သွေး၈
ယိမ်းနွဲ့လျှံသွေး(၁)နှစ်နှစ်ဆယ်ကြာမှ ပြန်ပေါ်လာသည့်အခွင့်အရေး . . . ။ ပြန်ပေါ်လာသည်ဟု ဆိုငြား သဘာဝပြဋ္ဌာန်းချက် ကြောင့် သူ့အလိုလို ပြန်ပေါ်လာခြင်းမျိုး မဟုတ်။ ကံတရားဖေးမမှုကြောင့် ပြန်ပေါ်လာရခြင်း။ဟုတ်သည်။ မနေ့ညက ကျွဲမ မိမဲတူမှ ကျွဲဖြူထီးကလေးတစ်ကောင် ပေါက်ဖွားသန့်စင်နိုင်ခဲ့၏။ ဤသို့ ကျွဲဖြူတစ်ကောင် မွေးဖွားပေါ်ပေါက်လာရခြင်းသည်ပင် ဤ”ဘရာပနာ”ကျွဲမျိုးတို့အတွက် ကံကောင်းခြင်းဟု …