အုပ်သင်းကွဲ
မောင်မြင့်မား(ဘိုကလေး)အုပ်သင်းကွဲသတ္တဝါတစ်ကောင်၏ မချိမဆန့်ဝေဒနာခံစားရင်း အော်လိုက်သောအသံက တစ်တောလုံး ဆူညံသွားတော့သည်။ စောဂျိမ်းက ဝါးဆစ်ခွက်ထဲမှ ရေနွေးကြမ်းတစ်စုံကို သောက်နေရာမှ နားစွင့်လိုက်သည်။ အသံက ဆက်တိုက်အော်နေဆဲ။ ကျော်စိုးက“စောဂျိမ်း ဘာသံလဲ”“စဉ်းစားနေတာကွ။ လာတဲ့အသံက ဇီးဖြူရေထွက်ဘက်လောက်ကပဲ။ အသံနီးတယ်”“ဒီကြိုးဝိုင်းထဲမှာ မုဆိုးအဖွဲ့ က ကျွန်တော်တို့ တစ်ဖွဲ့ပဲရှိတယ်။ သားကောင်ကို မုဆိုးပစ်တဲ့အသံက ဒါလောက် အော်စရာအကြောင်းမရှိဘူး။ …