August 5, 2025
Uncategorized

မသေကောင်း မပျောက်ကောင်း

အောင်ကိုမြင့်မသေကောင်း မပျောက်ကောင်း“ဦးလှမြင့်ရယ် ကူညီပါဦး။ တစ်လအတွင်း ဆိတ်ကသုံးကောင်၊ ဝက်က တစ်ကောင်၊ နွားငယ် တစ်ကောင်ဆိုတော့ လွန်လွန်းနေပြီ။ ကြာယင် ဒီဟင်းကောင်ကြီးက လူတွေအတွက်တောင် စိုးရိမ်နေရလို့ပါ”“နောက်ဆုံးလာကိုက်သွားတာက ဘယ်နေ့ကလဲ ဦးမိုးသီးရဲ့”“ညကမို့ အခုရောက်လာတာပေါ့ ဦးလှမြင့်ရယ်”“ညက ကိုက်သွားတာက နွားလား၊ ဆိတ်လား”“နွားငယ် နို့စို့ကလေးမို့ပေါ့ဗျာ။ ခု သူ့အမေက နို့တွေတောင့်ပြီး …

Uncategorized

ဝမ်းစာ

မင်းရိုးယဉ်ဝမ်းစာဝါခေါင်လကွယ်နေ့၊ စနေမိုးက နံနက်မှ ညအထိ သည်းထန်စွာ ရွာနေသည်။ တကယ့် တာကျိုးရေလျှံသည့် ငါးဆင်းမိုး။ကောင်းကင်တွင် မည်းမှောင်နေသည်။သည်လို မိုးကောင်းသည့် ဝါခေါင်လမိုက်ညများတွင် သောင်ကြီးရွာ အနောက်ဘက်ရှိ လယ်ကန်သင်းအနီး စံနေရိုးနှင့် ငါးပတ်အိုင်ရိုးတို့တွင် ငါးရစ်များ တက်တော့မည်။ရိုးနှစ်ခုလုံးက မနီးမဝေး၊ ရွာနှင့်လည်း သိပ်မဝေး။မိုးတဖွဲဖွဲ ရွာနေသည်။ညကိုးနာရီခန့်တွင် ဦးသာဆင်နှင့် သား …

Uncategorized

နေထွက်တပြူ

မြေလတ်မင်းလွင်နေထွက်တပြူအရုဏ်လွန်မြောက် ရောင်နီသောက်ချိန်မို့ ငှက်ကလေးတို့သည် အိပ်တန်းထ၍ ကခုန်မြူးထူးနေကြကုန်၏။ခိုင်းနွားကြီးများသည်လည်း အိပ်ရာမှနိုးထကာ တဂျိုးဂျိုး တဂျိမ့်ဂျိမ့်နှင့် တသိမ့်သိမ့် တွန်ကျူးနေကြသည်။ သပြေတောရွာသူရွာသားများသည် နံနက် စောစောထ၍ နွားငယ်များနှင့် ခိုင်းနွားကြီးများကိုရွှေ့ကာ ချေးတည် သေးတည်(ချေးယို၊ သေးပေါက်ခိုင်း) နေကြသည်။ဝေလီဝေလင်းအချိန်တွင် နောက်(နွား)ချေးကျုံးခြင်း၊ အိမ်ဝိုင်းထဲ တံမြက်စည်းလှည်းခြင်းစသော အိမ်မှုကိစ္စတို့ကို လုပ်ကိုင်နေကြသည်မှာ ရွာသူ …

Uncategorized

သူ့အသက် ကိုယ့်အသက်

ဖိုးကျော့သူ့အသက် ကိုယ့်အသက်မိုးတစိမ့်စိမ့် ရွာနေသည်။ တိမ်မည်းညို အစိုင်အခဲများကလည်း အနောက်ရိုးမကို အဆက်မပြတ် ကျော်လွှားလာနေကြသည်။ထို့ကြောင့် ဖောင်တွဲသမားလေး ခင်သန်းက ရေနွေးကြမ်းသောက်နေသော အဖွဲ့ခေါင်းဆောင် ဦးညိုကြီးဘက် လှမ်းကဲကြည့်ကာ-“ဒီမိုးနဲ့မှ ဒီရေကျန်သစ်တွေ ထောက်ကြာပင်အိုင်က ဆည်တာ မရောက်ရင်တော့ နောက်ကို ဘယ်တော့မှ ရောက်မှာမဟုတ်တော့ဘူး အဘ”ဟု ပြောလိုက်၏။ဤသည်ကို ဦးညိုကလည်း –“အေးလေကွယ်၊ …

Uncategorized

ဝက်ထိုးမုဆိုး

မင်းမြင့်နိုင်(ဘူးသီးတောင်)ဝက်ထိုးမုဆိုး“ကိုဖိုးသိန်း … ဗျို့ ကိုဖိုးသိန်း ၊ အိမ်မှာ ဘယ်သူမှမရှိကြဘူးလား”ကိုဖိုးသိန်း၏အိမ်ခြံဝမှ ကိုဖိုးသိန်း၏နာမည်အားခေါ်၍ဝင်လာသော မောင်ကျော်လှ၏ခေါ်သံကြောင့် အိမ်နောက်ဘက်တွင် ခြံစည်းရိုးကာနေသော ကိုဖိုးသိန်းက-“ငါ ဒီမှာရှိတယ်ဟေ့။ မောင်ကျော်လှ လာလေကွာ။ အရေးတကြီး ဘာကိစ္စရှိလို့လဲ”“အစ်ကိုဖိုးသိန်းက ခြံစည်းရိုးကာနေတာကိုး။ ကိစ္စကတော့ ဒီနေ့ည ဝက်လိုက်သွားကြမယ်တဲ့။ အဲဒါ အစ်ကိုဖိုးသိန်း လိုက်ခဲ့ပါတဲ့။ ဦးအလုံးက …

Uncategorized

အုပ်သင်းကွဲ

မောင်မြင့်မား(ဘိုကလေး)အုပ်သင်းကွဲသတ္တဝါတစ်ကောင်၏ မချိမဆန့်ဝေဒနာခံစားရင်း အော်လိုက်သောအသံက တစ်တောလုံး ဆူညံသွားတော့သည်။ စောဂျိမ်းက ဝါးဆစ်ခွက်ထဲမှ ရေနွေးကြမ်းတစ်စုံကို သောက်နေရာမှ နားစွင့်လိုက်သည်။ အသံက ဆက်တိုက်အော်နေဆဲ။ ကျော်စိုးက“စောဂျိမ်း ဘာသံလဲ”“စဉ်းစားနေတာကွ။ လာတဲ့အသံက ဇီးဖြူရေထွက်ဘက်လောက်ကပဲ။ အသံနီးတယ်”“ဒီကြိုးဝိုင်းထဲမှာ မုဆိုးအဖွဲ့ က ကျွန်တော်တို့ တစ်ဖွဲ့ပဲရှိတယ်။ သားကောင်ကို မုဆိုးပစ်တဲ့အသံက ဒါလောက် အော်စရာအကြောင်းမရှိဘူး။ …

Uncategorized

မိုးမချုပ်မီ ရွာခြေကပ်ရအောင်

#လွင်ဦးမိုးမချုပ်မီ ရွာခြေကပ်ရအောင်တောနှင့် တောင်စွယ်သည် မြအသွေးနှင့် ရွှေရေးကို တစ်ဆစ်စီ တစ်ရစ်စီ ခြယ်သရင်း မိခင်မြေ မြက် လောကဓါတ်အား အလှမျိုးစုံစွာ ရောင်စုံဖြစ်အောင် အလှဆင်၍ နေပါသည်။တောင်ခိုးများကား မှိုင်းမှုံဝေရီစွာဖြင့် တောင်ခါးပန်းဝယ် ရစ်ကာဝေ့ကာ လေနှင်ရာ လွင့်ပါးလျက်ရှိသည်။သက်ပြင်းကို လောကန်စွာချရင်း အရိပ်အာဝါသ ကောင်းသော ကညင်ပင်ကြီးအောက်ဝယ် ခြေပစ်လက်ပစ် …

Uncategorized

စုံတောမြိုင်ခွင် ခြေရာရှင်

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)စုံတောမြိုင်ခွင် ခြေရာရှင်တတောလုံး တတောင်လုံး အုံ့မှိုင်း၍ နေပါတော့သည်။ ကျေးသံ ငှတ်သံများကလည်း တညံညံနှင့် တောတောင်၏သာယာမှုတို့ကို တန်ဆာဆင်နေလေသည်။ ဖြော့တော့သော နေရောင်ခြည်များကလည်း တောတပြင်ကို လှပစွာ အကွက်ဖော်နေတော့၏။“ဘယ့်နှယ့်လဲ မက်ကလင်း-ဒီနယ်မှာ သားကောင်တွေ အတော်ရှားပါးနေပါကလား။ ခါတိုင်းဆိုယင် ဒီသစ်တောကြိုးဝိုင်းမှာ အနည်းဆုံး ဆတ်လောက်တော့ ပစ်ရပြီးသားဘဲ။ ဘယ်လိုဖြစ်တာတုန်း မက်ကလင်း”ပဲခူးသစ်တောခရိုင်ကို …

Uncategorized

ကျားတို့ပရိယာယ်

လေးမောင်ကျားတို့ပရိယာယ်ရေနက်ကြီးစခန်းမှာ သိပ်ဝေးလှသည်တော့မဟုတ်။ ပဲခူးရိုးမထဲသို့ဝင်ပြီး သားကောင်များပစ်ခတ်ကြတော့မည့် မုဆိုးများအဖို့ တစ်ထောက်နားစခန်းဖြစ်သည်။ ထိုစခန်းပတ်ဝန်းကျင်တွင်လည်း သားရဲ ပေါသလို ကျေးငှက်တို့ ပေါများသောနေရာ ဖြစ်သည်ကအမှန်။အိမ်ခြေသုံးဆယ်ခန့် ဖြစ်သည့်အတွက် တောဝင်တောထွက်ပစ္စည်းများ စုံလင်စွာရနိုင်သောနေရာမို့ စီးပွားရေးအချက်အချာလည်း ကျပေမည်။ ထိုမှတစ်ဆင့် အထက်ကိုဆက်တက်လျှင် ငရုတ်ကောင်း၊ ဆင်စွယ်ပတ္တလား၊ နခြံ၊ တောင်ထန်းပုံ၊ ညောင်ပင်ပွင့်၊ မဟာမြိုင်ကို …

Uncategorized

သေမင်းတမန် အဆိပ်ကောင်

ကိုပိုက်သေမင်းတမန် အဆိပ်ကောင်ကျွန်တော်နှင့် လင်းမြင့်လှိုင်တို့သည် ကချင်ပြည်နယ် ပူတာအိုရှိ ကောင်ကထောင်ကျေးရွာလေးသို့ ရောက်ခဲ့ကြရခြင်းသည် ကျောင်းတုန်းက သူငယ်ချင်းဖြစ်သူ ရာယ်ဒမ်းခင်၏ တကူးတကဖိတ်ကြားချက်ကြောင့် ဖြစ်ပေသည်။ သူသည် ရိုးသားဖြူစင်သူတစ်ယောက် ဖြစ်သည်။ ဖြူဖြူပုပုချောချော ဖြစ်သည်။ ဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာရသော ကချင်နွယ်ဖွား ရဝမ်လူမျိုး ဖြစ်သည်။သူငယ်စဉ်အခါက ကောင်ကထောင်ကျေးရွာကလေး၏ အဆင်းရဲဆုံးသူများစာရင်းတွင် …