ကံကြုံ ကံဆုံ၄၅၆
မောင်လွမ်းသူကံကြုံ ကံဆုံကျွန်တော်၏ မုဆိုးအတွေအကြုံအရ ပြောရလျှင် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများသည် ကျွန်တော်တို့ အထက်ချင်းတွင်းဒေသတွင် အမဲလည်၍ အကောင်းဆုံးလများပင် ဖြစ်ပါသည်။အကြောင်းမူ ခြေခင်းလက်ခင်း သာယာသည်။ မိုးလေ အနှောင့်အယှက်ကင်းသည်။ အအေးဒဏ်လည်း မပြင်းလှသေး။မိုးတွင်းခါလိုလည်း မျှော့များ၊ ကျွတ်များ၊ ခြင်များ မပေါတော့။အကောင်းဆုံးအချက်မှာကား ထိုလများတွင် ဒရယ်၊ ချေ၊ ဝက်မှစ၍ …