August 2, 2025
Uncategorized

ဟန်ချက်ပျက်သွားသော ပစ်မှတ်

တင့်ထူး(ဇေယျဝတီ)ဟန်ချက်ပျက်သွားသော ပစ်မှတ်ဆောင်းဦးပေါက်အချိန်သို့ ရောက်ရှိလာခဲ့သည်နှင့် လယ်လုပ်သူတောင်သူတို့ အလုပ်များခဲ့ကြတော့သည်။ စပါးများကလည်း မကြာမတင်မီအချိန်၌ ရင့်မှည့်လာကြပေတော့မည်။ ရင့်မှည့်လာကြပြီဆိုလျှင် အချိန်မီ ရိတ်သိမ်းပေးကြရမည်။ နောက်ကျနေပါက နေကျွမ်းကာ စပါးရိတ်သည်နှင့် စပါးစေ့များ ကြွေကျကုန်တော့သည်။ ထိုအခါ တစ်မိုးတွင်းလုံး ပင်ပန်းတကြီး ထွန်ယက်စိုက်ပျိုးခဲ့ရသော လယ်မြေများမှ စပါးအထွက်မှာ ဖိတ်တစ်ဝက် စဉ်တစ်ဝက်ဖြစ်ကာ စပါးထွက် …

Uncategorized

ငါးခြောက်သည့် တစ္ဆေ

မြေလတ်မင်းလွင်ငါးခြောက်သည့် တစ္ဆေဆောင်းနံနက်ဝယ် လင်းလက်ရန် အားယူနေသော နေမင်းကြီးသည် မြူနှင်းတို့အကြားဝယ် ဖြူ ဖတ်ဖြူရော် နိုင်လွန်းလှ၏။ ရေကြက်၊ ရေစစ္စလီတို့၏ တကျည်ကျည် တကျာကျာ ကျူးသီနေကြသည့် ထံတျာတို့မှာ နံနက်ခင်း၏ အလှကျက်သရေကို လက်ဝေစေခဲ့သည်။ငှက်ကျေးသာရကာတို့သည် တစ်နေ့တာဝမ်းစာအတွက် ထက်မြက်သော အားအင်ဖြင့် ခရီးနှင်နေကြ၏။မဲညိုရောင်လွှမ်းနေသည့် လတာပြင်ထက်ဝယ် အလုအယက် သွားလာလှုပ်ရှားနေကြသော …

Uncategorized

ကျင်လည်ရာ ကျင်လည်ကြောင်း

မောင်မြေမွန်(ချောင်းဦး)ကျင်လည်ရာ ကျင်လည်ကြောင်းလေပြေလေညင်းကလေးများက တသုန်သုန် တိုက်ခတ်နေသည်။ ဤလေမျိုးကို မြန်မာပြည်အလယ်ပိုင်းအခေါ်အဝေါ်နှင့်ဆိုလျှင် “ရေဥတုလေ” ဟုဆိုရပါမည်။မှန်သည်..။ဤလေမျိုး တိုက်ခတ်လျှင် ရေတိုးတက်သည်။ ချောင်းငယ်၊ မြောင်းငယ်များမှာ ရေပြည့်တော့သည်။ ရေလျှံသောအခါ၌မူ လယ်ယာခင်းများ ရေတဝကြီး သောက်ရသည်။ ထိုအခါ သီးနှံများမှာလည်း လေနှင့်မှုတ်လိုက်သလို ထိုးတက်လာတတ်သည်။ထို့ကြောင့် တောင်သူများက “ရေဥတုလေ”” ကို နှစ်သက်ကြသည်။တောင်သူများသာမက …

Uncategorized

အရိုးချည်းပါသည့် ယုန်

နေခြည်(ကြီးနီ)အရိုးချည်းပါသည့် ယုန်“သာပု…မြန်မြန်လာ၊ ခွေး တွေရော ခေါ်ခဲ့”မယာတင် ပျာယီးပျာယာနှင့် အလောတကြီးဖြစ်နေ၍ သာပု အံ့သြသွားသည်။ အဘယ်အကြောင်းများ ရှိပါအံ့နည်း။ခွေးတွေကို ခေါ်ခဲ့ဆိုသဖြင့် ထူးခြားမှု ရှိလေပြီ။“နီမ … နီမ … လာ … လာ၊ တိုင်းကြီး … တိုင်းကြီး … လာဟေ့”သခင်နှင့်အတူ …

Uncategorized

မေတ္တာကမ္ဘာ ခြားပေမယ့်

ရွှေဘိုစောလွင်မေတ္တာကမ္ဘာ ခြားပေမယ့်(၁)သာထူး ဆင်ကျောင်းစခန်းမှ ပြန်လာတော့ နေစွယ်ကျိုးစ ပြုနေပြီ။ တပေါင်းလ နေလုံးသည် တရွေ့ရွေ့ယိမ်းငဲ့နေ၏။ တပေါင်းနေရှိန်ကြောင့် အပြင်တွင် ချစ်ချစ်တောက် ပူပြင်းနေသော်လည်း တောအုပ်မြိုင်တကြောတွင်မူ သစ်ရိပ်စမ်းရိပ်တို့ကြောင့် အေးမြနေ၏။ပန်းပေါင်းစုံ ဖူပွင့်သော တပေါင်းလဖြစ်၍ တောပန်းရနံ့များကလည်း ပတ်ဝန်းကျင်တခုလုံး သင်းမြကြိုင်လှိုင်နေသည်။ အထူးသဖြင့် အင်ကြင်ပန်းရနံ့တွေက လေထဲတွင် ထူးကဲစွာ …

Uncategorized

ဖိုးကျော့ (ကြောင်သူခိုး)

ဖိုးကျော့ (ကြောင်သူခိုး)လယ်သိမ်းပြီးစ ပြာသို၊ တပို့တွဲလမှာ ကျွန်တော်တို့မိသားစု ကြံတဲ ဝင်ကြရသည်။ ကြံတဲတွင် တစ်လ၊ နှစ်လ နေကြရမည်ဖြစ်သဖြင့် စားအိုး၊ စားခွက်နှင့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက် များကိုပါ တစ်ပတ်၊ နှစ်ပတ်စာ ကြံတဲသို့ ယူလာရသည်။ …

Uncategorized

မိခင်စိတ်

ဖိုးကျော့မိခင်စိတ်သူ့နောက်တွင် ရေလုံးရေသီးကလေးများ ပလုံစီ၍ လိုက်ပါလာကြ၏။ နေရောင်ကြောင့် ရေလုံးရေသီးကလေးများသည် ပုလဲလုံးများသဖွယ် လှပနေကြသည်။သူသည် သန္တာကျောက်တန်းအောက်သို့ ဆင်းလာ၏။ အဖြူ၊ အပြာ၊ ခရမ်း ရောင်စုံပြွမ်းသော ပုလဲလုံးများကား သူ့နောက်၌ ပါလာကြဆဲ။ရေပြင်ကို ထိုးဖောက်နိုင်သော နေ၏စွမ်းအားသည် သူ့နောက်တွင် ကျန်ခဲ့လေပြီ။ စိမ်းမှိုင်းညိုပြာသော အဏ္ဏဝါသစ်တောကို ရေနက်ထဲတွင် လှမ်းမြင်ရသည်။သူသည် …

Uncategorized

တံငါအသည်း မာရဲသည်

ကျွန်းစဉ်မြေစောခတ်တံငါအသည်း မာရဲသည်ချမ်းမြအောင်တို့အမေ ဒေါ်ခင်ချမ်းမြသည် မိသားစုကို မျက်ကွယ်ပြုသွားသည်မှာ ဆယ်နှစ်တင်းတင်း ပြည့်ခဲ့ပြီပေါ့။ဒေါ်ခင်ချမ်းမြမှာ အားကိုးလှပါသည်ဆိုသော ငယ်ချစ်လင် ဦးဖိုးစံအောင်ကိုလည်း မှီတွယ်မနေနိုင်ခဲ့။ သိပ်ချစ်လှချည်ရဲ့ဆိုတဲ့ သားသမီးတွေကိုလည်း ခေါ်မသွားနိုင်ခဲ့။ လောဘဇောကပ် သမုဒယဇာတ်ကို တစ်ခန်းရပ်ပြီး သံသရာခရီးသို့ ဆက်လျှောက်သွား ခဲ့လေရဲ့။ချမ်းမြအောင် အရွယ်ရောက်ချိန်မှစပြီး အဖေ့ငါးဖမ်းလုပ်ငန်းမှာ ကူညီခဲ့သည်။ရေကြီးရေထရက်များဆိုလျှင် ပသျှူးပိုက် (ကကူရံပိုက်) …

Uncategorized

ကျားဆိုး

ကျားဆိုးနံနက်လေးနာရီခန့် ဖြစ်သည်။နန်းမောတောင်တန်းကြီးသည် နှင်းပင်လယ်အောက်တွင် အိပ်မောကျလျက် ရှိသေး၏။ယင်းအချိန်မှာပင် ဝါးရုံပင်ကြီးများနှင့် သစ်ပင်ကြီးငယ်များ မိုး နေသည့် အိမ်ခြေနှစ်ဆယ်ခန့်ရှိသော ရွာစည်းရိုးနားသို့ နှင်းတောထဲမှ တချွတ်ချွတ် နင်းလျှောက်လာသော သတ္တဝါကြီးတစ်ကောင် တရွေ့ရွေ့ကပ်လာသည်။ခြံစည်းရိုးသည် လက်ခုပ်တစ်ဖောင်ကျော်ကျော် မြင့်သည်။သတ္တဝါကြီးသည် ခြံစည်းရိုးကို စူးစမ်းကာ လက် ဖြင့် ကုတ်ခြစ်လိုက်သည်။“ဂျစ် – ဂျစ် …

Uncategorized

မိုးရေ တက်ရေ တဖွေးဖွေး

ခြင်ကျား (မအူပင်)မိုးရေ တက်ရေ တဖွေးဖွေးမောင်ခြုံတို့ ကွင်းပျော်များ မှီတင်းနေထိုင်သောအရပ်မှာ ရေနက်ကွင်း။ရေနက်ကွင်းကို တချို့က “စားကျက်ကွင်း” ဟုလည်း ခေါ်ဆိုကြသည်။ ခိုင်းကျွဲ၊ ခိုင်းနွား ရှိသော လယ်သမားများက ကျွဲစာ၊ နွားစာ လိုလျှင် စားကျက်ကွင်းကို လာ၍ မြက်ရိတ်ကြရသည်။ရေနက်ကွင်းသည် အင်းဂရန်တွင်ရှိသော အဝန်းအဝိုင်းလည်း ဖြစ်၏။ မိုးရာသီတွင် …