November 5, 2025

နေသေးသပ ချုံထဲက

မောင်သိက္ခာနေသေးသပ ချုံထဲက(၁)ချုံထဲမှာခို၍ ချိုသွေးနေသော ကျွဲပေါက်ကို အကြောင်းပြုပြီး “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသော စကားပုံတစ်ခု ပေါ်ထွန်းလာခဲ့သည်ဟု မှတ်သားမိဖူးပါသည်။ယခု အဘဉာဏ်နှင့် ကြွက်နီတို့ မြေးအဘိုးနှစ်ယောက် တွေ့ရသော ချုံထဲမှ သတ္တဝါမှာ ချိုသွေးနေသော ကျွဲသိုးပေါက်တစ်ကောင် မဟုတ်ပါ။ ကုန်းပေါ်မှာ အလေ့ကျပေါက်နေသော ချုံလည်းမဟုတ်ပါ။ …

ကျွန်တော် ရေလုပ်သား

အေးသန်း(သစ်တော)ကျွန်တော် ရေလုပ်သားကျွန်တော့်နာမည် ဘိုနီပါ။ အလုပ်ကတော့ ငါးဖမ်းတာပါဘဲ။ အသက် ငါးဆယ်ပြည့်ပါတော့မယ်။ မယား လှစိန်နဲ့ သားသမီးငါးယောက်လဲ ရှိပါသေး တယ်။ဒီအလုပ်ကို စ,လုပ်တာ ငယ်ငယ်ကတည်းက ဆိုပါတော့။ မျိုးရိုးလုပ်ငန်း ဆိုပါတော့။ လူမှန်းသိတတ်စကတည်းက ကျွန်တော့်အဖေ ငါးဖမ်းထွက်ရာ ချင်းတွင်းမြစ်ရိုးမှာ ကျင်လည်ကျက်စားရင်း ငါးဖမ်းတဲ့ ပိုက်ပုံကြီးတွေပေါ် အိပ်လိုက်၊ …

မုဆိုးနှင့် ကျား

ဖိုးကျော့မုဆိုးနှင့် ကျားနတ်တောင်ခြေဘက်မှ ရေခဲကွဲသံများကို ညစဉ်လိုလို ကြားလာရသည်။ တစ်ဆောင်းလုံး ရေခဲပြင်ဖြစ်နေခဲ့သော ရေခဲချောင်းများလည်း ရေစီးစ ပြုလာကြပြီ။ သက်ငယ်မိုး အိမ်ခေါင်များပေါ်တွင် နေရောင်ခြည်များ ပြန့်ကျဲနေသည်ကိုလည်း မြင်ရပြီ။ရေခဲပျော်ချိန် ရောက်ပြီဆိုလျှင် အရှေ့မြောက်ဖျားနေ မုဆိုးကြီးများသည် ကတိုးလိုက် ထွက်တတ်ကြသည်။ သူတို့ ကတိုးလိုက်ရသော တောင်တွေမှာ ရေမျက်နှာပြင်မှ ပေကိုးထောင်၊ …

ရေမုဆိုး

သောင်းမြင့်ဦး(ကွမ်းခြံကုန်း)ရေမုဆိုးနွေလယ်နေ၏ အပူရှိန်သည် ပူပြင်းအိုက်စပ်လွန်းလှသည်။ ကိုချမ်းအေးသည် တိုးမြစ်ကမ်းနားဘေးရှိ တစ်ခုသော ကုက္ကိုပင်ရိပ်အောက်ဝယ် နေပူဒဏ်ကို ကာကွယ်ခိုလှုံရင်း မြစ်အတွင်း ရေချထားသည့် မိမိအငှားကျောင်းသော ကျွဲများ ရေစိမ်နေသည်ကို ကြည့်နေမိသည်။ရာသီဥတု အပူအအေးဒဏ်အား ခံနိုင်ရည်ရှိလှသော ကျွဲများသည်ပင်လျှင် မြစ်ရေအတွင်းဝယ် ဦးခေါင်းကလေးများသာဖော်၍ ရေစိမ်နေကြသည်။ အချို့အကောင်များဆိုလျှင် ရေပင်ငုပ်လိုက်ချေသေးသည်။ကျွဲကြီး ၄ ကောင် …

ရိုးမပေါ်က ရွက်ပုံးသီး

ထွန်းတောက်ရိုးမပေါ်က ရွက်ပုံးသီးအသက်(၂၁)နှစ်အရွယ်ရှိ ငမဲဩသည် နာမည်နှင့်လိုက်အောင် အသားကမည်းသည်။ လူကောင်ကသေးသော်လည်း အသံက ကျယ်လောင်သည်။ခန္ဓာကိုယ်ကကျစ်လစ်ခိုင်မာသည်။ အရပ် (၅)ပေ (၂)လက်မသာ ရှိသည်။ဖုထစ်ကြွက်သားများက အမြောင်း အမြောင်းထလျက် ရှိသည်။ လူလုံးလူထည်နှင့်မလိုက်အောင် အား ကောင်းမောင်းသန်သည်။ နွားမဒန်းလေးတစ်ကောင်ကို ဦးချိုကိုင်ပြီး ဘိုင်းဘိုင်းကျ လှဲချပစ်နိုင်သည်။(၁၆)ပြည် ဝင် ဆန်အိတ် (၂)အိတ်ကို …

မုဆိုးနဲ့ သားကောင်

လေးမောင်မုဆိုးနဲ့ သားကောင်မုဆိုးအလုပ်ဆိုသည်က အိမ်မှာမွေးထားတဲ့ အိပ်တန်းတက်နေတဲ့ ကြက်ကို ရိုက်ချက်စားလိုက်တာလောက် လွယ်ကူသည့်အလုပ်မျိုး မဟုတ်။တောကြီးအတွင်းဆီသို့ ဝင်ရောက်ပြီး အမဲသားကောင်များကို ပစ်ခတ်တော့မည့် မုဆိုးတစ်ယောက်အဖို့ တောတွင်းရှိ သားကောင်တစ်မျိုးချင်းတို့၏ သဘာဝစရိုက်၊ နေထိုင်စားသောက်တတ်ကြပုံ၊ လှုပ်ရှား သွားလာပုံ၊ အော်မြည်ဟစ်ကြွေးတတ်ကြပုံတို့အပြင် ထိုသားကောင်တို့၏ အသံများတို့သည် မိမိလုပ်ငန်းနှင့် မည်ကဲ့သို့ ဆက်နွယ်ပတ်သက်လျက် ရှိသည်ကို …

မှိုကျင်းအန္တရာယ်

လေးမောင်မှိုကျင်းအန္တရာယ်လဟာမငယ်ဆိုသည့် တောက ညို့မှိုင်းနေသည်။ထိုတောက အင်တိုင်းဆန်သည့် တောမျိုးမို့ ဝါးပင်ပေါက်ကလေးတို့က ခပ်ကျဲကျဲခပ်ဝိုင်းဝိုင်းကလေးတို့နှင့်၊ ပြီးတော့ ထိကရုန်းဆူးပေါက်ပင်၊ တောင်ထန်း၊ လက်မဲ၊ ကြိမ်နွယ်ပင်၊ ဇီးဖြူပင်၊ ချုံနွယ်နှင့် မြက်ပင်တို့ ရောထွေးပေါက်ရောက်နေသည့်အတွက် ဗြုံးခနဲ မြင်လိုက်သည်နှင့် ဖုန်းဆိုးတောကြီးဟု ထင်မှတ်နိုင်သည်။ထိုတောသည် ကျယ်ပြန့်နက်ရှိုင်းပြီး သားကောင်တို့ အလွန်ပေါသည်။ ဖုန်ဆိုးတောဆန်သလို အပင်ပေါက်တို့နှင့် …

တောဘုရင်

ခင်မောင်အေး(မန္တလေး)တောဘုရင်တောသည် ပကတိ တိတ်ဆိတ်နေသည်။ ကျားပေါက်ကလေးက သူ့မိခင် ကျားမကို စိတ်ဝင်စားစွာ တအံ့တဩ ကြည့်လိုက်သည်။ သူ့မိခင်ကြီးကို သူချစ်သည်။ လေးစားရိုသေသည်။ သူ့မိခင်က သူ့ကိုအလွန်တရာ ကြင်နာသည်။ သူတို့အတွက် အစာရှိသည်။ သည်စားစရာက သူတို့ကို ငံ့လင့်နေသည်။ထိုအစာကား ယမန်နေ့က သူတို့ ကိုက်သတ်ထားသော အမဲအသေကောင်ဖြစ်သည်။ အမဲအသေကောင် …

အတွေအကြုံကပေးသော သင်ခန်းစာ

မောင်လွမ်းသူအတွေအကြုံကပေးသော သင်ခန်းစာ“ဒီကောင်ကြီးဟာ သိပ်ပါးတာဗျာ။ လယ်မှည့်ချိန်တိုင်း ကျုပ်လယ်ကို ခိုးခိုးစားနေတာ သုံးလေးနှစ် ရှိပြီ။ ဘယ်လိုမှ ချောင်းလို့ မရဘူး။ တစ်နှစ်ကလဲ ဝက်ကျုံးတူးလို့ ကျင်းကျ မောင်းပြီးပြီ။ ဒါလဲ မကျဘူး၊ မောင်းသူတွေကြားက ဘေးလှည့်ထွက်သွားပြီ။ဒီနှစ်လဲ ကျုပ် လှံနဲ့ ထိုးမလို့ ချောင်းတာ ခဏခဏပဲ။ လှံတစ်ကမ်းနေရာအထိကို …

တောဝက်သားခြောက် နှစ်ပိဿာ

ထွန်းလှိုင်(မြိုင်)တောဝက်သားခြောက် နှစ်ပိဿာဆရာမောင်တင်ထွေး နတ်မောက်မြို့နယ်တွင် တာဝန်ထမ်းဆောင်စဉ်က ဖြစ်၏။ နံနက် ၁ဝ နာရီ အချိန်တွင် လဲဘူးရွာဥက္ကဋ္ဌ ဦးမောင်မြ ထွန်စက်ဖြင့် ရုံးရှေ့သို့ ရောက်လာ၏။“ဆရာရှိလား… ဆရာရှိလား”ဟု အော်၍ လက်ထဲမှာလည်း ယုန်ကင်တစ်ကောင်ကိုင်လျက် ရုံးထဲဝင်လာ၏။“ဥက္ကဋ္ဌကြီးလာမယ်ဆိုလို့ စောင့်နေတာပါဗျာ”ဆိုပြီး လုပ်လက်စ ရုံးလုပ်ငန်းကိုရပ်ထား၍ ဧည့်ဝတ်ပြုလိုက်၏။“ဆို. . . …