November 7, 2025

တောမာယာနှင့် မုဆိုးစည်းကမ်း၅

ထောင်မှူးကြီးသိန်းဝင်းတောမာယာနှင့် မုဆိုးစည်းကမ်း[၁]မနက်ဖြန် ဌာနဆိုင်ရာလူကြီးများ စခန်းသို့ လာရောက်စစ်ဆေးမည်ဟု သတင်းရသဖြင့် ထောက်ဌာနတာဝန်ခံ ကျွန်တော်တို့မုဆိုးအဖွဲ့ တောကောင်ပစ်ထွက်ကြရန် နံနက်စောစောစီးစီး မနက်စာစားပြီး စီစဉ်နေကြရသည်။မုဆိုးအဖွဲ့တွင် ကျွန်တော်က ခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်က နောက်တန်းတပ်ကြပ်ကြီး ဦးမြကြီးတို့ ဖြစ်ကြသည်။ နောက်လိုက်များကတော့ ကျွန်တော်၏ မုဆိုးတပည့် သာယာဝတီသားများ ဖြစ်ကြသည့် မုဆိုးအောင်သန်းနှင် မျောက်တင်သောင်း …

ကိုင်းတောထဲက ဖက်မှုတ်သံ၅

မောင်မြထွေး(ပင်လယ်)ကိုင်းတောထဲက ဖက်မှုတ်သံနွေနေ့လည်ခင်းသည် အပူရှိန်ပြင်းပြင်းနှင့် ပူလောင် အိုက်စပ်လျက်ရှိသည်။ ပင်လယ်ဘက်မှ တစ်ကြိမ်တစ်ကြိမ် ခပ်ပြင်းပြင်း တိုက်ခတ်လာသော တောင်လေအေးကြောင့် အပူရှိန်မှာ သက်သောင့်သက်သာရှိလှသည်။ မိုးရာသီဘက်သို့ တစ်နေ့ထက်တစ်နေ့ နီးလာပြီမို့ တောင်လေအေးအေးတွင် မုတ်သုန်အငွေ့ အသက်များ ရောနှောပါဝင်လာပြီဖြစ်သည်။ကျွန်တော်သည် အိမ်ရှေ့ရှိ ကုလားထိုင်တွင်ထိုင်ကာ ရေနွေးကြမ်းသောက်ရင်း မြေပဲဝါးလျက် စာဖတ်နေသည်။ ထိုစဉ် …

ကံကြုံ ကံဆုံ

မောင်လွမ်းသူကံကြုံ ကံဆုံကျွန်တော်၏ မုဆိုးအတွေအကြုံအရ ပြောရလျှင် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများသည် ကျွန်တော်တို့ အထက်ချင်းတွင်းဒေသတွင် အမဲလည်၍ အကောင်းဆုံးလများပင် ဖြစ်ပါသည်။အကြောင်းမူ ခြေခင်းလက်ခင်း သာယာသည်။ မိုးလေ အနှောင့်အယှက်ကင်းသည်။ အအေးဒဏ်လည်း မပြင်းလှသေး။မိုးတွင်းခါလိုလည်း မျှော့များ၊ ကျွတ်များ၊ ခြင်များ မပေါတော့။အကောင်းဆုံးအချက်မှာကား ထိုလများတွင် ဒရယ်၊ ချေ၊ ဝက်မှစ၍ …

ဘွားမယ်စိန်နှင့် မြွေအလမ္ပာယ်ဆရာ

စာမူ…၁၇၈စဆုံးတစ်ရက်၌သောင်ထွန်းရွာဆီသို့ လူစိမ်းငါးဦးရောက်လာခဲ့သည်။ ထိုလူများမှာ နယ်လှည့်ကာမြွေအလမ္ပာယ်ပြစားကြသည့် မြွေအလမ္ပာယ်အဖွဲ့ပင်ဖြစ်ပေသည်။ထိုအဖွဲ့ကို ဦးဆောင်သူမှာ ကိုထွန်းပေါ်ဆိုသူပင်ဖြစ်သည်။သူ၏အဖွဲ့ကတော့ ဆရာထွန်းပေါ်ဟုခေါ်ကြ၏။ကိုထွန်းပေါ်က သျှော်တစောင်းဖြင့် ရုပ်ရည်ကအချောကြီးမဟုတ်လှသော်လည်း ကြည့်ပျော်ရှိပေသည်။အသားအရောင်မှာညိုသူဖြစ်ပြီး အရပ်မှာမရှည်လွန်းမပုလွန်းပေမယ့် နှုတ်ခမ်းမွှေးသဲ့သဲ့ဖြင့်ကိုထွန်းပေါ်သည် မိန်းကလေးများသဘောကျသောပုံစံမျိုးပင်ဖြစ်သည်။ယခု ကိုထွန်းပေါ်တို့အဖွဲ့သောင်ထွန်းရွာဘုန်းကြီးကျောင်း၌ တည်းခိုနေကြသည်။နေ့ခင်းဆိုရွာလယ်ပိုင်း၌ မြွေအလမ္ပာယ်ပြရင်းမြွေဆေးရောင်းဖို့ ထွက်ကြမည်ဖြစ်၏။“မောင်တိုး…မင်းကြားပြီးပြီလား…မြွေအလမ္ပာယ်ဆရာတွေရောက်နေတယ်တဲ့…တော်နေ ရွာလယ်ပိုင်းက ညောင်ပင်အောက်မှာမြွေအလမ္ပာယ်ပြကြတော့မယ်တဲ့ကွ”“ဟုတ်လား…ဒါနဲ့ ကိုကြီးအုန်းက ဒီလိုကိစ္စမျိုးဘယ်တုန်းကစိတ်ဝင်စားသွားတာလဲဗျ…”“မင်းကလည်းကွာ…အထူးအဆန်းဆို သိချင်တာလူ့သဘာဝမဟုတ်ဖူးလား…အဲ့တာ မင်းကောလိုက်ခဲ့ကွာ…ငါတို့သွားကြည့်ရအောင်”“မသွားချင်ပါဘူးကိုကြီးအုန်းရာ…ကျုပ်ဘာသာ အိမ်မှာပဲအေးအေးလူလူနေပါရစေဗျာ…”“အစ်ကိုရယ်…လိုက်သွားလိုက်စမ်းပါ…ကိုကြီးအုန်းက …

မဖဲဝါသောက်တဲ့ဆေးလိပ် (စ/ဆုံး)

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°ရေးသားသူ…တာတေဆရာအိုနဲ့ လျှောက်လိုက်တုန်းကအတွေ့အကြုံလေးတွေ ပြောပြချင်လို့ဗျ။ဆရာအိုဆိုလို့ အဘိုးကြီးလို့တော့ မထင်ပါနဲ့ဗျို့။ ဆရာ့ နာမည်က ဦးအိုတဲ့ဗျ။ ဒါပေမဲ့ လူတွေကတော့ ဆရာအိုလို့ပဲ ခေါ်ကြတာပါ။ ဆရာအိုက အသက်လေးဆယ့်ငါးနှစ်လောက်ရှိပြီ။ လူက အသားလတ်လတ်၊ ပိန်ပိန်ပါးပါး နှုတ်ခမ်းမွေးနဲ့သျှောင်တစ်စောင်းလေးနဲ့ဗျ။ထူးခြားတာတော့ ဆရာအိုရဲ့မျက်လုံးတွေပဲဗျို့။ မျက်လုံးတွေက ကြည်လင်ပြီး အရောင်ကို တောက်နေတော့တာဗျ။ သီလ၊ သမာဓိနဲ့ …

လူသတ်ကုန်းက မဖဲဝါ

လူသတ်ကုန်းက မဖဲဝါ { စ / ဆုံး }မူရင်း _ ဆရာတာတေကျုပ်ကို မီးလောင်ကုန်းက ကျုပ်သူငယ်ချင်း ချစ်ညိုလာခေါ်တာဗျ။ချစ်ညိုနဲ့ ကျုပ်နဲ့က မြို့ကျောင်းတက်တုန်းကအတူတူလေဗျာ။ဒီတုန်းက ဘန့်ဘွေးကုန်းက သိန်းဇော်ရယ်၊ ချစ်ညိုရယ်၊ ဘထစ်လို့ခေါ် ကျုပ်တို့ခေါ်တဲ့ ဘချစ်ရယ်၊ ကျုပ်ရယ်က တွဲဘက်တွေပေါ့။ ဒီထဲမှာကျုပ်နဲ့ ဘချစ်ကတော့ ပိုပြီးတွဲဖြစ်တာပေါ့ဗျာ။“တာတေရေ၊ …

တစ္ဆေထိုးတဲ့ ခေါင်းလောင်းသံ(စ/ဆုံး)

~~~~~~~~~~~~~~~~~~~~မူရင်း _ဆရာ တာတေကျုပ်တို့အညာနွေပူချက်ဗျာ။ကျုပ်ဖြင့် အိမ်လည်မထွက်နိုင်တောင်လေးငါးရက်ရှိပေါ့၊ ကျုပ်အမေကလည်းကျုပ်အိမ်မှာကပ်နေပြီဆိုတာနဲ့ ခိုင်းစရာတွေ တန်းစီးပြီးခိုင်းတော့တာဗျို့။ဟုတ်တော့လည်း ဟုတ်သားဗျ။ အိမ်အလုပ်ဆိုတာလည်း မလုပ်ရင်သာရှိမယ်၊ လုပ်လို့ကတော့ နားရမှာတောင်မဟုတ်ဘူးဗျ။ ရေစည်တိုက်၊ နွားစားပြောင်းရိုးတွေသွားရိတ်၊ နွားစားစဉ်း၊ဆီကြိတ်၊ မြို့တက်၊ နှမ်းရောင်း၊ပဲရောင်းသွား၊ တောထဲဝင် ထင်းခွေ၊ရပ်ရေးရွာရေး ရှိရင်ထလုပ်၊ ဆရာတော်ကျောင်းက ဝေယျာဝစ္စသွားလုပ်နဲ့ဗျာ။ ဘယ်မှာအားလိမ့်မတုံးဗျာ။“ဟဲ့ …တာတေ၊ နင်ဘယ်မှာ …

အောင်မြတ်သာနှင့်ဆရာမနိုင်နှစ်ဆောင်ပြိုင်

အောင်မြတ်သာနှင့်ဆရာမနိုင်နှစ်ဆောင်ပြိုင်°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°#စာရေးဆရာ -ဇေယန(ရာမည)အိမ်ကနေထွက်လာခဲ့တဲ့ သက်ခိုင်တစ်ယောက် ဆရာသခင်စောင့်နေမယ့် ကြံတိုင်းအောင်စေတီသို့ ပြန်လာခဲ့တယ်စေတီပေါ်ရောက်တော့ တနင်္ဂနွေထောင့်မှာ တရားထိုင်နေတဲ့ ဆရာသခင်ကို လှမ်းတွေ့လိုက်တော့ သက်ခိုင် ပြုံးလိုက်မိတယ်သက်ခိုင်လဲ အနှောင့်အယှက်ဖြစ်မှာစိုးတာနဲ့ မိမိနေ့နံဖြစ်တဲ့ သောကြာထောင့်မှာထိုင်ပြီး လက်စွဲတော်စိပ်ပုတီးကို စိပ်နေလိုက်တယ်အချိန်ဘယ်လောက်ကြာသွားတယ်မသိဘူး စေတီမှာချိတ်ဆွဲထားတဲ့ ခေါင်လောင်းသံမြည်တော့မှ သက်ခိုင် သတိပြန်ဝင်ပြီး ပုတီစိပ်ခြင်းအမှုကို ဖြုတ်လိုက်တယ်မျက်လုံးဖွင့်လိုက်တော့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ ဆရာသခင်ကိုတွေ့ပြီး …

အောင်မြတ်သာ နှင့် ဆေးကဝေ (စ/ဆုံး)

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°#စာရေးဆရာ -ဇေယန(ရာမည)ညောင်ကုန်းရွာရှိ ပြဿ နာကိုဖြေရှင်းပြီးတဲ့နောက် ဘေးကပ်လျက်ရှိသော ထန်းပင်ကုန်းရွာသို့ အောင်မြတ်သာနဲ့သက်ခိုင်တို့နှစ်ဦးသားထွက်လာခဲ့လိုက်သည်။ရွာအဝင် ထန်းပင်ကုန်းရွာဆိုတဲ့ ဆိုင်းဘုတ်အရှေ့ရောက်တော့ အောင်မြတ်သာခြေလှမ်းတွေ တုံ ့ခနဲ ဖြစ်သွားတယ်။အနောက်က တစ်ယောက်ယောက်က တားလိုက်သလို ခံစားရတဲ့အတွက် ဘေးဘီဝဲယာသို့ ဝေ့ကြည့်လိုက်တော့ ရွာအပြင် ညောင်ပင်ကြီးပေါ်မှာ.မျက်နှာမကြည်မသာနဲ့ ထိုင်နေသော အဖိုးအို တစ်ယောက်ကို တွေ့လိုက်တယ်။အောင်မြတ်သာလဲ ညောင်ပင်အောက် သွားပြီး …

အောင်မြတ်သာနှင့်မောင်နှံ၇ဖော်

အောင်မြတ်သာနှင့်မောင်နှံ၇ဖော် (စ/ဆုံး)°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°#စာရေးဆရာ -ဇေယန(ရာမည)ဒလိမ်း ဂျိမ်း ဂဒုန်း…….မိုးခြိမ်းသံတွေက အထက်ဝဋာကောင်းကင်ယံမှာ အသူရာနှင့်သိကြားစစ်ခင်းနေသည့်အလား ပြင်းထန်စွာ ထွက်ပေါ်နေသော မိုးတွင်းကာလအချိန်..ကိုရင်မောင်.. မနက်လင်းအားကြီးနေပီ ထတော့ဒီအချိန်ဆို ကွင်းတွေထဲရေလျှံနေလောက်ပီ..ဖားငါးလေးရှာပါဦးတော်.. ဟင်းစားလေးရလိုရငြားမသိန်းရဲ့လှုပ်နိုးမှုကြောင့် ကိုရင်မောင် အိပ်ယာထက်က လူးလဲထလိုက်တယ်…ဝါး… အိပ်လို့ကလဲကောင်းလိုက်တာမသိန်း ..ဒီနေ့ငါနေရာတစ်ခုတွေ့ထားတယ်အဲဒီဘက်မှာ သားငါးပေါတယ်ဘယ်သူမှမသွားရဲလို့ အိုင်တွေထဲမှာ ငါးတွေဆိုတာ ခုန်ပေါက်နေကြတယ်လို့ ဘေးအိမ်က ကိုသာလှ ပြာတာမနေ့ကကြားလိုက်တယ်..…..အိုတော်.. …