November 5, 2025

မာန​၏ သားကောင်များ၆၆

အောင်နိုင် (တက္ကသိုလ်)မာန​၏ သားကောင်များ“ဘာမပိုင် တာဝေလို ငှပြန်တော့ ရာဇဂြိုဟ် သာကေတငယ်နဲ့ ဗာရာဏရယ်တဲ့ ဟဲ့ တက္ကသိုလ် ဟို ဟို ၊ အညီတွေးလိုက်ပြန်တော့ ဒီလေးပြည် ဗဟိုအလယ်တင့် ခို စဖွယ် ထိုဝယ် ခရီးမှာတော့၊ မှောင်စိုစို ညောင်ညိုကြီးရယ်ကွယ်၊ ထီးထီးဟီး ဖြန့်သလို ဟို …

အောင်မြတ်သာနှင့်လူရွတ်ငအောင်

++++++++++++++++++++++++“ ငအောင်.. တောင်ပေါ်မှာ ဘိုးတော်လိုလို ဘာလိုလို လူတွေရောက်နေတယ်တဲ့”မောင်မြင့်စကားကြောင့် အရက်ခွက်ကိုကိုင်ထားတဲ့ ငအောင်က စုတ်တစ်ချက်သပ်လိုက်ပြီး“ ဘိုးတော်မကလို့ ဘာပဲရောက်ရောက် မင်းနဲ့ဘာဆိုင်လို့လဲ၊ သောက်စရာရှိတာသောက်”ငအောင်က အရက်ခွက်ကို ဇောက်ခနဲချပေးလိုက်ပြီး စားပွဲပေါ်မှာရှိတဲ့ ငါးခြောက်တစ်ဖတ်ကို ကောက်ဝါးလိုက်တယ်။“ ငါက ဒီတိုင်းပြောပြတာပါကွ”“ အဲဒါတွေ ငါစိတ်မဝင်စားဘူး၊ ငါစိတ်ဝင်စားတာက စာသင်ကျောင်းထဲက ကောင်ပဲ”“ …

အောင်မြတ်သာနှင့်ရွှေမြင်တင်တောင်

++++++++++++++++++++++++++လရိပ်က မြသပိတ်စေတီပေါ်ကို အလုံးစုံဖြာကျနေပြီး ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေခဲ့တယ်။စေတီရဲ့ အရှေ့ဘက်မှာတော့ ဝါးပါးရေလှောင်တမံကြီးက မှန်တစ်ချပ်ချထားသလို ကြည်လင်နေပြီး ဘေးပတ်ပတ်လည်ပေါက်ရောက်နေတဲ့ သစ်ပင်သစ်တောတွေကလဲ အိပ်မောကျနေသဖွယ် ငြိမ်သက်လျက်ရှိနေခဲ့တယ်။စေတီရဲ့ရင်ပြင်ပေါ်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေရဲ့ ဂုဏ်တော်ရွတ်ဖတ်သံ‌က တိတ်ဆိတ်နေမှုကို ထိုးဖောက်ပြီး ခပ်မျှင်းမျှင်းလေးထွက်ပေါ်နေခဲ့တယ်။“ ချွင် ချွင် ချွင်”လေမတိုက်ပဲရုတ်တရက် မြည်လာတဲ့ ဆည်းလည်းသံတွေနဲ့အတူ တောင်ဘက် လှေကားပေါ်ကို …

အောင်မြတ်သာနှင့်အစွဲလက်ကောက်

အောင်မြတ်သာနှင့်အစွဲလက်ကောက်++++++++++++++++++++++++++“ ဒေါင် ဒေါင် ဒေါင် ဒေါင်”ရပ်ကွက်ထိပ် ကင်းတဲကနေ ထွက်ပေါ်လာတဲ့ သံချောင်းခေါက်သံကြောင့် မောင်မြနဲ့ ဖိုးလှတို့နှစ်ဦး ဘူးသီးစင်အောက်ကနေ ကပြာကယာ တိုးထွက်လာခဲ့ကြတယ်။“ ဘူးသီးက နုဖတ်နေတာပဲဟေ့ကောင်ရ၊ ဒီညတော့ ကြက်ဘူးလေးဆွဲရတော့မယ် ဟီးဟီး”“ ဒေါ်ဖွားစိန်တော့ မနက်ကျရင် သူ့ဘူးသီးပျောက်လို့ ဒေါသူပုန်ထနေမှာ မြင်ယောင်သေး”နှစ်ယောက်သား တခွီခွီလုပ်ရင်း ဘူးသီးကို …

အောင်မြတ်သာနှင့်ခြေမီးတောက်နတ်

++++++++++++++++++++++++++“ အမလေး…. ကယ်ကြပါဦး၊ ကယ်ကြပါဦးဗျာ”အလန့်တကြားအော်ဟစ်ရင်း ထွက်ပြေးလာတဲ့ ကျော်နုကြောင့် ထင်းစည်းတွေ ချည်နှောင်နေတဲ့ အဖွဲ့သားတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။“ ကျော်နု ဘာဖြစ်တာလဲ…”“ ငါ့ကို ငါ့ကို ကယ်ပါဦး… ငါ့ကိုကယ်ကြပါဦးကွာ”ကျော်နုက တောထဲကိုလက်ညိုးထိုးကာ အော်ဟစ်ရင်း အရုပ်ကြိုးပြတ်လဲကျသွားခဲ့တယ်။“ ကျော်နု .. သတိထားဦးလေ”စိုးထွေးက ကျော်နုကို လှုပ်ခါရင်းမေးလိုက်ပေမယ့် စကားမေးမရတာကြောင့် …

အောင်မြတ်သာနှင့်ဒေးစွန်ပါသိုက်

အောင်မြတ်သာနှင့်ဒေးစွန်ပါသိုက်+++++++++++++++++++++++“ တီ တီ တီ”ခရီးသည်တွေအပြည့်တင်ဆောင်လာတဲ့ ဟိုင်းလက်ကားတစ်စီးက ဘုရားကြီးလမ်းဆုံကနေ ဟွန်းသံပေးပြီး ခပ်ကြမ်းကြမ်း မောင်းနှင်သွားတာ ကြောင့် လမ်းဖြတ်ကူးဖို့လုပ်နေတဲ့ အောင်မြတ်သာတို့ဆရာတပည့်တွေ နောက်ကို ဆုတ်လိုက်ကြတယ်။“ ဒီကောင်ကွာ .. ကားမောင်းပြိုင်နေတယ် ထင်နေလားမသိပါဘူး”မောင်ကောင်းက မောင်းထွက်သွားတဲ့ ကားကိုကြည့်ကာပြောလိုက်တဲ့အချိန် ကားခေါင်မိုးပေါ်မှာ ရဲရဲတောက်နေတဲ့ အနီရောင်အဝတ်ကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက် …

အောင်မြတ်သာနှင့်ဘောနက်ကြီးမှငတေလေ

အောင်မြတ်သာနှင့်ဘောနက်ကြီးမှငတေလေ+++++++++++++++++++++++++++++++အောင်မြတ်သာတို့ ဆရာတပည့်တွေ ပဲခူးကနေထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ သစ်ပင်သစ်တောတွေ ထူထပ်စွာပေါက်ရောက်တဲ့ အရပ်ဒေသတစ်ဖြစ်လဲ ဘောနက်ကြီးနယ်မြေအစပ်ကိုရောက်ရှိလာခဲ့ကြတယ်။ထိုစဉ်က ဘောနက်ကြီးဆိုတဲ့ဒေသက ယခုလို လူသူမထူထပ်သေးပဲ သစ်ပင်သစ်တောတွေ ဖုံးလွှမ်းနေသလို တောကောင်ကြီးငယ်တွေ ကျက်စားရာနေရာတစ်ခုလဲဖြစ်ခဲ့တယ်။ဘောနက်ကြီးတောစပ်ကိုရောက်တဲ့နေ့မှာပဲ ခရီးပန်းတဲ့ဒဏ်၊ ရာသီဥတုအခြေအနေတွေကြောင့် မောင်ကောင်းတစ်ယောက် အပြင်းဖျားပါလေရော။အောင်မြတ်သာနဲ့ ခွန်းလှတို့ကလဲ နေမကောင်းဖြစ်နေတဲ့ မောင်ကောင်းကြောင့် ခရီးမဆက်ကြတော့ပဲ သစ်ခုတ်သမားတွေ ဆောက်လုပ်ခဲ့တဲ့ ယာယီတဲလေးတစ်ခုပေါ်မှာပဲ …

အောင်မြတ်သာနှင့်ကိုအောင်နိုင်နတ်

အောင်မြတ်သာနှင့်ကိုအောင်နိုင်နတ်+++++++++++++++++++++++++“ ကိုအေးကျော်… ဗျို့ ကို‌အေးကျော်”“ ဟေ.. ဘာတုန်းကွ”“ လမ်း‌ဖောက်ဖို့ဆိုရင် ရှေ့က မြေကမူကို ဖြိုမှအဆင်ပြေမယ်”“ ဖြိုရမယ်ဆိုလဲ ဖြိုပေါ့ကွာ၊ ဘယ်တတ်နိုင်မလဲ၊ မင်းအလုပ်သမားတွေရော အားရဲ့လား”“ ရတယ်ဗျ… ထမင်းစားပြီးတာနဲ့ ဖြိုခိုင်းလိုက်မယ်”လမ်းအလုပ်သမားခေါင်းဆောင် မောင်ဖိုးထွန်းက ထမင်းစားနားနေကြတဲ့အလုပ်သမားတွေဆီ ထွက်သွားတော့ ကိုအေးကျော်လဲ ကျောက်စီနေတဲ့ ဘက်ကိုထွက်လာခဲ့လိုက်တယ်။ကိုအေးကျော်က ကျေးရွာချင်းဆက်လမ်းတွေကို …

ဘွားမယ်စိန်နှင့် အမဲသားကြိုက်တဲ့သရဲမ

ဘွားမယ်စိန်နှင့် အမဲသားကြိုက်တဲ့သရဲမစာမူ…၁၇၉စဆုံးအချိန်က ညမနက်သေးပေ။ကိုကြည်တင်တစ်​ယောက် ပွဲရုံမှအိမ်သို့မောမောပန်းပန်းဖြင့်ပြန်ရောက်လာခဲ့ရှာသည်။“မြင့်ရေ…အစ်ကိုပြန်လာပြီနော်…”ဟု…ဇနီးသည် မမြင့်ရီကို အိမ်အဝင်ဝမှလှမ်းကာပြောလိုက်၏။မမြင့်ရီကလည်း အိပ်ခန်းထဲမှ ပြုံးပြုံးရွှင်ရွှင်ဟန်ဖြင့်ကိုကြည်တင်ထံထွက်လာခဲ့လေသည်။“အစ်ကို…ဒီရက်ပိုင်းနောက်ကျတယ်နော်…”“ဟုတ်ပကွယ်…ဒီရက်ပိုင်းပွဲရုံမှာကုန်တွေအတင်အချအလုပ်များနေလို့ပါမြင့်ရယ်…အစ်ကိုလည်း ပင်ပန်းတော့နားချင်ပေါ့ကွယ်…”“သံပုရာရည်လေးသောက်ဦးမလားအစ်ကို…မြင့်ဖျော်ပေးပါ့မယ်…”“မြင့်မဖျော်ပါနဲ့…အိမ်အကူမဦးကိုပဲ ခိုင်းလိုက်ပါ”“မဦးက အလုပ်ထွက်သွားပြီအစ်ကို…မြင့်ဘာသာပဲဖျော်ပါ့မယ်…”“ဘယ်လို…မဦးက အလုပ်ထွက်သွားပြီ…ဘာများဖြစ်လို့လဲမြင့်ရယ်…အိမ်အကူတွေက ဘာလို့ခဏခဏအလုပ်ထွက်နေကြရတာလဲကွာ…”“မြင့်လည်းမသိတော့ပါဘူးအစ်ကိုရယ်…”မမြင့်ရီ မီးဖိုခန်းထဲဝင်သွားတော့ ကိုကြည်တင်စဥ်းစားနေမိသည်။မဦးနဲ့ဆို…အိမ်အကူသုံးလေးယောက်အလုပ်ထွက်သွားကြသည်။အိမ်အကူမမြဲရခြင်းမှာ ဇနီးသည်ကြောင့်မဟုတ်တန်ဟုတော့ ကိုကြည်တင်သိသည်။မမြင့်ရီသည် အများအပေါ်၌ သနားတတ်သောမိန်းမဖြစ်၍.ကိုကြည်တင် မမြင့်ရီအပေါ်၌သံသရမဝင်မိ။ဘာ​ကြောင့်များ အိမ်အကူမမြဲလေသလဲဟုသာကိုကြည်တင်တွေးနေမိတော့သည်။နောက်ထပ်အိမ်အကူထပ်ခေါ်ဖို့ရန်ကိုလည်းကိုကြည်တင် စဥ်းစားရတော့သည်။နောက်ရက်၌ ကိုကြည်တင်သည်အသိမိတ်ဆွေတစ်ဦးအားပြော၍အိမ်အကူအသစ်တစ်​ယောက် ထပ်ရှာခိုင်းရတော့၏။ထိုအိမ်အကူ၏အမည်မှာ ဒေါ်သိန်းဖြစ်သည်။“ဒေါ်သိန်း…ဒါကျုပ်မိန်းမ …

ရိုးမ ကျားသစ်နတ်ကြီး၆

ရိုးမ ကျားသစ်နတ်ကြီး“တောင်- တောင်”“ဝေါင်း – ဝေါင်း”တောတွင်းသားကောင်ကလေးများ၏(တစ်သံ)အော်သံကို ကြားလိုက်ရပါသည်။၁၉၄၃ – ခုနှစ်တွင် ကျွန်ုပ်သည် အင်းတကော်စစ်မြင်းတပ်(ထိုအချိန်က စစ်မြင်းလေ့ကျင့်ရေးတပ်)တွင် တာဝန်ထမ်းလျက်ရှိပါ၏။တပ်ရင်းမှူးမှာ ဗိုလ်မှူးကြည်၊ ဒုတပ်ရင်းမှူးမှာ ဗိုလ်မှူးကျော် (ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဟောင်း) ဖြစ်ပါသည်။ တပ်မတော်ရဲဘော်များအနေဖြင့် ကျွန်ုပ်တို့တပ်ရင်းမှူးဗိုလ်မှူးကြီးကျော်အား (မြင်းကျော်) ဟူ၍လည်း ဘွဲ့များ ပေးထားကြပါသည်။ဤသည်မှာလည်း တပ်မတော်တွင် …