မှန်ထဲက သရဲမ(စ/ဆုံး)
မှန်ထဲက သရဲမ(စ/ဆုံး)ရေးသားသူ…တာတေကိုဘပွား ဆုံးသွားတဲ့နောက်မှာတာတေဆိုတဲ့ ကျုပ်လည်းတော်တော်ခြေငြိမ်သွားတယ်ဗျို့…ခေါင်းကလေးတောင် မပါဘဲမြေကျင်းထဲမှာ ဒီအတိုင်း မြှုပ်ခဲ့ရတဲ့ကိုဘပွားကို ကျုပ် ခဏခဏ သတိရနေတာဗျ။….သတ္တိကလည်း ကောင်းလိုက်ပါဘိတော့ဗျာ။မဖဲဝါကြီးကို မကြောက်မရွံ့ ဂေါ်ပြားနဲ့လိုက်ခုတ်ရဲတဲ့ လူဗျ။သင်္ချိုင်းကုန်းတစ်ခုရဲ့ ဂူတစ်လုံးထဲမှာ အလဟသ ဖြစ်နေတဲ့ ရတနာတွေအကြောင်းတွေးမိတိုင်း ပွဲစားကြီးရဲ့ဂူကို သွားပြီးကိုဘပွားကိုဖောက်လိုက်ချင်တာဗျို့။ဒါပေမဲ့ရက်ရက်စက်စက် ရိုက်သတ်လိုက်တဲ့မဖဲဝါကြီးကို အခုထိ ကျုပ်မျက်စိထဲမှာ မြင်နေတုန်းဗျ။တွေးမိတိုင်းလည်း ကြက်သီးတွေ …