November 7, 2025

တန်ရာတန်ကြေး၇

သောင်းမြင့်ဦး(ကွမ်းခြံကုန်း)တန်ရာတန်ကြေးတစ်မိုးတွင်းစာအဖြစ် ရည်ရွယ်ခန့်မှန်းဝယ်ယူထားခဲ့သော မီးဖိုဆောင်သုံးရိက္ခာများမှာ ကုန်လုပြီဖြစ်ကြောင်း သိရသည်။ပဲနီလေးနှင့် ကုလားပဲတို့မှလွဲ၍ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆား များမှာ ဆယ်ရက်စာခန့်မျှသာ ကျန်တော့ကြောင်း ဇနီးဖြစ်သူ လှမေက ပြောပြပြီး ဖြစ်သည်။ အထူးသဖြင့် ဆားဆိုလျှင် ကုန်သွားပြီဖြစ်သည့်အတွက် တစ်ပိဿာခန့်ပင် အကြွေးတင်နေပြီဟုလည်း ပြောသည်။ဆားအကုန်များရခြင်းမှာလည်း ရှာဖွေရရှိသော ငါးများအား …

ကျားမုဆိုး၆

ကိုပိုက်ကျားမုဆိုးတောင်သရက်ပင်အောက်ခြေတွင် ပြောင်ကြီးတစ်ကောင်သည် အစာငုံ့စားနေ၏။ မလှမ်းမကမ်းနေရာရှိ ဝါးသုဉ်းတောထဲတွင် ကျားကောင်ကြီးသည် သူ့အား ချောင်းမြောင်းနေသည်ကို ပြောင်ကြီး မသိရှာချေ။မကြာမီအချိန်ကလေးတွင် ပြောင်ကြီးသည် ထိုနေရာလေးမှ ထွက်ခွာသွားတော့၏။ ကျားကောင်သည်လည်း သူ့နောက်မှ ချောင်းမြောင်းလိုက်သွားတော့၏။ပြောင်ကြီးသည် ချောင်းမကြီးအတိုင်း စုန်ဆင်းခဲ့ရာမှ မြောင်ကျပ်လေးတစ်ခုအတွင်း ဝင်သွားလေတော့၏။ကျားကောင်သည်လည်း ထိုမြောင်ကျပ်လေးအတွင်း လိုက်ဝင်သွားတော့၏။ ပြောင်ကြီးသည် သင်းကွဲပြောင်ကြီး ဖြစ်ချေ၏။ …

ကျည်ထိသွားသောတောကောင်၆

မောင်မြင့်မား(ဗိုလ်ကလေး)ကျည်ထိသွားသောတောကောင်လွန်ခဲ့သော နှစ်ပေါင်း (၅ဝ) ကျော်ကာလ။မုဆိုးစောဂျိမ်း လူပျိုပေါက်အရွယ်။ဦးတက်ခေါင် သွားရာနောက်ကို တကောက်ကောက်လိုက်၊ ငှက်ကောက်၊ ဒူးလေးထမ်း၊ တောကောင်သယ်၊ အထုပ်ပိုး စသည်ဖြင့် မုဆိုးပညာသင်နေချိန်ဖြစ်သည်။ဦးတက်ခေါင်က စောဂျိမ်း၏ သင်ဆရာ၊ မြင်ဆရာ။ဦးတက်ခေါင်က ဒူးလေးအပြင် တူမီးလည်း ပစ်တတ်သည်။ဦးတက်ခေါင်တို့ခေတ်က အမဲလိုက်ရာတွင် တူမီးကိုသာ အကောင်းဆုံး လက်နက်အဖြစ် အသုံးကြသည်။ တူမီးက …

ကျားရဲသိုက်နှင့်တိုးသော မုဆိုးများ၆

လေးမောင်ကျားရဲသိုက်နှင့်တိုးသော မုဆိုးများနံနက်ခင်းမို့ ကျေငှက်သံတတစာတို့နှင့်အတူ ကျွန်တော့်အကြည့်တို့က တဲအရှေ့ဟိုဘက် တောအုပ်စိမ်းစိမ်းတို့ကို ကျော်ဖြတ်ကာ ကြည့်လိုက်တော့ စိမ်းစိုသော တောအုပ်ကြီး၏နောက် တောင်တန်းတောင်သွယ်ကြီးတွေကို လှမ်းမြင်လိုက်ရသလို ထွက်ပြူစ နေမင်းက မဟူရာတောင်မြင့်ကြီးထက် မေးတင် နေပေပြီ။မျက်နှာသစ်လို့အပြီး ရွာခံမုဆိုး၏ဇနီး မတင်အေးက ပန်းကန်ပြားအတွင်း ကောက်ညှင်းပေါင်းကို အငွေ့တထောင်းထောင်းနှင့် ချောင်းငါးကြော်ပန်းကန်ကို ချပေးလာသည်။ မျက်နှာကို …

သေချင်တဲ့ကျား တောပြောင်း၆

လေးမောင်သေချင်တဲ့ကျား တောပြောင်းကျားနှင့် ဆက်နွယ်ပတ်သက်သော စကားပုံများကို ကျွန်တော်စဉ်းစားလိုက်မိသည်။ သတိရသလောက် ပြောရမည်ဆိုလျှင် –‘ကျားကိုက်ပါတယ်ဆို နာတာရှည်လားမေး’‘ကျားကြီး ခြေရာကြီး’‘ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျား ထက်ဆိုး’‘ကျားချင်းကိုက်ရာ သမင်ကူမှားသည်’‘ကျားချင်းကိုက်ရာ သမင်လမ်းကူးမှား’‘ကျားရဲရာ ကြမ္မာမရိုးသာ’‘ကျားရဲလည်းသေ တောလည်းကျေ’‘ကျားရှေ့မှောက်လျက်လဲ’‘ကျားလိုက်မှ တုတ်ခုတ်’‘ကျားလည်းကြောက်ရ ကျားချေး လည်းကြောက်ရ’‘ကျားသနားမှ နွားချမ်းသာ’‘ကျားသေကို အသက်သွင်းလို့ စင်းစင်းသေရ’‘ကျားသေမှ လူစွမ်းကောင်းပေါ် ‘ …

သစ္စာရှိ မုဆိုး၆

မင်းရဲကျော်သစ္စာရှိ မုဆိုးနှင်းသည် သိပ်သိပ်သည်းသည်းကို အခဲလိုက်၊ အဆုပ်လိုက် ကျနေပုံမှာ စိန်လုံကမ္ဘာ သို့မဟုတ် တုန်ဟုန်း တောင်ထိပ်ကြီးတွေအလားပင်။ ပေခြောက်ထောင်ကျော်သည့် ထိုစိန်လုံကမ္ဘာတောင်ချွန်ကြီးနှင့် ပေမကွာ၊ ဒေါက်မကွာဆိုရမည့် တုန်ဟုန်းတောင်တန်းကြီးတွေ အရှုံးပေးရမလောက်ပင်။ကျွန်တော်တို့ ငါးယောက် ရောက်ရှိနေသော ပရန်ခ ချောင်းဘေးသည် ပေအားဖြင့် လေးထောင်ခန့်သာ ရှိ၏။ ထိုပေလေးထောင်ကျော်ခန့်ဝယ် ဤမျှသော …

ပိုက်သမားဖိုးထောင်၆

ပိုက်သမားဖိုးထောင်“လာပြီဟေ့ ဖိုးထောင်ရေ”ဦးပိုက်ကြီးသည် သားဖိုးထောင် ပိုက်တန်းဖော်နေသည်ကို သူ၏ လက်လှော်ဘောက်တူလှေကလေးဖြင့် ဖိုးထောင်၏လှေဆီသို့ ခပ်သွက်သွက် လှော်ခတ်လာ၏။ဖိုးထောင်မှာ အဖေလာနေသဖြင့် အနိုင်နိုင်ဆွဲနေရသော ပိုက်တန်းကိုကိုင်ကာ“အဖေရေ ဧရာမငါးကြီး မိထားလို့ဗျ”ဟု ဝမ်းသာအားရပြောလိုက် သည်။သင်္ဃန်းကြီးရွာသည် ရွေးမြစ်မှခွဲသော ဇွင်ရွဲချောင်းကြီးအဖျား ပင်လယ်ပေါက်ရွာကြီးဖြစ်သည်။ဆောင်းဦးပေါက်ရာသီဖြစ်၍ ရေလုပ်ငန်းများ ဖွံ့ထွား၍ အထိအမိများသောအချိန်အခါလည်း ဖြစ်ပါ၏။မိုးနှင့် မုန်တိုင်းများလည်း အိပ်ပျော်သွားကြသော …

ရေဝက်မြူးချိန်၆

#ဖျာပုံလှမိုးနွယ်ရေဝက်မြူးချိန်မိုးသက်လေနှင့်အတူ မိုးပေါက်ကြီးငယ်များ ဝေါခနဲ ရွာချသည်။ တောတစ်ပြင်လုံး ဟည်းထအောင် တဝေါဝေါ ဆူညံနေသည်။မိုးဦးကျချိန် ဖြစ်သည်။ ပူလောင်အိုက်စပ်သော မိုးဦးအရွာနှောင်းသောကာလ နယုန်လဆန်း (၁၄) ရက်ည မိုးရိပ်တို့ကြားမှ တိုးထွက်၍ ထိန်ထိန် သာသောလရောင်သည် အုပ်ဆိုင်းသောတောအတွင်း ပြောက်ပြောက်ကျားကျား ကျဆင်းထိန်လင်းသမျှ မှောင်အတိကျနေသည်။မိုးသက်လေက ပြင်းသည်။ သင်ပေါင်းချောင်းရိုးထဲရှိ သစ်ပင်သစ်ကိုင်းတို့ …

ချိုးငတင်၅

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)ချိုးငတင်အနောက်ဖက်အင်တိုင်းတလျှောက်ဝယ် ညံညံစာစာ တွန်ကျူးလျက်ရှိကြသည့် “တက်တက်တူး ခါခါ” အသံများ ထုတ်လွင့်ရာ ခါအုပ်ကို အပျင်းပြေ ပစ်ခတ်ရေးအတွက် တပ်ကြပ်ကြီးသန်းထွန်းကို ခေါ်ဆောင်ကာ ကျွန်တော်သည် ၁၂-ဘို့ သေနတ်တလက်စီ ယူဆောင်ကာ ရေစပ်စပ်နှင့် လယ်ကွင်းကိုဖြတ်ကာ လာခဲ့ကြသည်။သို့ရာတွင် ရုတ်တရက် လေပင့်ဆော်အလိုက်တွင် တဖြောက်ဖြောက် ရွာချသည့်မိုးကို ရှောင်ကွင်းရန်အတွက် အင်တိုင်းတောစပ်နှင့် …

 နေ့ပင်မကူး၄

ပိတောက်ပင်ပျိုတို့အောက်မှ သစ်ရွက်ခြောက်များကို နင်းလျှောက်လျက် “ဒရယ်” လေးသည် အေးအေးလူလူ ဆော့ကစားနေလေ၏။မိခင်ဒရယ်မကြီးသည် တောင်ကမူအစွန်းလေးမှ အဝေးသို့လှမ်းကဲကြည့်နေ၏။နားရွက်အစုံသည် ရံခါဆိုသလို တစ်ဆတ်ဆတ် တုန်ခါသွား၏။သို့နှယ် မိခင် ဒရယ်မကြီးသည် ဘေးဘီတစ်ဝိုက် လှည့်ပတ်ကြည့်လိုက်၊ “ဒရယ်” လေးကို ကြည့်လိုက်ဖြင့် ရှိနေစဉ် ..“ဒိန်း”ပြင်းထန်သော ယမ်းအားပေါက်ကွဲသံ ထွက်လာသည်နှင့် တပြိုင်နက် သူ၏ …