November 7, 2025

သင်္ချိုင်းမြေစားသောသူနှင့် မသာရထား (စ-ဆုံး)

အခန်း၁။ကျွန်တော့ အမေသည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ မအူပင်ကျေးရွာအုပ်စုအတွင်းက ဒေါင်းမကျေးရွာ ဇာတိဖြစ်လေ၏။အမေသည် အဖေနှင့် အကြောင်းပါ၍ မန္တလေးမြို့၌ နေထိုင်သော်လည်း နှစ်စဥ် နှစ်တိုင်း ရွာသို့ ပြန်လေ့ရှိသည်။ ထိုအခါ ကျွန်တော်လည်း အမေနှင့်အတူ လိုက်ပါသွားလေ့ရှိ၏။အဖေကမူ လုပ်ငန်းမအားလပ်၍ အမြဲလိုက်ပါခြင်းမရှိချေ။ အမေ့ရွာဖြစ်သော ဒေါင်းမကျေးရွာသည်ထိုစဥ်အခါက လူနေအိမ်ခြေ နည်းပါးသော …

ကံကြီးထိုက်သူ(စ/ဆုံး)

ဤလောက လူ့ဘုံတွင် လူတစ်ယောက်အဖြစ်ရုပ်နာမ်ခန္ဓာ ရရှိလာကြသူများ အားလုံးမှာတစ်နေ့နေ့တစ်ချိန်ချိန်တွင် သေကြရမည်မှာမလွဲမသေပင်ဖြစ်သည်။ သို့ရာတွင် လူတစ်ဦးနှင့်တစ်ဦးမွေးဖွားလာကြပုံချင်း မတူညီကြသလိုသေဆုံးကြပုံချင်းလည်း မတူညီကြ။အချို့မှာ မိခင်ဝမ်းမှ မွေးဖွာစဉ်ကပင်ပင်ပန်းဆင်းရဲမှု ဒုက္ခမျိုးစုံကို ကြုံတွေ့ခံစားရလျက် မွေးဖွားခံခဲ့ကြရလေသည်။ဤသို့ တစ်ဦးနှင့် တစ်ဦး မွေးဖွားကြပုံများ မတူညီကွဲပြားကြခြင်းမှာ တစ်ဦးနှင့်တစ်ဦး အတိတ်ကံများမတူညီခဲ့ကြခြင်းကြောင့်သာ ဖြစ်လေသည်။အတိတ်ကံများကြောင့် လူတစ်ဦးနှင့်တစ်ဦး မွေးဖွားလာကြပုံချင်းမတူညီကြသလို သေဆုံးကြပုံချင်းလည်း …

အောင်မြတ်သာနှင့်ကိုအောင်နိုင်နတ်

အောင်မြတ်သာနှင့်ကိုအောင်နိုင်နတ်+++++++++++++++++++++++++“ ကိုအေးကျော်… ဗျို့ ကို‌အေးကျော်”“ ဟေ.. ဘာတုန်းကွ”“ လမ်း‌ဖောက်ဖို့ဆိုရင် ရှေ့က မြေကမူကို ဖြိုမှအဆင်ပြေမယ်”“ ဖြိုရမယ်ဆိုလဲ ဖြိုပေါ့ကွာ၊ ဘယ်တတ်နိုင်မလဲ၊ မင်းအလုပ်သမားတွေရော အားရဲ့လား”“ ရတယ်ဗျ… ထမင်းစားပြီးတာနဲ့ ဖြိုခိုင်းလိုက်မယ်”လမ်းအလုပ်သမားခေါင်းဆောင် မောင်ဖိုးထွန်းက ထမင်းစားနားနေကြတဲ့အလုပ်သမားတွေဆီ ထွက်သွားတော့ ကိုအေးကျော်လဲ ကျောက်စီနေတဲ့ ဘက်ကိုထွက်လာခဲ့လိုက်တယ်။ကိုအေးကျော်က ကျေးရွာချင်းဆက်လမ်းတွေကို …

အောင်မြတ်သာနှင့်ဘောနက်ကြီးမှငတေလေ

အောင်မြတ်သာနှင့်ဘောနက်ကြီးမှငတေလေ+++++++++++++++++++++++++++++++အောင်မြတ်သာတို့ ဆရာတပည့်တွေ ပဲခူးကနေထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ သစ်ပင်သစ်တောတွေ ထူထပ်စွာပေါက်ရောက်တဲ့ အရပ်ဒေသတစ်ဖြစ်လဲ ဘောနက်ကြီးနယ်မြေအစပ်ကိုရောက်ရှိလာခဲ့ကြတယ်။ထိုစဉ်က ဘောနက်ကြီးဆိုတဲ့ဒေသက ယခုလို လူသူမထူထပ်သေးပဲ သစ်ပင်သစ်တောတွေ ဖုံးလွှမ်းနေသလို တောကောင်ကြီးငယ်တွေ ကျက်စားရာနေရာတစ်ခုလဲဖြစ်ခဲ့တယ်။ဘောနက်ကြီးတောစပ်ကိုရောက်တဲ့နေ့မှာပဲ ခရီးပန်းတဲ့ဒဏ်၊ ရာသီဥတုအခြေအနေတွေကြောင့် မောင်ကောင်းတစ်ယောက် အပြင်းဖျားပါလေရော။အောင်မြတ်သာနဲ့ ခွန်းလှတို့ကလဲ နေမကောင်းဖြစ်နေတဲ့ မောင်ကောင်းကြောင့် ခရီးမဆက်ကြတော့ပဲ သစ်ခုတ်သမားတွေ ဆောက်လုပ်ခဲ့တဲ့ ယာယီတဲလေးတစ်ခုပေါ်မှာပဲ …

မွေးစားသား

မွေးစားသား————–“ဒေါက် … ဒေါက်”တံခါးခေါက်သံကြားလိုက်ရသဖြင့် ဦးဘမြင့်က သတင်းစာဖတ်နေရာမှ ထဖွင့်ပေးလိုက်သည်။“စာခင်ဗျ”ဦးဘမြင့်က မှတ်ပုံတင်စာကို လက်မှတ်ထိုးပြီး လက်ခံလိုက်သည်။စာအိတ်မျက်နှာဖုံးတွင်တွေ့လိုက်ရသည်က “ဘိုးဘွားရိပ်သာအထိမ်းအမှတ်” နှင့် ဘိုးဘွားများပုံစာအိတ်နောက်ကျောတွင် ရေးထားသည်က“အဖေနှင့်အမေအတွက် ကားလက်မှတ်အထဲတွင်ပါသည်” ဆိုသည့် မှတ်ချက်တိုလေး“အဟွတ် … အဟွတ်”ချောင်းဆိုးသံနောက်မှ အဘွားအိုတစ်ယောက် အခန်းထဲက ထွက်လာသည်“ကိုဘမြင့် ဘာလဲ … ဘယ်သူလဲ”“မင်းသားဆီကစာ”“ဘာတဲ့လဲ … …

ဘွားမယ်စိန်နှင့် လက်ပြတ်အောင်သိန်း

စာမူ…၁၇၇စဆုံးတစ်ရက်၌ဘွားမယ်စိန်၏နေအိမ်သို့ ရွာထဲမှရွာသူတစ်ယောက်ရောက်လာခဲ့သည်။ထိုသူမှာတခြားမဟုတ် နုယဥ်ပင်ဖြစ်၏။“ဟယ်…နုယဥ်…ညည်းမလာစဖူး…အလာထူးနေပါလား”“ဟုတ်ပါ့အရီးရယ်…ကျုပ်လည်းလာချင်နေတာကြာပါပြီ…အမေပေါ့တော်…ခိုင်းစရာတွေ မပြီးတော့ဘူးလေ”“အေး…ထိုင်ဦး…ထိုင်ဦး…အရီး လက်ဖက်ပွဲပြင်ဦးမယ်”“အို…မပြင်ပါနဲ့အရီးရယ်…ဧည့်သည်လည်းမဟုတ်တာကို…ဘွား နေကောင်းတယ်နော်…”“ကောင်းပါတယ်သမီးရယ်…ဒါနဲ့ညည်းအမေကော နေကောင်းရဲ့လား…”“အမေလည်း နေကောင်းပါရဲ့ဘွားရယ်…”“အေး…အေး…အေး…ရော့…ရော့…အကြမ်းရေလေးသောက်လိုက်ပါဦး”.“ဟုတ်ကဲ့…”နုယဥ်ကဘွားမယ်စိန်ပေးသောရေနွေးကြမ်းလေးသောက်၍ဟိုသည်ကြည့်ကာ…“ရှင်ညိုတို့…နန်းကြိုင်တို့ကောမတွေ့မိပါလားဘွား”“ညည်းညီမတွေက ခင်မြချစ်နဲ့လယ်ထဲလိုက်သွားကြတယ်…အပျိုလေးတွေဖြစ်နေကြပြီဆိုတော့သွားချင်လာချင်ကြတာပေါ့အေ”“သြော်…ဟုတ်ကဲ့”“ကဲ…ရော့…စားကြည့်ဦးအရီးရဲ့လက်ဖက်ကို…တလောက ရှမ်းပြည်ဘက်ကလက်ဖက်တွေရထားတာ…အရီးလည်း မြေပဲဆီလေးနဲ့အသေအချာကိုနှပ်ထားတာအေ့…ညည်းအဘွားကလည်းလက်ဖက်အကြိုက်သားမလား”ဒေါ်ဝင်းက လက်ဖက်ပန်းကန်ကိုလာချပေးရင်းနုယဥ်ကိုပြောလိုက်သည်။နုယဥ်က လက်ဖက်တစ်ဇွန်းခပ်စားအပြီးခေါင်းကိုညိတ်၍…“တကယ်…စားလို့ကောင်းတယ်အရီး…ကျုပ်အ​ကြိုက်ပဲတော့်”“အေး…ညည်းကြိုက်ရင်အပြန်ယူသွားဦး…အရီးထည့်ပေးလိုက်မယ်သိလား”“နေပါစေအရီးရယ်…အရီးတို့စားဖို့ပဲထားပါ…”“အများကြီးရှိတယ်…ယူသာသွားကြားလား…”“ဟုတ်ကဲ့”ဒေါ်ဝင်းကတော့ သူနှပ်ထားသော လက်ဖက်ကိုကြိုက်သော နုယဥ်ကိုကြည့်၍ ပြုံးနေရှာသည်။ဘွားမယ်စိန်ကတော့ ဒေါ်ဝင်းနှင့်မတူ နုယဥ်၏မျက်နှာအမူအရာကိုအကဲခတ်နေ၏။“နုယဥ်…ညည်း…ဘွားတို့ဆီကိုလာတာ…အလည်သက်သက်ပဲလားအေ့…ဒါမှမဟုတ် တခြားအကြောင်းအရာများရှိသေးတာလား”ဟု…ဘွားမယ်စိန်ကမေးသောအခါ နုယဥ်ကခေါင်းလေးညိတ်ပြီး…“ဟုတ်တယ်ဘွား…ကျုပ်ဘွားဆီကိုလာတာကလည်းပြောစရာလေးရှိနေလို့ပါ…”ဟု…ပြန်ပြောရှာသည်။“ဘာများလဲအေ့”“တခြားအကြောင်းမဟုတ်ပါဘူး…ကိုမောင်အုန်းက ကျုပ်ကိုမခေါ်မပြောဖြစ်နေလို့ပါဘွားရယ်”“ဟေ…ညည်းတို့စိတ်များဆိုးထားကြတာလား”“မဟုတ်ပါဘူးဘွားရယ်…ကျုပ်တို့စိတ်မဆိုးပါဘူး…သူကလည်းကျုပ်အပေါ်ကောင်းရှာပါတယ်”“ဒါဆိုအခုညည်းတို့နှစ်ယောက်ကဘာဖြစ်ကြတာလဲ နုယဥ်ရဲ့…”နံဘေး၌ထိုင်နေသောဒေါ်ဝင်းလည်းမနေသာပဲဝင်မေးတော့သည်။“အဲ့တာ…အမေ့ကြောင့်ပေါ့ အရီးရယ်…”ဟု…နုယဥ်က ပြောရှာသည်။“အဲ့သည်မိန်းမကဘာဖြစ်ရပြန်တာလဲ…ကလေးတွေကြားထဲဝင်ပါနေပြန်တာလားအေ”“အဲ့သည်လိုပဲ …

ဘွားမယ်စိန်နှင့် ရှင်ညိုမွေးထားတဲ့သရဲကြီး

စာမူ…၁၇၆စဆုံးဘိုးမြဲပြောပြ၍ စုန်းညီနောင်တို့၏ဘဝအ​ကြောင်းကိုဘွားမယ်စိန်တို့အားလုံးသိရှိခဲ့ကြသည်။“ဒါဆို…ကျုပ်ကအဘိုးပြောတဲ့ ငသြဆိုတဲ့လူဝင်စားတာပေါ့…ဒါပေမယ့် ကျုပ်ကိုယ်တိုင်ကဘာလို့များဒီအ​ကြောင်းတွေကို မမှတ်မိရတာလဲဗျာ…အဲ့တာမထူးဆန်းဘူးလား…”ဟု…မောင်တိုးသည် ဘိုးမြဲအားမေးရှာသည်။“ဒါကတော့ ကျုပ်လည်းသေချာမသိပါဘူးကွယ်…ဘိုးတော်ပြောသလိုပဲ ဒီဘဝမှာအပြစ်တွေကိုပေးဆပ်ဖို့မွေးဖွားလာကြတယ်လို့ပဲပြောရမှာပေါ့”ဘိုးမြဲက မောင်တိုးကို အသေချာအပင်စိုက်ကြည့်နေသည်။ဘိုးမြဲ၏မျက်ဝန်းများ၌ မျက်ရည်စများကလည်းရစ်သိုင်းလို့နေခဲ့ပေသည်။ဘွားမယ်စိန်…ရှင်ညိုနဲ့ဒေါ်ဝင်းတို့သားအမိမှာဘိုးမြဲနဲ့မောင်တိုးတို့ကိုကြည့်ရင်းသူတို့ရဲ့ ထင်မထားသောဘဝကံကြမ္မာအကြောင်းက်ို အတွေးကိုယ်စီဖြင့်တွေးနေခဲ့ကြသည်။စကားသံများတိတ်ဆိတ်သွားစဥ်…“ဘွားရေ…ဘွား…ဘွားတို့အိမ်မှာ ဆေးဆရာကြီးရောက်နေတယ်ဆို…ကျုပ်ကိုသူကြီးကလွှတ်လိုက်လို့ဗျ…ဆေးဆရာကြီးကိုသူ့အိမ်ပင့်ခဲ့ပါဦးတဲ့လေ….”ဟု…စကားများပြောရင်း ဝိုင်းထဲသို့ ဝင်လာသူမှာမောင်အုန်းပင်ဖြစ်သည်။“လာ…ထိုင်ဦးကွဲ့…ဆေးဆရာကြီးကိုမင်းအရီးကအိမ်မှာ ထမင်းဖိတ်ကျွေးထားတာ…”“ဟာ…မောင်တိုးလည်းရောက်နေတာပါလား”“ဟုတ်တယ်ကိုကြီးအုန်း…”ဘိုးမြဲက မောင်အုန်းကို အံ့သြဟန်ဖြင့်ကြည့်နေသည်။ဒါကို ဘွားမယ်စိန်တို့လည်း သတိထားမိကြ၏။“အဘိုး…ကိုကြီးအုန်းကိုရောသိနေပြန်တာလား”ဟု…ရှင်ညိုကမေးတော့ ဘိုးမြဲကခေါင်းညိတ်သည်။“ဒါဆို…ငထိန်ဆိုတဲ့လူက ကိုကြီးအုန်းပေါ့လေ”ရှင်ညိုကဆက်မေးတော့ ဘိုးမြဲကခေါင်းညိတ်ပြန်သည်။မောင်အုန်းကတော့ ရေနွေးကြမ်းသောက်နေရင်းနားမလည်ဟန်ဖြင့်…“ငထိန်ကဘယ်သူတုန်းဗျ…ဟဲ့…ရှင်ညို …

စုန်းညီနောင်ရဲ့အဆုံးသတ်

စုန်းညီနောင်ရဲ့အဆုံးသတ်စာမူ…၁၇၅စဆုံးအချိန်တစ်ခုကိုကျော်လွန်လာတော့ငသြတို့အားလုံးမှာ သရက်ကုန်းရွာ၌အခြေတကျဖြစ်နေကြပြီးဖြစ်သည်။သို့သော် သရက်ကုန်းရွာသူ၊ရွာသားတို့၏စိတ်၌ ကြောက်စိတ်များလည်း ရှိနေခဲ့ကြပြီဖြစ်၏။အကြောင်းမှာ သရက်ကုန်းရွာတင်မက…ရွာနီးချုပ်စပ်များကပါ…ငထိန်ကို ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ငထိန်သည် မထင်ရင်မထင်သလိုသူ၏ပညာကိုသုံးတတ်၏။ငထိန်နေသော အိမ်အနီးအနားသို့ မည်သူမှမလာရဲပေ။သို့သော်လည်း ငသြကိုတော့ ချစ်ကြသည်။ငသြမှာ သူ၏တတ်ကျွမ်းသည့်ပညာဖြင့် ရွာသူ၊ရွာသားများအတွက်ဆေးဖော်ပေးတတ်ရာ…ငသြနဲ့ ငထိန်မှာရွာသူ၊ရွာသားတို့အမြင်၌ ကွဲပြားနေခဲ့လေသည်။“ငထိန်…ညီလေး…မင်း…နည်းနည်းလောက်တော့ရွာကိုညှာတာပါဦးကွာ…မင်းလုပ်နေပုံက ကြာရင်ငါတို့အားလုံး ဒီရွာကနေထွက်ပြေးနေရပါမယ်ကွာ…”“အစ်ကိုကလည်းဗျာ…ကျုပ်ကိုအခုမှတော့မတားပါနဲ့တော့…ကျုပ်ကိုဘယ်သူမှမော်မကြည့်ရဲအောင်ကျုပ်ပညာပြနေတာဗျ…ကျုပ်ကိုမတားနဲ့ဗျာ…..”ငထိန်မှာ ထိုသို့ပြောပြီး အိမ်ပေါ်သို့တက်သွားတော့သည်။အိမ်အပေါ်ထပ်၌ ငထိန်တစ်ဦးထဲသာနေသည်။အောက်ထပ်ရှိအခန်းနှစ်ခန်း၌တော့ ငသြတို့လင်မယားနဲ့မောင်မြဲတို့ တစ်ခန်းစီနေကြလေသည်။ငထိန် ၏အပြုအမူအပြောအဆိုကြောင့် ငသြသက်ပြင်းချလေရာ …

ရေကြက်သား၂

သောင်းမြင့်ဦး(ကွမ်းခြံကုန်း)ရေကြက်သားထမင်းစားချိန်ကလည်း လင့်သွားသည်အပြင် ဟင်းကလည်း ရှားရှားပါးပါး တစ်နှစ်လုံးနေလို့မှ တစ်ခါစားရရန် မလွယ်ကူသည့် ‘ရေကြက်သား’ဆီပြန်၊ ပဲစောင်းလျှားသီးပြုတ်တို့စရာနှင့် အဖျော်စပ်နိုင်နိုင်ဖြင့် ဖျော်ထားသည့် ငါးစင်ရိုင်းရေချိုငါးပိရည်။သည် အတို့အမြှုပ်နှင့် ဟင်းလျာတို့က နို့ဆီဘူးသုံးလုံးချက်ဟူသော ထမင်းကို တစ်ခဏအတွင်း အပြတ်ရှင်းပစ်လိုက်သည်။ စားသည့်သူက များများစားစားမဟုတ်။ ကိုချမ်းအေးနှင့် ကြည်လှတို့ နှစ်ယောက်တည်း။ကိုချမ်းအေးနှင့် ကြည်လှ အလုပ်လုပ်နေရာ …

ကျားရဲနှင့် သစ်ပင်ထက်ကလူ၂

တင့်ထူး(ဇေယျဝတီ)ကျားရဲနှင့် သစ်ပင်ထက်ကလူရန်ကုန် မန္တလေးသွား ကားလမ်း၊ မီးရထားလမ်းအနောက်ဘက်တွင် ပဲခူးရိုးမကြီးက တောင်နှင့် မြောက် တန်းကာ တည်ရှိနေလေသည်။ထိုရိုးမကြီး တည်ရှိနေခဲ့ခြင်းကြောင့် ကျေးလက်နေထိုင်ကြသူများ အိမ်အတွက်လိုအပ်သည့် ဝါးများ၊ ထင်းများ၊ ပျဉ်များ၊ ကြိမ်၊ လျှော်နှင့် သက်ကယ်က အစ ရိတ်ယူနိုင်ကြသည်။ထိုရိုးမကြီးပေါ်တွင် ဝါး၊ သစ်မျိုးမျိုး၊ ကြိမ်၊ လျှော် …