ပန်းဆင်ကြီး
ကုသပန်းဆင်ကြီး(၁)၁၉၃၄ ခုနှစ်၊ မတ်လအတွင်း ဖြစ်လေသည်။ကျွန်ုပ် မောင်ရဲနှင့် မောင်သန်းခေါင်တို့သည် ကသာခရိုင်၊ ပင်လယ်ဘူးမြို့နယ်အဝင် မန်ဒန်အမည်ရှိသော အလွန်တောကျသည့် ရွာငယ်ကလေးတစ်ရွာသို့ ရောက်ရှိလာပြီး ရွာခေါင်းကြီး ကိုဖိုးစု၏ နေအိမ်တွင် စခန်းချကာ တည်းခိုနေထိုင်လျက် ရှိကြတော့သည်။သို့ ရောက်လာကြခြင်းမှာ ယင်း မန်ဒန်ရွာကလေး၏ ပတ်ဝန်းကျင်တွင် ရွာသားများ စိုက်ထားကြသော ပြောင်းဖူးနှင့် …