင့် ရာသီ ဥတု အပွင့်အလင်းကို ချောင်းရသည်။ကမ်းပေါ် ဆွဲတင်ထားရ၍ …

မြှုံး

မောင်စိုးနွေ(သုံးဆယ်)မြှုံး“အောက် … အီး အီး အွတ်”အတောင်ကို တဖန်းဖန်းရိုက်ပြီး ကျယ်လောင်စွာ တွန်လိုက်သော ကြက်တွန်သံကြောင့် ဖိုးထွန်း အိပ်ရာမှ ဖျတ်ခနဲ နိုးလာသည်။ မိုးလင်းပေတော့မည်။ သည်နေ့ သူ ဘကြီးမြ လယ်ကို ပျိုးနှုတ်လိုက်ရမည်ဆိုသောအသိက သူ့ရင်ကို စိုးမိုးလာ၏။ပြီးတော့ ပျိုးနှုတ်မသွားခင် ခါတိုင်း ဆောင်ရွက်နေကျ သူ့လုပ်ငန်းလေးကိုတော့ …

ကောင်းကင်က ရေသတ္တဝါ

ကျိုက်လတ်မိုးမြင့်ကောင်းကင်က ရေသတ္တဝါဆောင်းဦး၏နံနက်တွင် သွယ်တန်းသည့် အခိုးအငွေ့ ကလေးတွေက ဥယျာဉ်ချောင်း ရေပြင်ပေါ်၌ လူးလွန့်ယှက်သန်းနေ၏။ ရေပြင်သည် လရောင်ဆမ်းထားသဖြင့် မှန်ကူကွက်ဖော်ထားသလို လက်လက်တောက်လှပနေသည်။ပျဉ်းမပင်ရွာကလေးသည် မိုးဘက်လုပ်ငန်းများ ပြီးသွားချိန်ဖြစ်၍ ချောင်းစပ်ကို မေးတင်ကာ အေးအေးလူလူ အိပ်စက်နေချိန်ဖြစ်သည်။ရွာရှိလူအများလည်း နံနက်စောစောထရန် လုပ်ငန်းများ မရှိ၍ ချမ်းချမ်းနှင့် စည်းစိမ်ယူကာ ကွေးနေကြသည်။ထိုအချိန်၌ အခြားသူများလို …

Uncategorized

လူသာလျှင်

မောင်လွမ်းသူလူသာလျှင်တစ်နေ့က မိတ်ဆွေတစ်ဦးနှင့် ဆုံမိ၍ သူက စကားဆန်းတစ်ခု ပြောသည်။“ခင်ဗျားတို့မုဆိုးတွေဟာ ဖဲသမားနဲ့ အတူတူပဲ”“ဟာ… ဘာကြောင့်လဲဗျာ”“ဖဲသမားဟာ သူနိုင်ခဲ့တာတွေပဲ ပြောတတ်တယ်။ ရှုံးခဲ့တာတွေတော့ ထည့်မပြောဘူး။ ခင်ဗျားတို့လဲ အတူတူပဲ။ ဘယ်တုန်းက ဘာကောင်ကြီး ပစ်လို့ ရလိုက်တယ်၊ ဘယ်လို ခက်ခက်ခဲခဲ စွန့်စွန့်စားစား ပစ်လိုက်ရတယ်ဆိုတာပဲ ပြောတတ် ရေးတတတ်တယ်။ …

Uncategorized

ဟေမန္တရင်ခွင်ထဲက ပင်လယ်ပြင်စိုက်ခင်းများ

ကျွန်းစဥ်မြေစောခက်ဟေမန္တရင်ခွင်ထဲက ပင်လယ်ပြင်စိုက်ခင်းများမြောက်ပြန်လေရူးသည် ရိုးတောင်ဦးဆီက အရူးအမူးတိုက်ခတ်နေ၏။ နှင်းငွေ့ နှင်းရည်တို့၏ ယုယမှုကြောင့် မြေလွှာမှီတင်း မြမြက်ခင်းများမှာ ငွေရည်ပုလဲဥများကို ခိုတွဲနားခိုစေ၏။ငပသုန်ရွာ၏ မြစ်ဆိပ်ကမ်းစပ် သဲဖြူတန်းသည် လခြမ်းသဏ္ဌာန် ကွေ့ဝိုက်သွယ်တန်းနေသည်။ တံငါတဲတန်းတစ်လျှောက် ငါးရွှေကျပ်တိုက်စင်အောက် မီးကျီးခဲနီရဲရဲကြီးများသည် ဆောင်းည၏ သဘာဝကို အားဖြည့်ပေးနေသယောင်ရှိချေ၏။“အောက် အီး အီး အွတ်”လင်းကြက်တွန်သံသည် ညဥ့်ယံကိုထိုးဖောက်ပြီး …