September 11, 2025

ကံဆိုးသူ၆၆၄

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)ကံဆိုးသူနေရောင်သည် အနောက်ရိုးမကျောပေါ်၌ မေးတင် အိပ်ငိုက်စ ပြုသည်။ နီကျင့်ကျင့်နေမင်း၏ မျက်နှာပြင်မှ ဖြော့တော့တော့ ရောင်ဝါတို့ကို လွှင့်နေတော့သည်။လျှိုဖြားထိပ် လယ်ကွင်းစဆီက အချီအချ တွန်ကျူးသော တောကြက်ဖတသိုက်၏ အသံမှာ ဝင်လုလု ဆည်းဆာအချိန်ကို သာယာသလောက် လွမ်းဘွယ်ဖန်နေတော့၏။သစ်တောက်ငှက်တကောင်သည် အိပ်တန်းတက်ခါနီး အစာရှာဖွေနေ၏။ သစ်ကိုင်းခြောက်ကြီးလို ချွန်တက်သွားသလောက် မာကြောသောနှုတ်သီးဖြင့် တဒုံးဒုံးခေါက်၍ …

ပြောင်နှင့် ပစ်ကွင်းပြဿနာ၆၆၄

မသုံးလုံးစိန်ဝင်းပြောင်နှင့် ပစ်ကွင်းပြဿနာတောကောင်ကြီးများတွင် ဆင်မှလွဲလျှင် အကြီးမားဆုံးမှာ ပြောင်သတ္တဝါများပင် ဖြစ်ပါသည်။ကြံ့ကြီးများသည်ပင်လျှင် အရပ် ၆ ပေထက် အလွန်မြင့်ခဲ၏။ ပြောင်မှာမူ ကျွန်တော်ကိုယ်တိုင် ရဖူး သည်အနက် ရှေ့လက် ခွာဖျားမှ လက်ပြင်ကျောရိုးအထိ ၇ ပေခွဲတိတိ ရှိနေပေသည်။ ကျောရိုးအလယ်တွင် မောက်ထနေသော ဘို့ချပ်ရိုး၊ သို့မဟုတ် ကြက်မောက်ရိုးအထိဆိုလျှင် …

ကျားသီလ၅၄

မသုံးလုံးစိန်ဝင်းကျားသီလ( ၁ )ကိုသီလကား အသက် ၄ဝ ပတ်ဝန်းကျင် သန်တုန်းမြန်တုန်း ဖြစ်သည်။ အရပ် ၅ ပေ ခြောက်လက်မခန့်ရှိပြီး သန်မာတောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် အတော်ပင် မုဆိုးရုပ်ပေါက်နေသူ ဖြစ်သည်။ အသားလတ်လတ်, နှာတံပေါ်ပေါ်, မျက်လုံးပြူးပြူး မျက်ခုံးမွေးထူထူနှင့် ရုပ်မှာလည်း မခေလှပေ။မုဆိုးရုပ်ပေါက်နေသလောက် အမဲလိုက်သည့်ဝါသနာလည်း ပါလှသည်။ …

အလျော် အစား၇၅

မောင်လွမ်းသူအလျော် အစားလက်စွဲတော် ဂျပန်ပြောင်းရှည် သေနတ်ကိုဆွဲ၍ ကျွန်တော်၊ ကိုအောင်ဆောင်းနှင့် ဦးလေးပြားတို့ သုံးဦးသား တောလည်ထွက်ခဲ့ကြသည်။အခါရာသီမှာ စင်ပြွမ်းသီးမှည့်ချိန် ကဆုန်လ ဖြစ်ပါသည်။ လမိုက်ညမို့ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေပေသည်။ဤတောတောင်တွေမှာ ကျွန်တော် လည်နေကျ တောတောင်ပင် ဖြစ်သည်။ ဖောင်းပြင်နှင့် ဟုမ္မလင်းနယ်စပ် အင်ကုန်းအမည်ရှိ တောပင် ဖြစ်ပါသည်။အင်ကုန်းတောသည် ဤနယ်အတွင်း …

ကျိန်စာမိသောတောကောင်ဟု ဆိုကြသည်၇

မောင်တမ်းတကျိန်စာမိသောတောကောင်ဟု ဆိုကြသည်အသက် ( ၁၃ ) နှစ်အရွယ်က အဖြစ်အပျက်ကလေးတခုကို ယခုထက်တိုင် မေ့မရသေး။ ထိုအဖြစ်အပျက်သည် အံ့ဩစရာကောင်းသည်ထက် ထိတ်လန့်တုန်လှုပ် ချောက်ချားဘွယ်ဖြစ်သည်။xxx xxx xxx“အမေ ကျွန်တော် ထတော့မယ်”သည်စကားသည် မနက်အရုဏ်မိုးသောက် ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံ၊ တုံးခေါက်သံများကြားရတိုင်း အိပ်ရာမှထယင်း အမေ့ကို တာဝန်ကျေ ပြောမိသောစကားပင် …

ကျားတို့ပရိယာယ်၆

လေးမောင်ကျားတို့ပရိယာယ်ရေနက်ကြီးစခန်းမှာ သိပ်ဝေးလှသည်တော့မဟုတ်။ ပဲခူးရိုးမထဲသို့ဝင်ပြီး သားကောင်များပစ်ခတ်ကြတော့မည့် မုဆိုးများအဖို့ တစ်ထောက်နားစခန်းဖြစ်သည်။ ထိုစခန်းပတ်ဝန်းကျင်တွင်လည်း သားရဲ ပေါသလို ကျေးငှက်တို့ ပေါများသောနေရာ ဖြစ်သည်ကအမှန်။အိမ်ခြေသုံးဆယ်ခန့် ဖြစ်သည့်အတွက် တောဝင်တောထွက်ပစ္စည်းများ စုံလင်စွာရနိုင်သောနေရာမို့ စီးပွားရေးအချက်အချာလည်း ကျပေမည်။ ထိုမှတစ်ဆင့် အထက်ကိုဆက်တက်လျှင် ငရုတ်ကောင်း၊ ဆင်စွယ်ပတ္တလား၊ နခြံ၊ တောင်ထန်းပုံ၊ ညောင်ပင်ပွင့်၊ မဟာမြိုင်ကို …

တံငါအသည်း မာရဲသည်၆

ကျွန်းစဉ်မြေစောခတ်တံငါအသည်း မာရဲသည်ချမ်းမြအောင်တို့အမေ ဒေါ်ခင်ချမ်းမြသည် မိသားစုကို မျက်ကွယ်ပြုသွားသည်မှာ ဆယ်နှစ်တင်းတင်း ပြည့်ခဲ့ပြီပေါ့။ဒေါ်ခင်ချမ်းမြမှာ အားကိုးလှပါသည်ဆိုသော ငယ်ချစ်လင် ဦးဖိုးစံအောင်ကိုလည်း မှီတွယ်မနေနိုင်ခဲ့။ သိပ်ချစ်လှချည်ရဲ့ဆိုတဲ့ သားသမီးတွေကိုလည်း ခေါ်မသွားနိုင်ခဲ့။ လောဘဇောကပ် သမုဒယဇာတ်ကို တစ်ခန်းရပ်ပြီး သံသရာခရီးသို့ ဆက်လျှောက်သွား ခဲ့လေရဲ့။ချမ်းမြအောင် အရွယ်ရောက်ချိန်မှစပြီး အဖေ့ငါးဖမ်းလုပ်ငန်းမှာ ကူညီခဲ့သည်။ရေကြီးရေထရက်များဆိုလျှင် ပသျှူးပိုက် (ကကူရံပိုက်) …

စေတနာအမျှ ရကြပါစေ၅၅

#ဖျာပုံလှမိုးနွယ်စေတနာအမျှ ရကြပါစေသံချောင်းသည် လူးလှိမ့်နေ၏။ တဟီးဟီးညည်းယင်း ကယောင်ကတမ်းတွေ ပြောသည်။မညီညာသော မျောသားများသည် သံချောင်း လှုပ်ရှားတိုင်း လိုက်၍ လှုပ်ရှားနေကြသည်။ အစများဖွာလျက် တဝက်မျှသာ ရှိတော့သော သပေါ့ဖျာစုတ် သည် သံချောင်း ခြေဆန့်လက်ဆန့် လှုပ်ရှား သာအောင် အခင်းမလုံနိုင်ပေ။သံချောင်း တကိုယ်လုံး ချစ်ချစ်တောက် ပူနေသည်။အပြင်းဖျား ဖျား၍ …

ကျားမ၏ ရန်ငြိုး၇

ဗိုလ်လုံကျားမ၏ ရန်ငြိုးကျား၊ ခြင်္သေ့နှင့် ကျားသစ်တို့သည် တော၏ အရှင်သခင် ဘုရင်များပင် ဖြစ်ပါသည်။ကျားသည် အာရှတိုက်ရှိ တောများတွင် ဘုရင်ဖြစ်သကဲ့သို့ ခြင်္သေ့သည် အာဖရိကတိုက်ရှိ တောများတွင် ကြီးစိုးမင်းမူပါသည်။တောတွင်းရှိ မြက်စားသည့် ခြေလေးချောင်းသတ္တဝါများသည် ထိုတောဘုရင်များ၏ အစာဖြစ်ပါသည်။ထို့ကြောင့် သတ္တဝါများသည် ထိုတောဘုရင်များကို အလွန်ကြောက်ကြရပါသည်။ သို့သော်လည်း ထိုတောဘုရင်များသည် တောကောင်များကို …

အမြတ်ဆုံး ရတနာ၆

လင်းယုန်သစ်လွင်အမြတ်ဆုံး ရတနာမနန်းအိမ်သည် ကမ်းနဖူးထိပ်တွင် ရပ်လျက် မြစ်ပြင်ကျယ်ကြီးအား လှမ်းမျှော်၍ ကြည့်လေ၏။အပြောကျယ်သော ဧရာဝတီမြစ်ရေပြင်ကြီးသည် ငွေသင်ဖြူးကို ဖြန့်ခင်းထားသည့်နှယ် ရှိနေ၏။ လေငြိမ်၍ မိုးသက်ကင်းသည့်အခါ မြစ်မင်းဧရာသည် ပကတိတည်ငြိမ်သောအသွင်ဖြင့် တငြင်ငြင် တငြိမ့်ငြိမ့် တသိမ့်သိမ့် စီးဆင်းလျက် ရှိနေ၏။ကမ်းနဖူးထိပ်မှ ရပ်နေသော မနန်းအိမ်သည် မျက်စိတဆုံးဖြစ်သော မြစ်ပြင်ကျယ်ကြီး၏ ရေညာဘက်ဆီသို့ …