November 5, 2025

ကျားမ၏ ရန်ငြိုး

ဗိုလ်လုံကျားမ၏ ရန်ငြိုးကျား၊ ခြင်္သေ့နှင့် ကျားသစ်တို့သည် တော၏ အရှင်သခင် ဘုရင်များပင် ဖြစ်ပါသည်။ကျားသည် အာရှတိုက်ရှိ တောများတွင် ဘုရင်ဖြစ်သကဲ့သို့ ခြင်္သေ့သည် အာဖရိကတိုက်ရှိ တောများတွင် ကြီးစိုးမင်းမူပါသည်။တောတွင်းရှိ မြက်စားသည့် ခြေလေးချောင်းသတ္တဝါများသည် ထိုတောဘုရင်များ၏ အစာဖြစ်ပါသည်။ထို့ကြောင့် သတ္တဝါများသည် ထိုတောဘုရင်များကို အလွန်ကြောက်ကြရပါသည်။ သို့သော်လည်း ထိုတောဘုရင်များသည် တောကောင်များကို …

ဝါဆိုလပြည့်ည

ဖျာပုံလှမိုးနွယ်ဝါဆိုလပြည့်ညစောစောက မိုးဖွဲဖွဲရွာသည်။ယခုတဖန် နေကလေး ပွင့်လာသည်။သစ်ရွက်စိမ်းလေးများပေါ်မှ မိုးရေစက်ကလေးများသည် နေရောင်ဖြင့် တောက်ပနေသည်။ လေပြင်းဝှေ့တိုင်း သစ်ရွက်စိမ်းများသည် မိုးရေစက်ကလေးများအား ခါချကြသည်။တောတခုလုံး တသောသော တဝေါဝေါ ဖြစ်သွားသည်။မိုးတဖျောက်ဖျောက်တွင် ငြိမ်ကုပ်နေသော ငှက်များသည် လန့်ဖျတ်သွားရာမှ တကျီကျီ တကျာကျာ အော်မြည် ပျံဝဲကြသည်။ကျော်လှသည် တောတခုလုံးကို ငေးမောကြည့်နေရာမှ သက်ပြင်းချလိုက်မိသည်။ယနေ့ ဝါဆိုလပြည့်နေ့ …

ချိုးငတင်

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)ချိုးငတင်အနောက်ဖက်အင်တိုင်းတလျှောက်ဝယ် ညံညံစာစာ တွန်ကျူးလျက်ရှိကြသည့် “တက်တက်တူး ခါခါ” အသံများ ထုတ်လွင့်ရာ ခါအုပ်ကို အပျင်းပြေ ပစ်ခတ်ရေးအတွက် တပ်ကြပ်ကြီးသန်းထွန်းကို ခေါ်ဆောင်ကာ ကျွန်တော်သည် ၁၂-ဘို့ သေနတ်တလက်စီ ယူဆောင်ကာ ရေစပ်စပ်နှင့် လယ်ကွင်းကိုဖြတ်ကာ လာခဲ့ကြသည်။သို့ရာတွင် ရုတ်တရက် လေပင့်ဆော်အလိုက်တွင် တဖြောက်ဖြောက် ရွာချသည့်မိုးကို ရှောင်ကွင်းရန်အတွက် အင်တိုင်းတောစပ်နှင့် …

ချေချေး မုဆိုးလန့်

မင်းရဲကျော်ချေချေး မုဆိုးလန့်ကချင်ပြည်နယ် မံစီကျေးရွာ (ယခုမံစီမြို့နယ်)၏ အရှေ့တောင်ဘက်တွင် လယ်ကွက်များရှိ၏။ ထိုလယ်ကွက်များသည် မုရင်းစပါးလယ်များသာဖြစ်၏။ မံစီကျေးရွာကြီးမှာ ဗန်းမော်နှင့် နန်းခမ်းသွား ကားလမ်းကြီးပေါ်၌ တည်ရှိသည်။“ဆရာကျော်”“အေး”“ကျွန်တော်တို့ နမ့်မော်လွင်ချောင်းဘေးမှာ ဟင်းလျာရှာရအောင်”“ဟုတ်တယ် ဆရာကျော်၊ မိုးကျော် ပြောသလို ဟင်းငတ်နေတယ်”“ဒါဆိုလည်း ငါ ဆရာကြီး ပြောမယ်လေ”သို့နှင့် ကျွန်တော်သည် ဆရာကြီးမောင်မောင်နှင့် ဗိုလ်ကြီးခင်မောင်ယဉ်တို့ကို …

မေတ္တာကမ္ဘာ ခြားပေမယ့်

ရွှေဘိုစောလွင်မေတ္တာကမ္ဘာ ခြားပေမယ့်(၁)သာထူး ဆင်ကျောင်းစခန်းမှ ပြန်လာတော့ နေစွယ်ကျိုးစ ပြုနေပြီ။ တပေါင်းလ နေလုံးသည် တရွေ့ရွေ့ယိမ်းငဲ့နေ၏။ တပေါင်းနေရှိန်ကြောင့် အပြင်တွင် ချစ်ချစ်တောက် ပူပြင်းနေသော်လည်း တောအုပ်မြိုင်တကြောတွင်မူ သစ်ရိပ်စမ်းရိပ်တို့ကြောင့် အေးမြနေ၏။ပန်းပေါင်းစုံ ဖူပွင့်သော တပေါင်းလဖြစ်၍ တောပန်းရနံ့များကလည်း ပတ်ဝန်းကျင်တခုလုံး သင်းမြကြိုင်လှိုင်နေသည်။ အထူးသဖြင့် အင်ကြင်ပန်းရနံ့တွေက လေထဲတွင် ထူးကဲစွာ …

ကျတ်ကုန်းတစ္ဆေ

ကိုမြိုင်ဉာဏ်(ဆင်ဖြူကျွန်း)ကျတ်ကုန်းတစ္ဆေနှင်းငွေ့တွေကြောင့် လယ်တောပြင်ကြီးတစ်ခုလုံး မှိုင်းပျပျ ရှိနေသည်။ နတ်တော်လဆန်းစပင် ဖြစ်လင့်ကစား နှင်းအကျများပြီး အအေးလွန်ကဲလှပေသည်။ တန်ဆောင်မုန်း မိုးက ကောင်းခဲ့သည်ကိုး။မိုးကုပ်စက်ဝိုင်း အောက်ခြေမှ နေလုံးရဲရဲက မျက်လုံးဝါဝါကြီး ဖွင့်ကြည့်လိုက်သလို ရဲရဲညီးညီးပေါ်လာ၏။နံနက်စောစော ချမ်းချမ်းစီးစီးမို့ တချို့က အိပ်ရာထဲ ဇိမ်ဖြင့် ကွေးနေချင် နေမည်။ တချို့က မီးဖိုဘေး မီးလှုံနေချင် …

အကျဉ်းအကြားမှ ပျော့ကွက်

#ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)အကျဉ်းအကြားမှ ပျော့ကွက်ချွတ်ခနဲ မိမိခြေထောက်နှင့် မတော်တဆတိုက်မိသည်ကြောင့် ကြိမ်နွယ်နှင့် ငြိရာမှ ရုတ်တရက် ထွက်ပေါ်လာသည့်အသံကြောင့် မုဆိုးပေါက်စဖြစ်သူ မောင်ဘိုးဟန်သည် ကိုယ်ကိုတွန့်၍သွားပြီး ကိုယ်ရှိန်သတ်လိုက်သည်။ ပြီးမှ ပတ်ဝန်းကျင်ကို တစ်ချက်သိမ်းကျုံး၍ တောတောင်အခြေအနေနှင့် ခြေရာရှင်သားကောင်ကြီး၏ လှုပ်ရှားမှုကို အကဲခတ်လိုက်မိသည်။တစ်တောလုံး တစ်တောင်လုံး ဆိတ်ငြိမ်နေသည်ကို တွေ့ရမှ မောင်ဘိုးဟန်သည် သက်ပြင်းကလေးချကာ မူလတွေ့ရသည့် …

မိုးသည်းသည်းမှာ

#မောင်မြင့်မား(ဘိုကလေး)မိုးသည်းသည်းမှာကိုတိုးစိန်က တံတားထိပ်တွင်ရပ်ကာ မြစ်ထဲကိုကြည့်လိုက်သည်။မြစ်ရေက လှိုင်းကြက်ခွပ်ကလေးများထကာ တသွင်သွင်စီးနေဆဲ။ ညနေရေဆိုရင်တော့ ပိုက်ချမှဖြစ်တော့မည်။ တဲမှာက စားစရာမရှိတော့။ မြစ်နား ချောင်းနား လယ်နားဆိုတော့ ဆန်နှင့် ဟင်းချက်စရာ သားငါး မပူရသော်လည်း နေ့တိုင်းကြတော့ သားငါးမစားချင်ါ ကြာတော့ ညှီစော်နံလာသည်။ထိုကြောင့် ဟင်းချက်စရာဘိုးအတွက် ကိုတိုးစိန် ပိုက်ချမှ ဖြစ်တော့မည်။ဇနီးသည်နေမကောင်းသောကြောင့် ကိုတိုးစိန် …

မုဆိုးပရိယာယ်နှင့် သားကောင်

#အောင်ခင်စိုးမုဆိုးပရိယာယ်နှင့် သားကောင်နေဝင်သည်နှင့်တစ်ပြိုင်နက်ထဲ မခံမရပ်နိုင်အောင် စိမ့်၍အေး၍ လာသော ကချင်ပြည်နယ်၏ဆိုးဝါးသောရာသီဥတုအရှိန်ကို ပြသလေတော့ သည်။ ထို့ကြောင့်လည်း တပ်စခန်းစည်းရိုးအတွင်းရှိ ဘန်ကာကျင်းအလယ်တွင် မီးဖိုကြီးဖို၍ ကျွန်တော်တို့ကို နွေးစေရပါသည်။ ထိုအချိန်မှာပင် စခန်းရိက္ခာအတွက် တောင်ယာတဲများမှဝယ်ယူ စုဆောင်းထားသော စခန်းအနောက်ဖက်ရှိ ကြက်ခြံဆီမှ ရုန်းကန်သံနှင့် ကြက်တွေ ဆူညံနေတော့၏။ကျွန်တော်နှင့် လမ်းပြမုဆိုးကြီး လမုန်ထန်တို့ …

ရေဝက်မြူးချိန်

#ဖျာပုံလှမိုးနွယ်ရေဝက်မြူးချိန်မိုးသက်လေနှင့်အတူ မိုးပေါက်ကြီးငယ်များ ဝေါခနဲ ရွာချသည်။ တောတစ်ပြင်လုံး ဟည်းထအောင် တဝေါဝေါ ဆူညံနေသည်။မိုးဦးကျချိန် ဖြစ်သည်။ ပူလောင်အိုက်စပ်သော မိုးဦးအရွာနှောင်းသောကာလ နယုန်လဆန်း (၁၄) ရက်ည မိုးရိပ်တို့ကြားမှ တိုးထွက်၍ ထိန်ထိန် သာသောလရောင်သည် အုပ်ဆိုင်းသောတောအတွင်း ပြောက်ပြောက်ကျားကျား ကျဆင်းထိန်လင်းသမျှ မှောင်အတိကျနေသည်။မိုးသက်လေက ပြင်းသည်။ သင်ပေါင်းချောင်းရိုးထဲရှိ သစ်ပင်သစ်ကိုင်းတို့ …