သမဲ့ပင်နုတ် ငါးတန်အုပ်
#မြေလတ်မင်းလွင်သမဲ့ပင်နုတ် ငါးတန်အုပ်ကျွန်းသာယာရွာတွင် ကျားလုံးပိုက်များဖြင့် တန်းထိုးထောင်သော ရေလုပ်သားကြီးများနေထိုင်ကြသည်။ ဂျွမ်းပိုက်ထောင်သူနှစ်ဦး၊ သုံးဦးမှအပ ကျန်ရေလုပ်သားကြီးများမှာ တန်းထိုးပိုက်ကိုသာ ထောင်ကြသည်။ရေလုပ်သားများ ငါးဖမ်းရာတွင် ပိုက်ထောင်နည်း အသီးသီးရှိသကဲ့သို့ ငါးဖမ်းသည်လက်နက်ကိရိယာများလည်း စုံလင်လှသည်။အင်္ဂလန်ပိုက်၊ ကျားလုံးပိုက်၊ ဂျွမ်းပိုက်၊ တန်းပိုက်၊ ငါးမျှားတန်းစသည်ဖြင့် ပိုက်အမျိုးအမည်များ သလောက် ငါးဖမ်းနည်းလည်း စုံလင်လှသည်။ကျွန်းသာယာရွာရှိရေစင်များသည် လျှပ်စစ်အင်ဂျင်မီးများထိန်ထိန်လင်းနေသည်။ ရေစင်ဆိုသည်မှာ …