ဇာတ်ကြောင်းပြန်
မောင်နီဆန်း(ရေစကြို)ဇာတ်ကြောင်းပြန်(၁)ပွဲတော်ရက်က တော်တော်လိုသေးသည်။ပွဲအကြောင်း၊ ဇာတ်အကြောင်း၊ သဘင်အကြောင်းက တမြို့လုံး မိုးမွန်နေချေပြီ။ နေရာတကာမှာပင် ဇာတ်ပွဲအကြောင်းက နေရာယူနေတော့၏။ကံထရိုက်ကလည်း လျင်သည်။ရပ်ကွက်အစုံ၊ လမ်းဘေးအစုံ၊ ဈေးဆိုင်အစုံ၊ နေရာ အစုံစုံမှာ ဇာတ်ပွဲပိုစတာတွေက ရှောင်မလွတ်တော့။ ဆိုက်ကားဘော်ဒီဘေး၊ မြင်းလှည်းဘော်ဒီဘေးမှသည် မော်တော်ကားဘော်ဒီဘေးအထိ ယာဉ်ရထားအစုံစုံမှာလည်း ဇာတ်ကြော်ငြာတွေက အနှံ့။မမြင်ချင်အဆုံး၊ မကြည့်ချင်အဆုံး။ဇာတ်သတင်းကလည်း မကြားချင်အဆုံး။“ပွဲတော်ကို လာခဲ့ကြအုံးနော်၊ …