August 2, 2025
Uncategorized

ကပိုင်တောက ချေဟောက်သံ

ဖိုးကျော့ကပိုင်တောက ချေဟောက်သံ“ကျော်ဝရေ ဝေး … ကျော်ဝ”“ဗျိုး. … ဘကြီး”“ငါ့လခွေး- ဘကြီး လုပ်မနေနဲ့၊ ရေကျနေပြီဟ”“ဟုတ်ကဲ့၊ ဟုတ်ကဲ့”“အေး- မင်း မြန်မြန်လှေဆိပ်သွားလိုက်၊ လမ်းကြုံတာပဲ ဟိုကောင် ကြီးစိန်ကိုလည်း ဝင်နှိုးသွားပါဦးဟ။ သာအောင်ကြီးကိုတော့ ငါပဲခေါ်သွားလိုက်မယ်ကွ။ ထင်းခုတ်လိုက်မယ်ဆိုတဲ့ ကောင်တွေကလည်း ဝီရိယနည်းပါးလိုက်ကြတာ။ တစ်ယောက်ပြီးတစ်ယောက် ငါပဲ လိုက်နှိုးနေရတယ်”ဖျစ်တောက်ဖျစ်တောက်နှင့် …

Uncategorized

တံငါမုဆိုး

သန်းမြင့်သန်း (ကွမ်းခြံကုန်း)တံငါမုဆိုးသမုဒ္ဒရာဝမ်းတစ်ထွာဆိုကြ၏။ တစ်ထွာဝမ်းရေးအတွက် ရှာဖွေစားသောက်ကြရာတွင် တင်ကျီးတစ်ဝမ်း ဗျိုင်းတစ်ဝမ်း ဟုလည်း ဆိုကြပြန်သည်။ဒညင်းလုံးသည် စူးမှိန်းကိုချိန်ဆရင်း တုံးတိတိတွေးနေမိ၏။ဝမ်းတစ်ထွာမို့သာ တော်ရော့၏။ လူတို့ဝမ်း တစ်တောင်ဆိုလျှင် ခက်ရချည်သေးရဲ့ဟု အတွေးနယ်ချဲ့ နေတော့သည်။လှေဦးတွင် တမူးသည် သီချင်းကလေး တအေးအေးနှင့် ဦးခင်မောင်ကျွန်းသောင်ကလပ်ဆီသို့ မျှော်ကြည့်ရင်း စိတ်ကူးယဉ်နေပြီလားမသိ။ဒညင်းလုံးမှာ တမူးကိုကြည့်ပြီး သူ့စိတ်ကူးပျက်နေပုံရသည်။ဘဲကျောင်းလှေကလေးတစ်စင်းပေါ်မှ လူနှစ်ယောက် …

Uncategorized

ကျွန်ုပ်နှင့် ကျားသုံးကောင်

လွင်ဦး (ကွမ်းခြံကုန်း)ကျွန်ုပ်နှင့် ကျားသုံးကောင်ကျားဟူသောသတ္တဝါကား တောတွင်းသတ္တဝါအပေါင်းကို ဗိုလ်ကျစိုးမိုးလျက်ရှိသော တောဘုရင်ပင်ဖြစ်သည်။ တောတွင်းရှိ အသေးဆုံးယုန်သတ္တဝါမှသည် ဆင်ကြီးများအထိ ဗိုလ်မထားစတမ်း ကိုက်သတ်ကာ ပွဲတော်တည်ခဲ့ကြသည်။ကျား၏ မွေးရာပါလက်နက်များဖြစ်သော အစွယ်များ၊ ခြေသည်းလက်သည်းများနှင့် သန်မာသောခွန်အား၊ စဉ်းလဲပါးနပ်သောအသိဉာဏ်၊ စွန့်စားတိုက်ခိုက်ရဲသော ရဲစွမ်းသတ္တိတို့ကို ပေါင်းစပ်လိုက်ပါက ကျားသည် တောတွင်း၌ ကြောက်စရာအကောင်းဆုံးသတ္တဝါ ဖြစ်၍လာလေသည်။ကျားနှင့်လူသားတို့ကား ကမ္ဘာဦးအစကတည်းကပင် …

Uncategorized

ကမ္မဇိဒ္ဓိ

ဖိုးကျော့ကမ္မဇိဒ္ဓိဦးအိမ်ချမ်းအောင်သည် နံနက်အိပ်ရာထမှာ မိုးပေါ် တစ်ချက်မော့ကြည့်လိုက်သည်။ ယနေ့ နေဝန်းနီနီနှင့် နေရောင်ခြည်ကို လုံးဝ မမြင်ရ။တစ်ပတ်နီးပါးခန့် သဲကြီးမဲကြီး မိုးရွာသွားသော်လည်း ကောင်းကင်တစ်ခွင်တစ်ပြင်လုံးမှာ ကြည်ကြည်လင်လင် မရှိ။ တိမ်ညို တိမ်မည်း၊ တိမ်ခဲ တိမ်လိပ်များကို မမြင်ရသော်လည်း အံ့ပျမှုန်မှိုင်းနေသည်။လေကလည်း ငြိမ်နေ၏။ထို့ကြောင့် နောက်ထပ် မိုးရွာတော့မည်မဟုတ် ဆိုသည်ကိုတော့ ဦးအိမ်ချမ်းအောင်က …

Uncategorized

ငါးပိကြိုက်တဲ့ငါး

ကျွန်းစဥ်မြေစောခက်ငါးပိကြိုက်တဲ့ငါးမုတ်သုံမိုးသည် အငြိုးတကြီး ရွာချနေ၏။ တောင်ပြန်လေကလည်း ပင်လယ်ဝဘက်မှ အစုလိုက်အပြုံလိုက် တက်လာပြီး သောသောညံ၍ စစ်ဆင်နေသည်။ လေမြှောက်လေ မိုးကမြောက်လေ။“ရှီး”“ဖြန်း ဖြန်း ဖြန်း ဖြန်း”ရွာပြင် ကွင်းစပ်တွင် ဆောက်လုပ်ထားသော သုံးပင်နှစ်ခန်း အိမ်ကလေး သိမ့်သိမ့်ခါသွားသည်။“ဘုရား ဘုရား ဘုရား”ခင်ဖြူ ဘုရားတလိုက်၏။ ချက်ချင်း နို့စို့ကလေးကို ကောက်ချီလိုက်သည်။“အင့် …

Uncategorized

စေတနာအမျှ ရကြပါစေ

#ဖျာပုံလှမိုးနွယ်စေတနာအမျှ ရကြပါစေသံချောင်းသည် လူးလှိမ့်နေ၏။ တဟီးဟီးညည်းယင်း ကယောင်ကတမ်းတွေ ပြောသည်။မညီညာသော မျောသားများသည် သံချောင်း လှုပ်ရှားတိုင်း လိုက်၍ လှုပ်ရှားနေကြသည်။ အစများဖွာလျက် တဝက်မျှသာ ရှိတော့သော သပေါ့ဖျာစုတ် သည် သံချောင်း ခြေဆန့်လက်ဆန့် လှုပ်ရှား သာအောင် အခင်းမလုံနိုင်ပေ။သံချောင်း တကိုယ်လုံး ချစ်ချစ်တောက် ပူနေသည်။အပြင်းဖျား ဖျား၍ …

Uncategorized

ကျားမုဆိုးနှင့် လူမုဆိုး

တပ်ကြပ်ကြီးမိုးကျော်ကျားမုဆိုးနှင့် လူမုဆိုးလီဒိုလမ်းမကြီးအကြောင်းကို ကြားဘူးကြမည်ဖြစ်သော်လည်း ရောက်ဘူးကြသူများကား များစွာပင် နည်းပါးပေလိမ့်မည်။ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အမေရိကန်များ သည် ဗမာပြည်ရှိ ဂျပန်တပ်များကို တိုက်ခိုက်ရန်အတွက် အိန္ဒိယ မြန်မာနယ်စပ်အနီးရှိ အိန္ဒိယမြို့တမြို့ဖြစ်သော လီဒိုမြို့ဘက်မှနေ၍ မြစ်ကြီးနားမြို့သို့ ဖောက်သော လမ်းမကြီးဖြစ်သဖြင့် လီဒိုမြို့ကိုအစွဲပြုပြီးလျှင် လီဒိုလမ်းဟုခေါ် ဝေါ် ကျော်ကြားခြင်းပင်ဖြစ်သည်။လီဒိုလမ်းသည် မြစ်ကြီးနားမှ ထွက်သော် ပိတောင်ဘေးမဲ့သစ်တောကြိုးဝိုင်းနှင့် …

Uncategorized

အဆီကိုစားပါလို့ အသားကိုမျို

တွင်းကြီးသား တင်ဝင်းဦးအဆီကိုစားပါလို့ အသားကိုမျိုသူနေသည့်နေရာသည် လူတွေနေသည့်ရွာ၏ တောင်ဘက်ရှိ ကြီးမားသည့် မန်ကျည်းပင်ကြီး၏ သစ်ခေါင်းထဲမှာ ဖြစ်သည်။ထိုအပင်ကြီးသည် ဘယ်ခေတ် ဘယ်ကာလ ပေါက်ခဲ့မှန်းမသိ။ ပင်စည်ကတုတ်၊ အကိုင်းအခတ် တွေကများ၏။ ကိုင်းဆုံကိုင်း၏ အလယ်တွင် ကြီးမားသော အပေါက်ကြီးရှိ၏။ ထိုလိုဏ်ပေါက်သည် သူ၏နေရာ။ သူ၏ နာခိုးရာဖြစ်၏။သူသည် ထိုအခေါင်းထဲ နေလာတာကြာပြီ။ …

Uncategorized

မိကျောင်းမျက်ရည်

အောင်ခိုင်လင်းမိကျောင်းမျက်ရည်(၁)နယ်မြေအပိုင်စားရယ်လို့တော့ သတ်သတ်မှတ်မှတ် မရှိလှပါဘူး။ ဒါပေမယ့် အနေကြာလာတော့လဲ ကိုယ်ပိုင်ဒေသလို ဖြစ်လာတော့တာပါပဲ။ဒီ ပသီကမာဟောက် မြစ်တစ်ကြောမှာလဲ ကိုယ့်ထက်ကြီးတဲ့အကောင်၊ ကိုယ့်ကို နိုင်မယ့်အကောင်ကလဲ မပေါ်သေးတော့ ဒီနေရာတစ်ဝိုက်မှာတော့ ကျုပ်က တစ်ဗိုလ်တစ်မင်း ပါပဲ။ကျုပ်ထက် ဥာဏ်သာတဲ့ လူသားတွေတောင်မှ ကျုပ်လက်ချက်နဲ့ သေကြရတာ နည်းကြတာမဟုတ် ဘူး။ ဒါကြောင့်လဲ သူတို့ …