August 3, 2025
Uncategorized

ရေးသူ- ထမံ(တောင်ငူ)

xxxxxxxအချိန်က ၁၈၉၀ ၀န်းကျင်။ အချိန်က မနက်အစောပိုင်း…။သရမီကျေးရွာ အခြေပြုထားတဲ့ ပဲခူးရိုးမတောင်ကြောကြီးတစ်ခိုဆီမှာ မြူနှင်းတို့က အုပ်ကာလွှမ်းလို့…။မကြာ…။နေခြည်သဲ့သဲ့သမ်းချိန်မှာ နှင်းမြူတို့အကြားဆီက ကြေးစည်သံတနောင်နောင်နဲ့ ဆွမ်းခံကြွ ကိုယ်ရင်ငယ်လေးများ လှမ်းလျှောက်လာနေတယ်။ရှုလက်မျှော်ခင်းက ပန်းချီကားတစ်ချပ်နှယ် မြင်ရသူတို့အဖို့ စိတ်လက်ကြည်သာစရာ။အဲ့ဒီ့အချိန်…။သာယာလှတဲ့ နံနက်ခင်းနဲ့ မလိုက်ဖက်၊ မလျှော်ညီအောင် ရွာရဲ့အနောက်ဘက်ထိပ်ဖျားမှာနေတဲ့ မုဆိုးကြီးမုံခေါင်တစ်ယောက်ကတော့ မနေ့ညတုန်းက ရရှိထားတဲ့ ဒရယ်တစ်ကောင်ကို …

Uncategorized

တင်ကျီးဘိုးထွန်း

တပ်ကြပ်မောင်ထူးတင်ကျီးဘိုးထွန်း၁၉၈၁-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကျွန်တော်၏မိခင် ဈာပနကို ပဲခူးမြို့ ဗဟိုစည်ရပ်ကွက်မှ ကျွန်တော်တို့ရွာဖြစ်သော တောင်သူစုကျေးရွာ သင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ရသည်။ကျွန်တော်၏ မိခင်သည် ဒုတိယကမ္ဘာစစ်ကြီးပြီး၍ ကျွန်တော်တို့တိုင်းပြည် လွတ်လပ်ရေးရပြီးစ အချိန်မှ စ,ကာ မြို့ရွာမငြိမ်မသက်ခြင်းကြောင့် တောင်သူစုကျေးရွာလေးတွင် မနေနိုင်တော့ဘဲ ပဲခူးမြို့ ဗဟိုစည်ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။သို့သော် ရွာတွင် …

Uncategorized

နက်ရှိုင်းသည်ထက် နက်ရှိုင်းသော

နေခြည်(ကြီးနီ)နက်ရှိုင်းသည်ထက် နက်ရှိုင်းသောမြေသားတွေ တစ်သားတည်း ဖြစ်သွားသည်နှင့် မိမိအနံ့ ကျန် မကျန်ကို သူက လိုက်လံနမ်းရှုပ်နေမိသည်။ အနီးအနားရှိ မြေစိမ်းကို ယက်၍ ကိုယ်နံ့ပျောက်သွားစေရန် ဖုံးအုပ်လိုက်သည်။ စိတ်ချရပြီဆိုမှ ထိုနေရာလေးမှ ထွက်ခွာလာခဲ့လေသည်။အကယ်၍ အန္တရာယ်ဖြစ်စေနိုင်သည့် ရန်သူ ရောက်လာပါစေဦး ကိုယ်နံ့မကျန်ခဲ့သဖြင့် မိမိရင်သွေးကလေးများ ထိုနေရာ၌ ရှိနေသည်ကို သိရှိနိုင်တော့မည် …

Uncategorized

သမဲ့ပင်နုတ် ငါးတန်အုပ်

#မြေလတ်မင်းလွင်သမဲ့ပင်နုတ် ငါးတန်အုပ်ကျွန်းသာယာရွာတွင် ကျားလုံးပိုက်များဖြင့် တန်းထိုးထောင်သော ရေလုပ်သားကြီးများနေထိုင်ကြသည်။ ဂျွမ်းပိုက်ထောင်သူနှစ်ဦး၊ သုံးဦးမှအပ ကျန်ရေလုပ်သားကြီးများမှာ တန်းထိုးပိုက်ကိုသာ ထောင်ကြသည်။ရေလုပ်သားများ ငါးဖမ်းရာတွင် ပိုက်ထောင်နည်း အသီးသီးရှိသကဲ့သို့ ငါးဖမ်းသည်လက်နက်ကိရိယာများလည်း စုံလင်လှသည်။အင်္ဂလန်ပိုက်၊ ကျားလုံးပိုက်၊ ဂျွမ်းပိုက်၊ တန်းပိုက်၊ ငါးမျှားတန်းစသည်ဖြင့် ပိုက်အမျိုးအမည်များ သလောက် ငါးဖမ်းနည်းလည်း စုံလင်လှသည်။ကျွန်းသာယာရွာရှိရေစင်များသည် လျှပ်စစ်အင်ဂျင်မီးများထိန်ထိန်လင်းနေသည်။ ရေစင်ဆိုသည်မှာ …

Uncategorized

မမျှော်လင့်သော ဘိုးတော်ကြီး

#ဖျာပုံလှမိုးနွယ်မမျှော်လင့်သော ဘိုးတော်ကြီးဦးဘခက်မှာ အသက် (၆၀) ကျော်၊ ကိုယ်တစ်ခြမ်း လေဖြတ်ထား၍ တဲပေါ်နှင့် တဲအောက်ဝန်းကျင်သာ လှုပ်ရှားသွားလာနိုင်သည်။ မိခင်ဖြစ်သူ ဒေါ်သန်းတင်သည် ဦးဘခက်ကို အနီးကပ် စောင့်ရှောက်ပြုစုသည်။သမီးခင်တုတ်က ဒီလုံး၊ ခေါင်းကြီးတို့ အကူဖြင့် တောတွင်းဝင်၍ သစ်ခုတ်သည်။ ထင်းဖြတ်သည်။ တဲရှေ့တွင်ပုံ၍ ကုန်သည်တို့ကို ရောင်းချသည်။ ဆန် …

Uncategorized

ပင်လယ်မျောက်ဖမ်းပွဲ

မိုး(သရက်)ပင်လယ်မျောက်ဖမ်းပွဲကျွန်တော်တို့ တပ်စိတ် ခလရ (၁၇) မြိတ်ခရိုင်၊ ပုလောမြို့နယ် ကြဲရွာသို့ ရောက်ရှိသည်မှာ တစ်ပတ်ကျော်ကြာခဲ့ပြီဖြစ်သည်။ထိုတစ်ပတ်အတွင်းတွင် သုံးရက်မြောက်နေ့က တောပစ်ထွက်ကြရင်း ချေလှောင်နှင့် ချေလက်ဝက်ကား(ခေါ်) တစ်ပင်တိုင်တို့ကို တွေ့ခဲ့ရ၍ သေနတ် ဖြင့် ပစ်ခတ်မရဘဲ လက်မှိုင်ချပြန်ခဲ့ကြရသည်။ထို့နောက် အောက်စက်တော်ရာ တောင်ပေါ်တွင် သီတင်းသုံးနေတော်မူသော ဘရသေ့ကြီးက ထူးဆန်းသော အဆောင်ပစ္စည်း …

Uncategorized

ရိုးမ ကျားသစ်နတ်ကြီး

ရိုးမ ကျားသစ်နတ်ကြီး“တောင်- တောင်”“ဝေါင်း – ဝေါင်း”တောတွင်းသားကောင်ကလေးများ၏(တစ်သံ)အော်သံကို ကြားလိုက်ရပါသည်။၁၉၄၃ – ခုနှစ်တွင် ကျွန်ုပ်သည် အင်းတကော်စစ်မြင်းတပ်(ထိုအချိန်က စစ်မြင်းလေ့ကျင့်ရေးတပ်)တွင် တာဝန်ထမ်းလျက်ရှိပါ၏။တပ်ရင်းမှူးမှာ ဗိုလ်မှူးကြည်၊ ဒုတပ်ရင်းမှူးမှာ ဗိုလ်မှူးကျော် (ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဟောင်း) ဖြစ်ပါသည်။ တပ်မတော်ရဲဘော်များအနေဖြင့် ကျွန်ုပ်တို့တပ်ရင်းမှူးဗိုလ်မှူးကြီးကျော်အား (မြင်းကျော်) ဟူ၍လည်း ဘွဲ့များ ပေးထားကြပါသည်။ဤသည်မှာလည်း တပ်မတော်တွင် …

Uncategorized

တူးကြွက်

မိုးသက်အောင်(မြန်မာစာ)တူးကြွက်နတ်တော်လကုန် ပြာသိုလဆန်း။စပါးသိမ်းပြီးချိန်။ဆောင်းနတ်သမီးသည်လည်း သူ၏ မြပဝါအဖြူ လွလွကိုဖြန့်ကာ ဆော့ကစားနေသည့်အရှိန်ကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းနေသည့်အချိန်တည်း။ငွေနှင်းမှုန်တို့က မကွဲပြားသေးချေ။သို့တိုင် ငွေနှင်းမှုန်တို့ ပိတ်ဖုံးနေသည့်ကြားထဲသို့ မောင်သူရိန်က တစ်ချက်တစ်ချက် သူ၏ တန်ခိုးကိုပြကာ အန်တုနေလေ၏။မနိုင်ပါချေ။ဆောင်း၏ပီသမှုကြောင့် နံနက်ရှစ်နာရီမတ်တင်းအချိန်ကိုပင် မောင်သူရိန် အနိုင်မယူနိုင်သေး။ တစ်ခေါ်လောက်မှ လျှောက်လာသော လူကိုပင် ကွဲပြားအောင် မမြင်ရသေးချေ။တော်ချိုက်ရွာတစ်ရွာလုံး မိမိတို့အိမ်ရှေ့ဝယ် …

Uncategorized

ဝံနှင့် အား

မောင်မြင့်မား(ဘိုကလေး)ဝံနှင့် အားတောင်ကုန်းကလေးတွေ၊ ဆင်ခြေလျောကလေးတွေ၊ လျှိုမြောင်ကလေးတွေ ဖြတ်ရသည်။ရုံးပင်၊ သစ်အယ်ပင်၊ ထန်းပင်၊ တောင်သရက်ပင်၊ တညင်ပင်၊ ကြခတ်ဝါးပင်တို့က အပေါ်တွင် အကိုင်းချဝင်အောင် ရှုပ်နေသလို အောက်ခြေတွင်လည်း သစ်ရွက်ခြောက်များက မြေသားရှာမတွေ့ လောက်အောင် ပြည့်နှက်နေသည်။ တောက နက်လာ သလို အအေးဓာတ်က တစ်စတစ်စ အေးစိမ့်လာသည်။မုဆိုးသုံးယောက် သစ်ရွက်ခြောက်များကိုနင်းကာ …

Uncategorized

သုံးပွင့်ဆိုင်မုဆိုး

ကိုပိုက်သုံးပွင့်ဆိုင်မုဆိုးမြေပြင်တွင် အားသွန်ပြေးရင်းကြားမှ ရုတ်ခြည်းရပ်တန့်လိုက်ကာ ဦးခေါင်းကို မော့၍ အတန်ကြာ ငေးငိုင်တွေဝေနေတော့၏။ သူ၏ ပြေးလမ်း မှားနေသည်ကြောင့်လား။ သို့တည်းမဟုတ် ဘယ့်တွက်ပြေးလာမိသည်ကို စဉ်းစားနေဟန် တူချေ၏။သို့ကြောင့်လည်း သူတို့ကို စံနမူနာပြုကာ ဖွတ်မေ့ ပဒတ်မေ့ရယ်လို့ ပြောစမှတ်ပြုကြခြင်း ဖြစ်၏။သို့ဆိုသလို ပဒတ်ကောင်သည် ပြေးလိုက်၊ ရပ်လိုက် ငိုင်တွေလိုက်ဖြင့် သူ၏ …