ရွှေဖြစ်သွားသော ငါးမျှားချိတ်
သန်းမြင့်သန်း (ကွမ်းခြံကုန်း)ရွှေဖြစ်သွားသော ငါးမျှားချိတ်“ဖိုးဆိတ်ရေ … နင့်ဘထွေး ခေါ်နေတယ်ဟေ့”ထွေးလေး ဒေါ်တဆုပ်၏ စူးစူးရှရှအော်ခေါ်သံကို ကြားလိုက်ရ၏။စီခနဲ ပေါ်လာသောအသံကြောင့် ဖိုးဆိတ် အာရုံနောက်သွား၏။ အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်ချေပြီ။စိန်မြသည်ပင် ဖိုးဆိတ် အနီးမှ ခပ်ခွာခွာနေလိုက်ရ၏။ နှစ်ကိုယ်ကြား စကားစမြီ ပြော၍မှ မဝသေး၊ စိန်မြ အနားမှ အမြန်ထွက်ခွာခဲ့ရသည်။“လာပြီ ထွေးလေးရေ …